Categories: Blog

Digital Marketing မှာ အရေးကြီးလှတဲ့ Analytics အကြောင်း

Analytics Data – မြန်မာလိုဆိုရင်တော့ ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်သော အချက်အလက်ဆိုတာ ဒီနေ့ခေတ် IT ကုမ္မဏီတွေဘာ့ကြောင့် ကမ္ဘာ့ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့သလဲဆိုတဲ့အချက်ရဲ့ အဓိကပြယုဒ်ပါ။ Analytics Software ပေါင်း များစွာရှိတဲ့အထဲကမှ Digital Marketing နဲ့ပတ်သတ်တဲ့ အချို့ကိုတင်ပြရရင်တော့ Piwik, Adobe Marketing နဲ့ကျနော်တို့အကြိုက်ဆုံး Google Analytics ဖြစ်ပါတယ်။

၁) Data စစ်တမ်းကောက်ယူနိုင်ရမယ်။

ဥပမာ .. ကိုယ့်ရဲ့လုပ်ငန်း Website ကိုတစ်နေ့ဘယ်နှစ်ယောက်ဝင်ကြည့်တယ်၊ ဘယ်ဒေသက (Regoin) ဝင်ကြည့်တယ်။ ဘယ်အရင်းအမြစ်တွေက (Referral Source) တွေကလာတယ်၊ ဘယ်လို စကားစု (Keyword) တွေကို ရိုက်ထည့်ရှာပြီး ကိုယ့် Website ကိုရောက်လာတယ်၊ ဘယ်နှစ်ယောက်ကတော့ဖြင့် Email ပို့တယ်၊ ဖုန်းခေါ်တယ်၊ ဆက်သွယ်ရန် (Contact Form) ကိုဖြည့်ပြီး ဆက်သွယ်လာတယ်.. စသည်ဖြင့် Data အချက်အလက်တွေဟာ စီးပွားရေးလုပ်နေတဲ့ Marketer တစ်ယောက်အတွက်တော့ မရှိမဖြစ်သိထား၊ ရှိထားရမယ့် Data အချက်အလက်တွေပါပဲ။

၂) Data တွေကို အသုံးချနိုင်ရမယ်။

ဒါတွေရှိထားမှ၊ ဒီ Data တွေကိုခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ပြီး ဘယ်လို နည်းဗျူဟာ၊ မဟာဗျူဟာ (Strategy) တွေနဲ့ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းအသာ နေရာယူထားနိုင်မလဲဆိုတာ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ဥပမာ Billboard တစ်ခုထောင်ထားတယ်။ ဒီ Billboard ကိုဘယ်နှစ်ယောက်တွေ ပြီး ဘယ်နှစ်ယောက်က ကိုယ့်ရဲ့ Customer ဖြစ်လာလဲ ရေတွက်လို့မရနိုင်ဘူး၊ မျှော်မှန်းလို့မရနိုင်ဘူး။ Billboard ရဲ့ကုန်ကျစရိတ်အတိုင်း Digital Marketing လုပ်လိုက်တယ်။ လူအယောက် ၁၀၀,၀၀၀ တွေ့ပြီး အဲဒီကမှ Customer ၅၀ ရလာတယ်။

အကယ်၍ Customer ၅၀၀ လောက်လိုလာရင် Digital Marketing ကို ၁၀ ဆတိုးလုပ်မလား၊ Billboard ၁၀ခု ထောင်မလား။ အဲဒီတော့ ရထားတဲ့ Data တွေကို အကျိုးရှိရှိ အသုံးချနိုင်ရမယ်။

၃) Data ရှိရင် ချမ်းသာမယ်။

အနီးစပ်ဆုံး ဥပမာပေးရရင် Facebook ဟာ သူစတင်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကတည်းက အသုံးပြုသူတစ်ဦးတစ်ယောက်ချင်းစီရဲ့ Data (မွေးနေ့၊ သူဘာကြိုက်တယ်၊ ဘယ်သွားတတ်တယ်၊ ဘာလုပ်တတ်တယ်၊ ဘယ်ရောက်နေတယ်) ကအစ အချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းသိုမှီးခဲ့ပြီး၊ လူမှုရေး စီးပွားရေး ကြော်ငြာလုပ်ငန်းတွေမှာ မဟာဗျူဟာကျကျ အသုံးချခဲ့လို့ အချမ်းသာဆုံး Tech ကုမ္မဏီထဲမှာပါဝင်ခဲ့ပြီး၊ ဒီကနေ့ဆိုရင် အစိုးရ FBI တွေကအစ Criminal  အတွက် Facebook က Data ပြန်ဝင်ရတဲ့ အဆင့်ထိဖြစ်လာခဲ့ပါပြီ။

ကျတော်တို့Customer တွေအတွက် Digital Marketing ကတော့ Google Analytics ရဲ့  Data ကို စုဆောင်းပါတယ်။ ရရှိတဲ့ Data ကိုပြန်လည်လေ့လာ ခွဲခြမ်းစိတ်ဖြာပြီးတော့မှ ဘာဆက်လုပ်သင့်သလဲ အကြံဉာဏ်ပေးပါတယ်။ Digital ခေတ်မှာ ROI (Return on Investment) က အရေးကြီးလို့ Analytics Data ကို လျစ်လှူရှူ့လို့မရတော့ပါဘူး။  Digital Marketing က (၁) ကျပ်ရင်းလို့ (၁) ကျပ်မြတ်ဖို့သေချာရင် စီးပွားရေးသမားဖြစ်တဲ့ လူကြီးမင်းက ဘာဆက်လုပ်မလဲ။

 

seomhkl

Comments are closed.

Share
Published by
seomhkl

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago