Music ဆိုတာ တနည်းအားဖြင့် စိတ်ခံစားချက်တွေအတွက် အာဟာရလို့ ပြောနိုင်ပါတယ်။ ကိုယ်ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက် အပေါ်မူတည်ပြီး နားထောင်တဲ့ Music Genres တွေဟာလည်း ကွဲပြားသွားကြပါတယ်။ ဒါကြောင့်ကိုယ်ကြိုက်တဲ့ Music တွေကို အမြဲတမ်းနားထောင်နိုင်ဖို့ Download လုပ်ပြီး နားထောင်လေ့ရှိကြပါတယ်။ ဒီအချက်ကို သုံးသပ်မယ်ဆိုရင် Internet ရှိတာပဲ တိုက်ရိုက်နားထောင်လို့ရသလို ကိုယ့်ဖုန်းထဲမှာ Download ထားပြီး နားထောင်လို့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် Sharing လုပ်ပေးသွားချင်တာကတော့ iPhone တွေအတွက် 2023 အကောင်းဆုံး Music App တွေပဲ ဖြစ်ပါတယ်…
Spotify
Free Account နဲ့အသုံးပြုမယ်ဆို Playlist ၁၅ ခုနဲ့ Music ၇၅၀ ကိုနားထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Free Version အတွက်ကတော့ Ad Free မဟုတ်ပါဘူး။
SoundCloud
User Interface(UI) ကောင်းကောင်းနဲ့ Music တွေကိုရှာဖွေပြီး နားထောင်လို့ရမယ့် App တစ်ခုဖြစ်ပါတယ်။ Free Version မှာဆိုရင်တော့ Unskippable Ads တွေပါဝင်ပါတယ်။
YouTube Music
User Interface က YouTube လိုမျိုးပဲ ဖြစ်တဲ့အတွက် အသုံးပြုသူတွေအတွက် Familiar ဖြစ်ပါ အသေချာပါပဲ။ YouTube Feature တွေလည်းပါဝင်အတွက် Experience ပိုရစေမှာ သေချာပါတယ်။
Amazon Music
Music ပေါင်း 2 Million ကျော်ပါဝင်တဲ့ Music Library အကြီးစား တစ်ခုလို့ ပြောလို့ရပါတယ်။ Music နားထောင်ရင်း Lyric ပါတစ်ခါတည်း ဖတ်လို့ရတဲ့ Feature လည်းပါဝင်ပါတယ်။
အခု Sharing လုပ်ပေးခဲ့တဲ့ App တွေက iPhone မှာ Music တွေကောင်းကောင်းရှာပြီး နားထောင်လို့ရစေမယ့် 2023 အကောင်းဆုံး Music App တွေပဲ ဖြစ်ပါတယ်။