Facebook သုံးတဲ့အခါ တချို့လူတွေရဲ့ Profile တွေမှာ Frame လေးတွေပါနေတာကို သင်သတိထားမိမှာပါ။ သင်ကိုယ်တိုင်လည်း Frame လေးတွေနှိပ်ပြီး Profile Picture Change ဖူးမှာပါ။ Facebook Frame လေးတွေက တော်တော်ကို အသုံးဝင်ပါတယ်။ အပျော်တမ်း Frame လေးတွေလုပ်တာသာမကပဲ စီးပွားရေးလုပ်ငန်းတွေအတွက် Brand Awareness ရအောင်လည်း သုံးနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ အလွယ်ကူဆုံး Facebook Frame လုပ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။
Facebook Frame လုပ်ဖို့အတွက် Personal Account သို့မဟုတ် သင့်ရဲ့ Page ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်ပါတယ်။ Frame အသုံးပြုသူတွေက Frame Creator ကိုနှိပ်တဲ့အခါ သင် Frame လုပ်ခဲ့တဲ့ Account သို့မဟုတ် Page ကို ညွှန်ပေးမှာဖြစ်ပါတယ်။
၁။ Computer ဖြင့် Facebook Login ဝင်ပါ
Frame လုပ်မယ်ဆိုရင် Computer နဲ့ Login ဝင်တာပိုကောင်းပါတယ်။ Desktop View ရတဲ့ Mobile App ၊ Browser တွေနဲ့လည်း ရပေမယ့် Computer Browser က ပို ကောင်းပါတယ်။
၂။ Camera Effects Platform ထဲဝင်ပါ
Camera Effects Platform ကို နည်းအမျိုးမျိုးနဲ့ ဝင်နိုင်ပါတယ်။
ပထမနည်း – Computer နဲ့ Login ဝင်ရင် Facebook Home page က ဘယ်ဘက်အောက် မှာ Create a frame ဆိုတာရှိပါတယ်။ အဲဒီကနေဝင်ပါ။
ဒုတိယနည်း – Facebook မှာ “ Camera Effects” လို့ရိုက်ရှာလိုက်ပါ။ Camera effects ဆိုတာလေးပေါ်လာရင်နှိပ်လိုက်ပါ။
တတိယနည်း – အောက်ပါ Link ကနေ တိုက်ရိုက်ဝင်လိုက်ပါ။
https://www.facebook.com/fbcameraeffects/
၃။ Camera Effects ထဲရောက်ရင် Open Frame Studio ဆိုတာကိုဝင်လိုက်ပါ
အထက်ပါလုပ်ဆောင်ချက်များ မှန်ကန်ပါက အောက်ပါအတိုင်းမြင်ရမည်ဖြစ်ပါတယ်။
၄။ Upload Art နှိပ်၍ ပုံများထည့်သွင်းပါ
Upload Art တွင် နှစ်သက်ရာပုံများ ထည့်သွင်းနိုင်ပါသည်။ PNG Format ကို အသုံးပြုပါ။ ပုံ Size ချိန်ရာတွင် အရမ်းကြီးလျှင် Publish ပေးမလုပ်ပါ။
၅။ Next ကိုနှိပ်ပြီး ပေါ်လာသော Page တွင်လိုအပ်သည်များဖြည့်ပါ
– Name
– Schedule
– Keywords
အပေါ်ရှိ Select Owner တွင် Personal Account သို့မဟုတ် Page ကို ရွေးပေးရမှာ ဖြစ်ပါတယ်။
၆။ Next ကိုနှိပ်ပြီး ပေါ်လာတဲ့ Page မှာ Review ပြန်ကြည့်ပါ
နောက်ဆုံးအဆင့်ရောက်ပါပြီ။ Next ကိုနှိပ်ပြီး ပေါ်လာတဲ့ Page မှာ Review ပြန်ကြည့်ပါ။ စိတ်တိုင်းကျရင် Publish ကိုနှိပ်ပြီး Frame အသုံးပြုနိုင်ပါပြီ။ အဆင့် ၂ မှာ ဖော်ပြခဲ့တဲ့ Camera Effects Platform ထဲက Manage effects မှာ Frame တွေကိုစီမံခန့်ခွဲနိုင်ပါတယ်။ ပြုလုပ်ထားတဲ့ Frame တွေကို Share တာ ၊ Frame အသုံးပြုနေသူတွေကို ကြည့်ရှုတာ စတာတွေ ပြုလုပ်နိုင်ပါတယ်။ Frame Publish လုပ်မရရင် ပုံ Size ကို သေးငယ်အောင်ချုံ့တာ Keywords တွေ ပြန်ပြောင်းတာ ပြုလုပ်ပြီးတော့ နောက်တစ်ခါ Publish လုပ်ကြည့်ပေးပါ။
Ref: mhstudio
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …