Categories: Blog

အရေးပါတဲ့ Digital Marketing အစိတ်အပိုင်းအချို့

Digital Marketing ဆိုတာ နည်းပညာဖွံ့ဖြိုးတိုးတက်လာတဲ့နောက်ပိုင်းမှာ ကျယ်ပြန်စွာ အသုံးပြုလာကြတဲ့ Online Marketing တစ်မျိုးပဲ ဖြစ်ပါတယ်။ Internet ကိုကျယ်ပြန့်စွာ အသုံးပြုလာကြတဲ့ အတွက် Business တွေက Digital Marketing ကို Strategy မျိုးစုံနဲ့ အသုံးပြုနေကြပါပြီ။ Digital Marketing မှာ နယ်ပယ် အမြောက်အများရှိတဲ့ ကြားထဲက အရေးပါတဲ့ Digital Marketing အစိတ်အပိုင်းအချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်…

Brand Management
သင့်လုပ်ငန်း Brand နဲ့ပတ်သတ်တဲ့ Ecosystem ကိုသိရှိပြီးနောက်ပိုင်းမှာ သင့်လုပ်ငန်းအပ်ထားတဲ့ Agency က သင့်လုပ်ငန်းအတွက် ပြီးပြည့်စုံတဲ့ Marketing Strategy တစ်ခုဖန်တီးပေးပြီး Brand Management Services ကိုအကောင်းဆုံး Provide လုပ်ပေးနိုင်ပါတယ်။ ဒီလို Product Branding လုပ်တဲ့ အပိုင်းက မှန်ကန်တဲ့ Strategy နဲ့ Targeting ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် သင့်လုပ်ငန်းအတွက် သတ်မှတ်ထားတဲ့ Goal တစ်ခုကို ထိထိရောက်ရောက်နဲ့ ရရှိမှာ ဖြစ်ပါတယ်။

Web Content
သင့်လုပ်ငန်းအတွက် ဆောက်လုပ်ထားတဲ့ Website က Old Static Technology နဲ့ ဆောက်လုပ်ထားခဲ့မယ်ဆိုရင် Trend နဲ့အညီပြန်လည်ပြုပြင်ဖို့ လိုအပ်ပါတယ်။ Trend နဲ့ ညီတဲ့ Website ဆိုတာကတော့ နောက်ဆုံးပေါ် Website နည်းပညာတွေနဲ့ ဆောက်လုပ်ထားတဲ့ Responsive Web Design ရှိပြီး Device မျိုးစုံကြည့်ရှုရတာ အဆင်ပြေနေစေတဲ့ Website ပဲဖြစ်ပါတယ်။ ဒီလို ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီတဲ့ Website ပေါ်မှာ ရှိနေတဲ့ Content တွေက အမြဲတမ်း Fresh ဖြစ်နေဖို့ လိုအပ်ပါတယ်။ Website အတွက် Brand Content Creation နဲ့ ပုံမှန် Content Update တွေကိုတော့ Hundle လုပ်ပေးဖို့လိုအပ်ပါတယ်။

Social Media Management
Social Media Management ကတော့ သင့်ရဲ့ လုပ်ငန်းကို Popular ဖြစ်တဲ့ Social Media Site တွေဖြစ်တဲ့ Facebook, Instagram, LinkedIn, Twitter, YouTube အစရှိတဲ့ သင့်လုပ်ငန်းနဲ့ သင့်တော်တဲ့ Site တစ်ခုခုကိုရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒီ Site တွေကနေ သင့်လုပ်ငန်းရဲ့ Brand Messaging က သင့်လုပ်ငန်းအတွက် Consumer Attracting ကောင်းကောင်းပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းအတွက် Social Media Management ကိုလည်း သုံးသင့်ရင် သုံးပေးဖို့ လိုအပ်ပါတယ်။

Search Engine Optimization(SEO)
SEO နည်းပညာဆိုတာကတော့ လုပ်ငန်းတစ်ခုကို Website နဲ့တွဲဖက် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေအတွက် အလွန်သုံးသင့်တဲ့ Internet Marketing နည်းပညာတစ်ခုလို့ ပြောလို့ရပါတယ်။ SEO ရဲ့ အဓိက လုပ်ဆောင်ချက် ကတော့ သင့်ရဲ့ Website ကို Search Engine ရဲ့ ထိပ်ဆုံးစာမျက်နှာပေါ်မှာ ရောက်ရှိအောင် လုပ်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။ Audience က တစ်ခုခုသိချင်လို့ Search Engine ပေါ်မှာရှာဖွေကြတဲ့ အခါမှာ ထိပ်ဆုံးစာမျက်နှာမှာ ရှိတဲ့ Website ကို ဝင်ကြည့်ကြတတ်တဲ့ အတွက် သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ ရလဒ်ကောင်းတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒီနည်းပညာက ရေရှည်အတွက် အဆင်ပြေပြီး အလွန်ထိရောက်မှုရှိတဲ့ Internet Marketing နည်းလမ်းပဲ ဖြစ်ပါတယ်။

E-Commerce
E-Commerce လုပ်ဖို့အတွက် Agency တစ်ခုကို အပ်ခဲ့မယ်ဆိုရင် သင့်လုပ်ငန်း Product နဲ့ သက်ဆိုင်တဲ့ Category ကိုသေချာ ခွဲခြားထားဖို့ လိုအပ်ပါတယ်။ E-Commerce Site တစ်ခုအတွက်ဆိုရင် စိတ်ချရတဲ့ Database နဲ့ Product List က တိကျသေချာနေဖို့ လိုအပ်ပါတယ်။ သင့် E-Commerce Site ကိုရောက်လာတဲ့ User က Product Category တွေက သူကြိုက်တဲ့ Product တစ်ခုကို ဝယ်ဖို့ အတွက် Order လုပ်လိုက်တဲ့ အချိန်မှာ Product မရှိခဲ့တာတွေ လွှဲနေတာတွေရှိခဲ့မယ်ဆိုရင် User တွေဆီက Bad Review တွေနဲ့အတူ သင့်လုပ်ငန်းအတွက် ထိခိုက်မှုတွေဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီလိုတွေ မဖြစ်ရအောင် ဆိုရင် Development လုပ်နေတဲ့ Agency မှာ လုံလောက်တဲ့ Creation Skill တွေရှိနေမှသာ User Engagement ကနေ လိုအပ် Product Sale အဖြစ်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

အထက်ပါ ဖော်ပြခဲ့တဲ့ အစိတ်အပိုင်းတွေက တော့ Digital Marketing နယ်ပယ်မှာ အရေးပါတဲ့ အစိတ်အပိုင်းအချို့ ဖြစ်ပြီး အခြား Digital Marketing နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ဖော်ပြပေးသွားအုံးမှာ ဖြစ်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago