
ယခုတစ်ခါဖော်ပြမယ့် အကြောင်းအရာကတော့ လူငယ်တွေကြားမှာ ရေပန်းစားချက်ရှိတဲ့ နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Instagram မှာ Customer Experience ကို ပိုပြီး တိုးချဲ့လာနိုင်စေမယ့် နည်းလမ်းအချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Customer Experience ကိုတိုးချဲ့နိုင်မယ့် နည်းလမ်းက (၄) မျိုး ရှိပါတယ်။ ဒါတွေကတော့…
- Hashtag ကိုအကျိုးရှိစွာ အသုံးပြုခြင်း
Post တစ်ခုတင်တဲ့ အခါမှာ Hashtag အသုံးပြုခြင်းက သာမန် Post တွေထက် 12.6% ပိုပြီး Engagement ပိုကောင်းတာကို တွေ့ရပါတယ်။ Hashtag ကို Strategy ကောင်းကောင်းနဲ့ သင့်ရဲ့ လုပ်ငန်းအတွက် အသုံးပြုမယ်ဆိုရင် သင့်ရဲ့ လုပ်ငန်းက ပိုပြီး ကြီးထွားလာစေဖို့ အလားအလာ ပိုရှိပါတယ်။
- Stories အသုံးပြုခြင်း
Instagram မှာ Brand တစ်ခုရဲ့ Showcase အတွက် ပြည့်စုံတဲ့ပြီး အကောင်းဆုံး ဖြစ်စေမယ့် နည်းလမ်းကတော့ Stories Ads ပဲ ဖြစ်ပါတယ်။ 75% သော Instagram User တွေဟာ Stories Ads တွေမှတဆင့် Website ထဲကို ဝင်ကြည့်တာ (သို့) Product တွေကို ဝယ်ယူမှုတွေ ပြုလုပ်တာကို တွေ့ရပါတယ်။
- Instagram Feed မှာ Visual Plan ပြုလုပ်ခြင်း
Instagram မှာသင့်ရဲ့ လုပ်ငန်းအတွက် Viewer ကနေ Follower အဖြစ်သို့ ပြောင်းချင်တယ်ဆိုရင် သင့်ရဲ့ Instagram Feed ပေါ်က Visual Plan ပြုလုပ်ထားခြင်းက အများကြီး သက်ရောက်မှုရှိပါတယ်။
- Instagram Live လုပ်ခြင်း
Instagram Live လုပ်ခြင်းကတော့ သင့်ရဲ့ လုပ်ငန်းနဲ့ သင့်ရဲ့ Audience ကို တိုက်ရိုက်ချိတ်ဆက်မှု ရစေတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ဒီအချက်ကလည်း သင့်လုပ်ငန်းအတွက် Follower တိုးများလာစေနိုင်တဲ့ နည်းလမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။ သင့်ရဲ့ လုပ်ငန်းကို Creative ဖြစ်ဖြစ်နဲ့ Live လုပ်နိုင်ရင်တော့ Follower သိသိသာသာ တိုးလာစေနိုင်တဲ့ နည်းလမ်း တစ်မျိုးလည်း ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေကို လေ့လာပြီး လုပ်ကိုင်ကြည့်မယ်ဆိုရင် Instagram မှာ Customer Experience တိုးများလာပြီး လုပ်ငန်းအတွက် ရလဒ်တွေလည်း ပိုမိုကောင်းမွန်လာနိုင်တာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။