Digital ခေတ်ထဲမှာ အင်တာနက်နဲ့ အဓိက အလုပ်လုပ်နေတဲ့ လုပ်ငန်းတွေ၊ အလုပ်လုပ်နေတဲ့သူတွေ အတွက် Browser တွေနဲ့ ရင်းနီးပြီးသား ဖြစ်နေမယ်လို့ မျှော်လင့်ပါတယ်။ Browser တွေအများကြီးရှိတဲ့ အထဲမှာမှ Google Search Engine ရဲ့ ကိုယ်ပိုင် Browser ဖြစ်တဲ့ Google Chrome ကတော့ လူသုံးများတဲ့ Browser တစ်ခုထဲမှာ ပါဝင်ပါတယ်။ Google ရဲ့အပိုင် Browser ဖြစ်တဲ့အတွက် Feature စုံစုံလင်လင်နဲ့ Extension ပေါင်းများစွာကို ထည့်သွင်းအသုံးပြုနိုင်အောင် Develop လုပ်ထားပါတယ်။ လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံး Performance တွေနဲ့ Productivity ဖြစ်ဖြစ် လုပ်ကိုင်နိုင်စေမယ့် 2019 မှာအကောင်းဆုံး Extension အဖြစ်သတ်မှတ်ခံထားရတဲ့ Chrome Extension တွေကို ဖော်ပြပေးသွားမယ်…
ဒီ Google Keep ဆိုတဲ့ Extension ကတော့ လုပ်ငန်းခွင်မှာ Productivity ဖြစ်စေမယ့် အကောင်းဆုံး Extension တစ်ခုလို့ ပြောလို့ရပါတယ်။ သူကတော့ သာမန်အလုပ်လုပ်ပုံကို ပြောရမယ်ဆိုရင် Note တစ်ခုသဘောမျိုးနဲ့ အသုံးပြုနိုင်ပါတယ်။ သေချာထဲထဲဝင်ဝင် အသုံးပြုချင်မယ်ဆိုရင် သင့်လုပ်ငန်းခွင်မှာ လုပ်ရမယ့် Task တွေကို စနစ်တကျ Manage လုပ်ထားနိုင်ပါတယ်။ ဒီ Extension က PC Version သာမက Mobile Version အတွက် Android နဲ့ iOS အတွက်ပါ Mobile App တစ်ခုအနေနဲ့ ရှိသေးတဲ့ အတွက် Data Sync လုပ်ပြီး Device အားလုံးစီမှာ ခွဲပြီးသုံးနိုင်ပါသေးတယ်။
ဒီ Extension ကတော့ အကောင်းဆုံး Password Manager လို့ပြောလို့ရပါတယ်။ Chrome Browser ကိုအသုံးပြုတဲ့ သူတွေရဲ့ အချစ်တော် Extension လို့ပြောလို့ပါတယ်။ ဒီ Extension ရဲ့ အသုံးဝင်ပုံက သင့်ရဲ့ လုပ်ငန်းခွင်နဲ့ ပတ်သတ်တဲ့ Password တွေ၊ Personal နဲ့ပတ်သတ်တဲ့ Password တွေကို Automatic Save လုပ်ပေးထားနိုင်ပါတယ်။ ဒီလို Automatic Save ပေးလို့ Safe ဖြစ်ရဲ့လားဆိုရင်တော့ ဒီ Extension ကိုအသုံးပြုဖို့ Account ပြုလုပ်ပြီး သင်စိတ်တိုင်းကျ Password တွေကို Manage ပြုလုပ်နိုင်ပါတယ်။ ဒီ Extension ကို Major Platform တွေဖြစ်တဲ့ Android, iOS, Windows, Linux, နဲ့ Mac တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Data Sync လုပ်ပြီးတော့လည်း Device အားလုံးစီမှာ ခွဲပြီးသုံးနိုင်ပါသေးတယ်။
OneTab Extension ကတော့ သင့်အသုံးပြုနေတဲ့ Device ရဲ့ CPU Speed လျော့ကျနေတာတွေကို Speed Up လုပ်ပေးနိုင်တဲ့ Chrome Extension တစ်ခုဖြစ်ပါတယ်။ ဒီ Extension ရဲ့အကောင်းဆုံးအချက်ကတော့ Browser မှာဖွင့်ထားတဲ့ Tab တွေအားလုံးကို စာရင်းလုပ်ထားနိုင်ပြီး ကိုယ့်စိတ်တိုင်းကျ Save ထားရင်တဲ့ Data တွေရှိတဲ့ Tab ကိုစိတ်တိုင်းကျ Manage လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ နောက်ထပ် အားသာတဲ့ အချက်တစ်ခုကတော့ CPU အများဆုံးနဲ့ ဘယ် Tab ကိုသုံးချင်တယ်ဆိုတာကိုပါ Manage လုပ်နိုင်စွမ်းပါပဲ။ Productivity အဖြစ်ဆုံး အချက်ကိုပြောရမယ်ဆိုရင်တော့ အရေးကြီး Data တွေရှိတဲ့ Tab တွေကို မှားပြီးဖျက်မိတယ်ဆိုရင်တောင် လွယ်လွယ်ကူကူနဲ့ ပြန်ပြီး Recover လုပ်နိုင်တာပဲ ဖြစ်ပါတယ်။
ဒီ Extension မှာဆိုရင်တော့ Article တွေ Webpage တွေကို Offline Viewing လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ Save to Pocket Extension ရဲ့အားသာချက်ကို ပြောရရင်တော့ Android, iOS, Linux, and Mac တွေမှာပါ အသုံးပြုနိုင်တဲ့ အတွက် Device အားလုံးစီမှာ ခွဲပြီး အသုံးပြုနိုင်ပါတယ်။ ဒီ Extension အလုပ်လုပ်ပုံက သင့်အတွက် အသုံးဝင်မယ့် Article တွေ Webpage တွေကို Save to Pocket ထဲမှာ သိမ်းထားခဲ့မယ်ဆိုရင် Offline Viewing ပြန်လုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ (ဥပမာ- ရုံးက PC မှာ Save ခဲ့တဲ့ Article (သို့) Webpage ကို လမ်းရောက်မှာ ဖုန်းနဲ့ပြန်ဖတ်နိုင်တဲ့ သဘောပါ) ဒီ Extension က အင်တာနက် အဆင်မပြေတဲ့နေရာ ရောက်ခဲ့ရင်တောင် Save ထားတဲ့ Article တွေ Webpage တွေကို Offline မှာတောင် ပြန်ဖတ်နိုင်မယ့် Extension ဖြစ်ပါတယ်။
ဒီ Extension ကတော့ Ads တွေပေါ်ပေါ်လာတာကို စိတ်ရှုပ်တဲ့ သူတွေအတွက် အရမ်းကို အဆင်ပြေစေမယ့် Extension ပဲဖြစ်ပါတယ်။ စိတ်မကောင်းစရာ အချက်ကတော့ ဒီ Extension ကို Google Play Store သုံးလို့ရတဲ့ Device တွေမှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ Browser မှာကိုယ်ဝင်လိုက်တဲ့ Site တွေမှာကျလာတဲ့ Ads တွေကို Block ထားနိုင်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် YouTube မှာ Video တွေကြည့်နေတဲ့ အချိန်မှာ ဝင်ဝင်လာတဲ့ Ads တွေကို Block ထားနိုင်တာက YouTube မှာ Learning လုပ်နေတဲ့သူတွေ၊ YouTube ကိုပဲ အမြဲတစေကြည့်တတ်တဲ့သူတွေ အတွက် တော်တော် အဆင်ပြေစေမယ့် Extension လို့ပြောနိုင်ပါတယ်။
ဒီတစ်ခေါက် ဖော်ပြပေးခဲ့တဲ့ Chrome Extension တွေက မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေမှာ Productivity ဖြစ်စေမယ့် Extension တွေဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ မိတ်ဆွေတို့ အနေနဲ့လည်း စမ်းသပ် အသုံးပြုကြည့်ဖို့ အကြံပေးပါတယ်။
Ref – techviral
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …