Categories: Blog

အကောင်းဆုံး Instagram Reels Editing App (၂) ခု

ကျနော်တို့တွေ Photo-Sharing Platform အကြောင်းကို ပြောကြမယ်ဆိုရင် Instagram က ထိပ်ဆုံးကနေ ပါတတ်ပါတယ်။ သူကတော့ Photo နဲ့ Video တွေကို အခမဲ့ Sharing လုပ်နိုင်တဲ့ Facebook ကပိုင်တဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာဆိုရင်လည်း လစဥ် အသုံးပြုသူ တစ်သန်းကျော် ရှိနေပါပြီ။ ဒီ Instagram နဲ့ ပတ်သတ်ပြီး လူကြိုက်များရတဲ့ အချက်ကတော့ Photo နဲ့ Video Sharing အပါအဝင် အခြား Feature တွေကိုလည်း Offer ပေးထားတဲ့အတွက် ဖြစ်ပါတယ်။ ဒီ Feature တွေကတော့ Reels, IGTV, Stores နဲ့အခြား Feature တွေပဲ ဖြစ်ပါတယ်။ နိုင်ငံအချို့မှာ TikTok ကို Ban လိုက်တဲ့အချိန်မှာတော့ ဒီ Instagram Feature ဖြစ်တဲ့ Reels တွေခေတ်စားလာတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် Instagram မှာ Reels တွေကို Edit လုပ်တဲ့ အခါမှာ အကောင်းဆုံးဖြစ်စေမယ့် App (၂) ခုကို ဖော်ပြသွားမှာ ဖြစ်ပါတယ်…

 

InShot

သင်ဟာ Instagram Reels တွေကို မကြာခဏကြည့်ဖြစ်တယ်ဆိုရင် Vertical Video တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Instagram Reels တင်တဲ့အခါမှာ သင်က Landscape Video အနေနဲ့ တင်လိုက်တယ်ဆိုရင် ထွက်လာတဲ့ Video Outcome ကအချိုးအစား မညီညာတာကို တွေ့မြင်ရပါမယ်။ ကြည့်ရတာအဆင်ပြေစေမယ့် Video Outcome ရလာဖို့ဆိုရင်တော့ Landscape Video ကို Vertical အဖြစ် ပြောင်းဖို့လိုအပ်ပါလိမ့်မယ်။ ဒီပြဿနာမျိုးတွေကိုတော့ ဒီ InShot Video Editing App အကောင်းဆုံး ဖြေရှင်းနိုင်မယ့် App တစ်ခု ဖြစ်ပါတယ်။ ဒါကတော့ Original Video ကို Blurred Version နဲ့ Dynamic Background တစ်ခုထပ်မံ ထုပ်ပေးပြီး Aspect Ratio ချိန်ညှိသွားပေးမှာပဲ ဖြစ်ပါတယ်။ ဒီ App ကိုတော့ Android Device တွေမှာ အသုံးပြုနိုင်ပါတယ်။ 

 

FilmoraGo

ဒီ App ကတော့ သင်တင်မယ့် Instagram Reels မှာ အကောင်းဆုံး Viral Short Video တွေကို Edit လုပ်ပြီး Publish လုပ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီ App ကဘာကြောင့် အကောင်းဆုံး Reels Editing App စာရင်းထဲမှာ ပါဝင်နေရသလဲဆိုတော့ Video Playback Problem တွေကို ကောင်းကောင်း ဖြေရှင်းပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ 

 

Instagram မှာတော့ Video တွေရဲ့ Speed ကို Slow Down လုပ်နိုင်တဲ့ Speed က 0.5x (သို့) 0.3x အထိပဲ ပေးထားပါတယ်။ FlimoraGo မှာတော့ Video Speed ပိုပြီး Adjust လုပ်နိုင်မယ့် Option မျိုးကို Offer ပေးထားပါတယ်။ ဒါကတော့ Slow Down Speed ကို 0.1x အထိလျှော့ချနိုင်ပြီး Speed Up ကတော့ 5x အထိတင်နိုင်မှာပဲ ဖြစ်ပါတယ်။ နောက်ထပ် အလုပ်ရှုပ်သက်သာစေမယ့် အချက်တစ်ချက်ကတော့ ဒီ App ကနေပြီး Instagram ပေါ်ကို Video Direct Export လုပ်နိုင်တာပဲ ဖြစ်ပါတယ်။

 

ဒီ App (၂) ခုကတော့ လက်ရှိအချိန်မှာ Instagram Reels Edit လုပ်တဲ့နေရာမှာ အကောင်းဆုံးလို့ ပြောနိုင်တဲ့ App (၂) ခုပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း ဒီ App တွေကို အသုံးပြုပြီး Reels အမိုက်စားတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago