Categories: Blog

ကိုယ့်ရဲ့ Windows မှာခပ်မိုက်မိုက် Taskbar တစ်ခုဘလိုလုပ်နိုင်မလဲ?

သင့်ရဲ့ Computer ဟာ Windows 10 ဆိုရင် အခုဖော်ပြမယ့် အကြောင်းအရာကို တစ်ချက်လောက် ဖတ်ကြည့်သင့်ပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ Computer Taskbar မှာ ကိုယ့်သုံးနေကျ Software တွေကို အထာကျကျ အလယ်မှာထားနိုင်မယ့် နည်းလမ်းလေးပဲဖြစ်ပါတယ်။ ကိုယ့်အလုပ်ဖော်တွေ၊ သူငယ်ချင်းတွေကြားထဲမှာ ကိုယ့်ရဲ့ Computer Screen က တမူထူးခြားနေမယ့် နည်းလမ်းလို့လည်း ပြောနိုင်ပါတယ်။ ဒီအကြောင်းအရာကို သိပြီးသားသူတွေရှိသလို၊ မသိသေးတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့်မသိသေးဘူးဆိုတဲ့ မိတ်ဆွေတွေ အတွက် အထာကျကျ Taskbar ဖန်တီးတဲ့နည်းလမ်းကို ဖော်ပြပေးပါမယ်…

 

အဆင့် (၁) Computer ရဲ့ Desktop Screen မှာ ကြိုက်နှစ်သက်ရာနာမည်နဲ့ Folder တစ်ခု Create လုပ်ထားပါ

 

အဆင့် (၂) သင့် Computer ရဲ့ Taskbar မှာ Right Click နှိပ်ပါ

 

အဆင့် (၃) Taskbar မှာ Right Click နှိပ်ပြီးရင် Toolbars > New Toolbar ကိုနှိပ်ပါ

 

အဆင့် (၄) New Toolbar ကိုနှိပ်ပြီးရင်တော့ Folder ရွေးခိုင်းပါမယ်၊ အဆင့် (၁) မှာ Create လုပ်ထားတဲ့ Folder ကိုရွေးပေးလိုက်ရင် ကိုယ်ပေးထားတဲ့ နာမည်နဲ့ Taskbar တစ်ခုပေါ်လာပါမယ်

 

အဆင့် (၅) အဲ့ဒီ Taskbar ကို Drag ဆွဲပြီး အလယ်မှာထားချင်ရင် Taskbar ပေါ်မှာ Right Click နှိပ်ပြီး Lock the taskbar ဆိုတာကို အမှန်ခြစ်ဖြုတ်ထားဖို့ လိုပါတယ်

 

အဆင့် (၆) သက်ဆိုင်ရာနာမည်နဲ့ Taskbar ပေါ်ကို ကိုယ့်ထားချင်တဲ့ Software Icon တွေကို သေချာ Drag လုပ်ပြီးထားနိုင်ပါတယ်။ 

 

အဆင့် (၇) နောက်ဆုံးအဆင့်အနေနဲ့ သက်ဆိုင်ရာ Taskbar ကို Right Click နှိပ်ပြီး Lock the taskbar ကိုအမှန်ခြစ်ဖြုတ်ပါ။ ပြီးရင် Show Test, Show Title ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ။ 

 

နောက်ဆုံးအဆင့်မှာတော့ Taskbar က ကိုယ်လိုချင်တဲ့ နေရာကိုရောက်သွားပြီဆိုရင် Lock the taskbar ကို အမှန်ပြန်ခြစ်လိုက်ပါတယ်။ တိကျသေသပ်တဲ့ Taskbar နဲ့ Software Icon တွေကို အလယ်မှာ ထားနိုင်ပါပြီ။ ဒီနည်းလမ်းကို သဘောကျ နှစ်သက်တယ်ဆိုရင် ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို တဆင့် Sharing လုပ်သွားနိုင်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago