Social Media ကို စီးပွားရေးအတွက်အသုံးပြုတော့မယ်ဆိုရင် Content တွေကိုတော့ မရှိမဖြစ်ဖန်တီး ရမှာဖြစ်ပြီး၊ Content တွေကြီးပဲဆိုရင်လည်း Engagement က ရသင့်သလောက်မရနိုင်ပါဘူး။ Image တွေလည်းပါဝင်မှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒီတော့ Image တွေကိုဖန်တီးဖို့ခက်ခဲနေတဲ့သူတွေ၊ Image ဖန်တီးဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် Image အလန်းစားတွေနဲ့ မိမိစိတ်ကြိုက် Logo လေးတွေဖန်တီးနိုင်မဲ့ Image Resources လေး Canva ကိုဖော်ပြပေးပါမယ်…..

ဒီ Canva ဟာ Social Media အတွက် Image အမိုက်စားတွေကိုရရှိနိုင်မှာဖြစ်ပြီး Facebook, Google  Account တွေနဲ့ Sign In ပြုလုပ်နိုင်ပါတယ်။ Canva မှာ ရရှိနိုင်တဲ့ Image Design အများအပြားရရှိနိုင်ပါ တယ်။ ဘယ်လိုအမျိုးအစားတွေလည်းဆိုရင် Presentation, Poster, Facebook Cover, Instagram Post, Twitter Post အစရှိတဲ့ Social Media Network တွေမှာအသုံးဝင်တဲ့ Image Design တွေကို ဖန်တီးနိုင်တဲ့ Resource လေးဖြစ်ပါတယ်။ Social Media အတွက်မဟုတ်ပဲ အခြားကဏ္ဍတွေအတွက် လည်းအသုံးပြုနိုင်တာဖြစ်တဲ့အတွက် တော်တေ်ာကိုအသုံးဝင်တဲ့ Image Resource လေးတစ်ခုဖြစ်ပါ တယ်။ Mobile Apps အနေနဲ့လည်းထွက်ရှိထားတဲ့အတွက် PC User တွေကော Mobile User တွေ ကောအသုံးပြုနိုင်မယ့် Image Resource လေးတစ်ခုဖြစ်ပါတယ်။

For PC User

https://www.canva.com

For Android User

https://play.google.com/store/apps/details?id=com.canva.editor&hl=en_US

For iOS User

https://itunes.apple.com/us/app/canva-photo-editor-design/id897446215?mt=8

 

Ref – medium

Leave a Reply

social sharing buttons