Categories: Blog

Email Marketing ကို သင့်စီးပွားရေးမှာ ဘယ်လို အသုံးချမလဲ?

Email ဆိုတာကတော့ Electronic နည်းပညာနဲ့ Mail တွေပို့ခြင်းကိုခေါ်ပါတယ်။ Mail ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်၊ ဌာနတစ်ခုကနေတစ်ခုဆီ စာစောင်တွေပို့ခြင်းပါ။ စာပို့တဲ့အလေ့အထကတော့ ဒီနေ့ခေတ်မှ ပေါ်လာတာ မဟုတ်ပါဘူး။ ဘီစီ ၂၄၀၀ ခန့် ကတည်းက အီဂျစ်မှာ စာပို့ခဲ့ကြတယ်လို့ သိရပါတယ်။

တယ်လီဖုန်းတွေ နည်းပညာတွေ မတိုးတက်ခင်က ဝေးကွာနေတဲ့သူတွေ အချင်းချင်း ဆက်သွယ်ပြောဆိုဖို့ စာကိုအဓိကထားပြီး ဆက်သွယ်ကြပါတယ်။ စာပို့သင်္ဘောတွေ၊ မီးရထားတွေနဲ့ စာတွေကို ကမ္ဘာတစ်ဝှမ်း သယ်ဆောင်ကြတာ ဖြစ်ပါတယ်။ လေယာဉ်ပျံတွေ ပေါ်လာတော့ ၁၉၁၂ ခုနှစ်၊ ဂျာမနီနိုင်ငံမှာ ပထမဆုံး စာပို့လေယာဉ် အဖြစ်အသုံးပြုခဲ့ကြပါတယ်။ စာပို့တဲ့ကားတွေကိုတော့ ယနေ့ထိ အသုံးပြုကြပါတယ်။

Email နည်းပညာကတော့ ၁၉၆၀ မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ Email အသုံးပြုခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းကို လွယ်ကူ လျင်မြန်စွာပို့ဆောင်နိုင်ပါတယ်။ အရင်ကလို သင်္ဘောတွေ၊ မီးရထားတွေရဲ့ ကြန့်ကြာချိန်တွေ မရှိတော့ပါဘူး။ အင်တာနက် နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ Email တွေမှာလည်း တဖြည်းဖြည်း ပြည့်စုံကောင်းမွန် လာပါတယ်။ သာမန် စာတစ်စောင်ထက် သိသိသာသာ ပိုစွမ်းဆောင်နိုင်တာတွေ ပြောရမယ်ဆိုရင်တော့ အချိန်တိုတွင်း အမြန်ပို့ဆောင်နိုင်ခြင်းနဲ့ စာတွေသာမက ရုပ်ပုံတွေ၊ ဗီဒီယို လှုပ်ရှားမှုတွေကိုပါ ထည့်သွင်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။ Email နည်းပညာတွေ တိုးတက်နေပေမယ့် အစိုးရပိုင်းဆိုင်ရာတွေ၊ လုပ်ငန်းဆိုင်ရာတွေနဲ့ ဂုဏ်ပြုတဲ့အခါမျိုးတွေမှာ လက်နဲ့ရေးရတဲ့ စာရွက်တွေကို အသုံးပြုကြဆဲ ဖြစ်ပါတယ်။

Email Marketing ဆိုတာ Direct Marketing တစ်မျိုးဖြစ်ပါတယ်။ သင့်ဆီမှာ နဂိုရှိပြီးသား Customer နဲ့ တခြားသော Customer အသစ်တွေဆီကို Email မှတဆင့် ကြော်ငြာတွေပို့ပေးနိုင်ပါတယ်။ ရုပ်ပုံတွေ၊ ဗီဒီယိုတွေအပြင် သင့်ရဲ့ E-Commerce Website ဆီခေါ်တဲ့ Direct url တွေထည့်လို့ရပါတယ်။ သာမန် Email ထက်ကိုပိုကောင်းတာက တစ်ကြိမ်ထဲမှာ ထောင်ပေါင်း သောင်းပေါင်းများစွာသော Email တွေဆီ အရောက်ပို့နိုင်ပါတယ်။ Email Marketing Tool အနေနဲ့ အသုံးများတာတော့ Mailchimp ပါ။ ထိုသို့ပို့ချင်းအားဖြင့် ကုန်ကျစရိတ်သက်သာစွာနဲ့ Customer အဟောင်းတွေကလည်း Loyal Customer တွေဖြစ်လာနိုင်သလို Customer အသစ်တွေကိုလည်း ရနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ သာမန် Customer အများစုဟာ Email ဖတ်လေ့သိပ်မရှိလို့ B2B အတွက်ပိုသုံးကြပါတယ်။ အခုနောက်ပိုင်းဆို Customer တွေဟာ Email တင်မက Phone Message ပါ သိပ်မစစ်ကြပါဘူး။ ဒါပေမယ့် သူတို့ကို Email ပို့ပေးထားကြောင်း၊ Email ဝင်ကြည့်ဖို့ တခြား Platform တွေကနေ သတိလှမ်းပေးလို့တော့ရပါတယ်။ ဥပမာ သူတို့ စိတ်ဝင်စားမယ့် Product Category တွေ မှတ်တမ်းယူထားပြီး Email ကနေ အသစ်အသစ်သော Product တွေ အကြောင်း အသေးစိတ် ပို့ပေးနေမယ် ဆိုတာကို Facebook ကနေ ပြောထားလို့ရပါတယ်။ Business to Business (B2B) မှာတော့ Email ကို အမြဲစစ်ဆေးကြလို့ Email Marketing ဟာ အရမ်း အသုံးဝင်ပါတယ်။

Email Marketing လုပ်တော့မယ်ဆိုရင် ပို့ရမယ့် Email တွေကိုကြိုတင်စုံစမ်း စာရင်းပြုစုထားရပါမယ်။ နိုင်ငံခြားမှာတော့ B2B, B2C အတွက် Email List တွေရရင် Database စုထားပြီး ဈေးအမျိုးမျိုးနဲ့ Information ရောင်းစားတဲ့ ကုမ္ပဏီတွေရှိကြပါတယ်။ ယနေ့စီးပွားရေးခေတ်က Big ဖြစ်စရာမလိုပါဘူး။ Fast ဖြစ်ဖို့လိုပါတယ်။ သင်နဲ့ချိတ်ဆက်မယ့် အလားအလာရှိတဲ့ ကုမ္ပဏီ လုပ်ငန်းရှင်ဆီကို မြန်မြန်ဆန်ဆန် ချိတ်ဆက်ဖို့လိုပါတယ်။ အဲဒါကြောင့် နာမည်ကြီး လုပ်ငန်းရှင်တွေရဲ့ Email တွေဟာ အလွန်အဖိုးတန်ပါတယ်။ အဆိုပါ Information ရောင်းစားတဲ့ ကုမ္ပဏီတွေက အဖိုးတန်တဲ့ Email နဲ့ Data တွေရရှိဖို့ ဝန်ထမ်းတွေဆီက သတင်းစုံစမ်းသလို၊ Hacker တွေကလည်း Website တွေ Account တွေ Hack ကြပါတယ်။ တစ်ခါတစ်လေမှာ Facebook တို့ တခြား Website တွေမှာ Game တွေ Quiz တွေနဲ့ တခြား App တွေ ဆော့ချင် သုံးချင်အောင် ဆွယ်ပြီး Register လုပ်ခိုင်းတတ်ပါတယ်။ အဲဒီ Register လုပ်ခိုင်းတဲ့အများစုက Profile နဲ့ Email ကို မှတ်တမ်းယူချင်လို့ပါ။ Email Marketing ကို စနစ်တကျအသုံးချရင် B2B တင်မက B2C မှာပါ အကျိုးကျေးဇူး ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: Modern Marketing Partners, Wikipedia

Moe Hein

Comments are closed.

Share
Published by
Moe Hein

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago