နည်းပညာတွေတိုးတက်လာနဲ့ အမျှ လူနေမှုပုံစံတွေအတွက် အကျိုးပြုစေတဲ့ Software တွေ Application တွေအများကြီး ထက်ပေါ်နေပါပြီ။ ဒီတစ်ခါမှာတော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေကို ကောင်းကောင်း Manage လုပ်နိုင်ပြီး သတ်မှတ်ထားတဲ့ အချိန်တွေမှာ လေ့ကျင့်ခန်းလုပ်နိုင်မယ့် Application တွေကို ဖော်ပြသွားပါမယ်။ ဖော်ပြမဲ့ App တွေကတော့ Android Device တွေမှာပဲ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ကဲဘာ App တွေဖြစ်မလဲဆိုတာကို အောက်မှာကြည့်ရှုပေးပါ…
7 Minute Workout
ဒီ App တွေက Google Play Store မှာ Rating ကောင်းကောင်းရရှိထားတဲ့ Exercise App တစ်ခုထဲမှာ ပါဝင်ပါတယ်။ သင်ဟာ ဝိတ်ချဖို့ ရည်ရွယ်ချက်ရှိတဲ့သူတစ်ယောက်ဆိုရင် ဒီ App ကိုစမ်းသပ် အသုံးကြည့်ဖို့ အကြံပြုပါရစေ။ ဒီ App ထဲမှာ abs, chest, thighs, and legs နဲ့သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။
Pocket Yoga
Pocket Yoga ကတော့ Android Device တွေအတွက် အကောင်းဆုံး Health & Fitness App တစ်ခု ထဲမှာပါဝင်ပါတယ်။ ဒီ App ကတော့ အလားတူ App တွေအအများကြီးရှိတဲ့ အထဲမှာမှ ရိုးရိုးရှင်းရှင်းနဲ့ အသုံးပြုရတာ လွယ်ကူပါတယ်။ Yoga Exercise တွေကို သက်ဆိုင်ရာ Sessaion အလိုက်ခွဲထားပေးတဲ့ အတွက် စနစ်တကျ အသုံးပြုနိုင်မယ့် App တစ်ခုလည်း ဖြစ်ပါတယ်။
Water Drink Reminder
ဒီ App လေးကတော့ တစ်နေ့တာ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာလိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝအောင် သတိပေး ပေးမယ့် App လေးတစ်ခု ဖြစ်ပါတယ်။ ရေဓာတ်နည်းတဲ့ အခါတွေမှာ လူ့ကျန်းမာရေးကို ထိခိုက်စေသလို အသားအရေမကြည်မလင်တာတွေပါ ဖြစ်လာတတ်ပါတယ်။ ဒီ App ကိုအသုံးပြုပါများလာမယ်ဆိုရင် Self-Improvement ပါပိုမိုပြီး ကောင်းမွန်လာစေနိုင်တဲ့ App လို့တောင် ပြောနေပါတယ်။
ဒီ App တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို အတွက် လေ့ကျင့်ခန်းတွေပုံမှန် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …