Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို “X” ဆိုပြီးပြောင်းလဲခဲ့ပါတယ်။ Threads လုပ်ထားတဲ့ပုံအရ “X” နဲ့တော်တော်လေး အလားသဏ္ဍာန်တူနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီ ၂ ခုမှာ ထူးခြားတာတော့ ရှိကိုရှိရမယ်ဆိုပြီး ရှာဖွေတွေ့ရှိခဲ့တာမှာတော့ အောက်ပါအချက်အချို့ကွာခြားနေတာကို တွေ့ရှိရပါတယ်…
- Post Lengths မှာဆိုရင် Threads မှာ Character 500 အထိရေးနိုင်ပြီး “X” မှာတော့ 280 အထိပဲရေးနိုင်ပါတယ်(Twitter Blue ရထားတဲ့ အကောင့်တွေမှာ ဆိုရင်တော့ ဒီထက်ပိုရေးနိုင်ပါတယ်)
- Link တွေကတော့ ၂ ခုလုံးမှာတော့ ထည့်သွင်းအသုံးပြုနိုင်ပါတယ်
- Video မှာဆိုရင် Threads မှာ ၅ မိနစ်တင်နိုင်ပြီး “X” မှာတော့ ၂ မိနစ် ၂၀ စက္ကန့် ထိတင်နိုင်မှာ ဖြစ်ပါတယ် (Twitter Blue ရထားတဲ့ အကောင့်တွေမှာ ဆိုရင်တော့ ဒီထက်ပိုတင်နိုင်ပါတယ်)
- Edit လုပ်တဲ့အပိုင်းမှာ ဆိုရင် ၂ ခုလုံးမှာ မလုပ်နိုင်ပေးမယ့် (Twitter Blue ရထားတဲ့ အကောင့်တွေမှာ လုပ်နိုင်ပါတယ်)
- Direct Message မှာတော့ Threads မှာမလုပ်နိုင်သေးပေမယ့် “X” မှာတော့ အသုံးပြုနိုင်ပါတယ်
- Hashtag ရှာဖွေတဲ့ နေရာမှာဆိုရင် Threads မှာမလုပ်ပေမယ့် “X” မှာတော့ လုပ်နိုင်ပါတယ်
- Private Account တွေကတော့ Platform ၂ ခုလုံးမှာ အသုံးပြုနိုင်ပါတယ်
- Desktop App အနေနဲ့တော့ Threads မှာ မသုံးနိုင်သေးပေမယ့် “X” မှာတော့ အသုံးပြုနိုင်ပါတယ်
- NFSW Content တွေကိုတော့ Threads မှာမသုံးနိုင်သေးပေမယ့် “X” မှာတော့ အသုံးပြုနိုင်ပါတယ်
ယခုဖော်ပြခဲ့တဲ့အချက်တွေကတော့ Threads နဲ့ “X” ကြားက မတူတဲ့ ကွဲပြားခြားနားချက်လေးတွေပဲ ဖြစ်ပါတယ်။