Categories: Blog

Email Marketing နဲ့ပတ်သတ်တဲ့ Knowledge အချို့

Online မှာလူတိုင်းနီးပါး ပြောဆိုနေကျတဲ့ အရာတွေက Facebook စာမျက်နှာက အကြောင်းရာတွေ၊ Quick-tips Video တွေ၊ Instagram Feeds ကအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ လူသုံးများတဲ့ Social Platform တွေသာ အသုံးများကြတာကိုတွေ့ရပါတယ်။ Email ကိုတော့ လူတိုင်းနီးပါး ထဲထဲဝင်ဝင် သိပ်အသုံးမပြုကြပဲ Business နယ်ပယ်ကသူတွေလောက်သာ အသုံးပြုကြတာကို တွေ့ရပါတယ်။ ကိုယ့်လုပ်ငန်းကို ကြော်ငြာတာတွေ၊ Business နယ်ပယ်ကို စိတ်ဝင်စားတဲ့သူတွေနဲ့ ချိတ်ဆက်ချင်တာတို့ဆိုရင် Email Marketing ကိုအသုံးပြုတတ်ပါတယ်။ Website တည်ဆောက်ပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာဆိုရင်လည်း Subscribers တွေဆီကို Email Blast လုပ်ပြီး Promotion တွေ Blessing Letter တွေ ပို့ပြီး လုပ်ငန်းအတွက် ပိုအကျိုးရှိလာမယ့် အရာတွေကို လုပ်ဆောင်တတ်ပါတယ်။ 

 

ဒါကြောင့် Email Marketing နဲ့ပတ်သတ်တဲ့ အကြောင်းအရာအချို့ကို ဝေမျှသွားချင်ပါတယ်…

 

သင့်ရဲ့ Audience အစစ်အမှန်နဲ့ Connect လုပ်ဖို့လိုအပ်ပါတယ်။ အခုခေတ်မှာ Internet အသုံးပြုသူတွေ များပြားတာကြောင့် Email Marketing Campaign တွေဖန်တီးတဲ့ အခါမှာ Audience အစစ်အမှန်တွေဆီကို ရောက်ဖို့လိုအပ်ပါတယ်။ 

 

Email Blast မလုပ်ခင်မှာ Customize သေချာလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Email အတွက် လိုအပ်တဲ့ Campaign တွေ Design နဲ့ Message တွေကို သက်ဆိုင်ရာဈေးကွက်ကိုအခြေခံပြီးဖန်တီးရွေးချယ်ပါ။ တိုတိုနဲ့လိုရင်းရောက်တဲ့ပြေပြစ်ချောမွေ့တဲ့ Email တစ်ဆောင်ဖြစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ Email ဟာဆွဲဆောင်မှုရှိတဲ့ Message တွေ Image Design တွေပါဝင်ဖို့အရေးကြီးပါတယ်။

 

Audience Attention ကိုရနိုင်သလောက် ယူထားဖို့ လိုအပ်ပါ။ ယနေ့ခေတ်မှာ Consumers တွေဟာ Multi – Taskers တွေဖြစ်လာကြပါပြီ။ Video ကြည့်နေရင်းနဲ့ New Feeds ကို Scroll လုပ်တတ်ကြပါတယ်။ ဒီလို New Feeds အသုံးပြုနေရင်းနဲ့ အလုပ်နဲ့ပတ်သတ်တဲ့ Email တွေကိုလည်း စစ်ဆေးတတ်ကြပါတယ်။ အလုပ်နဲ့ပတ်သတ်တဲ့ Email သာမက ကိုယ့် Subscribe လုပ်ထားတဲ့ Website တွေက Email တွေကိုလည်း စစ်တတ်ပါသေးတယ်။ ဒီအချက်တွေက ကိုယ့်ရဲ့ လုပ်ငန်းက Email တွေကိုလည်း အမြဲစစ်ဆေးနေဖို့အတွက်က Audience Attention ကောင်းကောင်းရှိနေမှ ဖြစ်မှာပါ။

 

ရှင်းလင်းပြတ်သားတဲ့ Call-To-Action ဖန်တီးထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ကတော့ ကိုယ့်လုပ်ငန်းက eCommerce နဲ့ပတ်သတ်တဲ့ လုပ်ငန်းဖြစ်နေတဲ့ အချိန်မှာ Product ကြော်ငြာတဲ့ Email ကိုရရှိသွားပြီး တကယ် ဝယ်ချင်လို့ ဥပမာ- Buy Now, Order Now အစရှိတဲ့ Call-To-Action တွေကို ရှာဖွေတတ်ပါတယ်။ ဒီအချိန်မှာ ထင်ရှားပြတ်သားတဲ့ Call-To-Action ရှိနေမှာသာ သင့်လုပ်ငန်းအတွက် အကျိုးအမြတ်ရရှိမှာပဲ ဖြစ်ပါတယ်။ 

 

ဒီအကြောင်းအရာတွေက Email Marketing ကိုလုပ်ငန်းအတွက် သေချာအသုံးပြုချင်တယ်၊ Email Marketing နဲ့ကိုယ့်လုပ်ငန်းကို ပိုကောင်းလာအောင်လုပ်ချင်တယ် ဆိုရင် သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago