Categories: Blog

Facebook မှာ ထိရောက်တဲ့ Event တွေ ဘယ်လိုဖန်တီးမလဲ?

Facebook Event တွေကို လူပေါင်း ၃၅ သန်းလောက် နေ့စဉ် ကြည့်ရှုကြလေ့ရှိပါတယ်။ Facebook Event တွေဟာလည်း စီးပွားရေးလုပ်ငန်းတွေအတွက် Customer, Consumer တွေနဲ့ ချိတ်ဆက်ပေးနိုင်လို့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် Facebook မှာ ထိရောက်တဲ့ Event တွေ ဘယ်လိုဖန်တီးမလဲဆိုတာကို လေ့လာတင်ဆက်လိုက်ပါတယ်။

၁။ မှတ်မိလွယ်စေသော Event နာမည်ပေးပါ
Facebook Event လုပ်တဲ့အခါ အရေးကြီးဆုံးက နာမည်ကို မှတ်မိလွယ်စေတာပေးဖို့ပါ။ နာမည်တစ်ခုရဲ့ တန်ဖိုးက Event ကို လူတွေ ဝင်ကြည့်ခြင်း၊ မကြည့်ခြင်းကို ဆုံးဖြတ်ပေးပါတယ်။ နာမည်က စာလုံး ၆၄ လုံးအထိ ရေးခွင့်ရှိပါတယ်။ ဒါပေမယ့် မှတ်မိလွယ်ဖို့၊ လူတွေစိတ်ဝင်စားဖို့ ဦးစားပေး စဉ်းစားသင့်ပါတယ်။

၂။ သင့် Event ရဲ့ တည်နေရာကို မဖြစ်မနေထည့်သွင်းပါ
Facebook Event မှာ တည်နေရာ Location ထည့်ဖို့လိုအပ်ပါတယ်။ Event လာမယ့်သူတွေ အလွယ်တကူရှာနိုင်ဖို့နဲ့ Facebook ကလည်း သင့် Event တည်နေရာကို မှတ်မိနေအောင်ပါ။

၃။ စမယ့်နေ့ရက်၊ အချိန် နဲ့ ပြီးမယ့် နေ့ရက်၊ အချိန် ထည့်ထားပါ
Event နဲ့ပတ်သက်တဲ့ Date တွေ Time တွေကိုလည်း သေချာထည့်ထားသင့်ပါတယ်။ Facebook Event မှာဆိုရင် စမယ့်နေ့ ပြီးမယ့်နေ့ရယ် အချိန်ရယ် တစ်ခါတည်း ထည့်ထားလို့ ရပါတယ်။

၄။ စိတ်ဝင်စားဖွယ်ကောင်းသော Cover Photo တင်ထားပါ
Event တစ်ခုလုပ်မယ်ဆိုရင် Cover Photo ကလည်းအရေးကြီးပါတယ်။ Cover Photo က ဆွဲဆောင်မှုရှှိမှ လူတွေပိုစိတ်ဝင်စားမှာ ဖြစ်ပါတယ်။ Canva, PicMonkey တို့ကနေ Photo Template တွေ ကြည့်ရှုနိုင်ပါတယ်။

၅။ အမျိုးအစားသတ်မှတ်ထားပါ
အမျိုးအစား Category သတ်မှတ်ထားဖို့လိုပါတယ်။ Category ထားရှိခြင်းဖြင့် လူတွေက Event အပေါ်ပိုမို နားလည်သဘောပေါက်စေမှာ ဖြစ်ပါတယ်။

၆။ အချက်အလက် ပြည့်စုံသော Description ကို ဖော်ပြထားပါ
Facebook Event တွေမှာ နောက်ထပ်အရေးကြီးတာက အချက်အလက်တွေကို Description မှာ ရှင်းလင်းစွာ ဖော်ပြထားဖို့လိုပါတယ်။ ဥပမာ – ဘယ်သူတွေတက်ရောက်သင့်တယ်၊ ဘာအကျိုးကျေးဇူးတွေရမယ်၊ စည်းမျဉ်းစည်းကမ်းတွေ၊ Event နဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေ ဖော်ပြထားသင့်ပါတယ်။

၇။ သင့်တော်မယ့် Keyword တွေ ထည့်သွင်းထားပါ
Event Setting မှာ Event နဲ့ သင့်တော်မယ့် Keyword တွေ ထည့်သွင်းထားသင့်ပါတယ်။ ဒါမှသာ သင့် Event ကို အလွယ်တကူ ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။

၈။ တခြားသူတွေကို Event မှာ Post လုပ်ခွင့်ပေးပါ
Event ကိုစိတ်ဝင်စားတဲ့သူတွေ Event နဲ့ ပတ်သက်တာတွေ Event Page ထဲမှာ ဝင်ရောက် ဆွေးနွေး Post တင်ခြင်းက ကောင်းတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ Post လာရောက်တင်ဖို့ ခွင့်ပြုပေးသင့်ပါတယ်။

၉။ Co-Host တွေထည့်ပါ
သင့်ရဲ့ Event မှာ Co-Host တွေထည့်ခြင်းကလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ Co-Host ထည့်ခြင်းဖြင့် Co-Host များရဲ့ Audience တွေပါ သင့် Event ကို လာရောက်ဖို့ ဖိတ်ခေါ်ပြီးသားဖြစ်ပါတယ်။ Co-Host တွေက သက်ဆိုင်ရာ Infulencer တွေဖြစ်ရင်ပိုကောင်းပါတယ်။

Ref: socialmediatoday

Moe Hein

Share
Published by
Moe Hein

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago