Facebook နှင့် Cambridge Analytica တို့၏ ပြဿနာများ ကြုံတွေ့ပြီးနောက် အမေရိကန်နိုင်ငံတွင် Delete Facebook Campaign များ ပြုလုပ်ခဲ့ကြသည်။ အကြောင်းမှာ မိမိတို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို Facebook က အလွဲသုံးစားသည်ဟု ထင်မြင်ယူဆ၍ဖြစ်သည်။ ထို့နောက် Facebook တည်ထောင်သူ Mark Zuckerberg က မတ်လ ၂၈ ရက်တွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“လူကြီးမင်းတို့အားလုံး Facebook ပေါ်မှာ share မိတဲ့ information တွေကို ဘယ်သူတွေရယူပြင်ဆင်ခွင့်ရှိလဲ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို မေးမြန်းကြတာတွေ့ရပါတယ်။ အခုကျွန်တော်တို့က Privacy Setting တွေအားလုံးကို တစ်နေရာထဲမှာ Privacy Shortcut အနေနဲ့ လွယ်ကူစွာ သုံးနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ လာမယ့် ရက်သတ္တပတ်အတွင်း လူတိုင်းရဲ့ News Feed မှာ ပေါ်လာမှာဖြစ်ပါတယ်။ ပြီးတော့ လူကြီးမင်းတို့ Sign in လုပ်ခဲ့တဲ့ App တွေအားလုံးကိုလည်း News Feed ပေါ်ကနေ လွယ်ကူရိုးရှင်းစွာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ မလိုအပ်တာတွေကိုလည်း အလွယ်တကူ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
Facebook သည် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာကို ယခင်ထက် ပိုမိုကာကွယ်သွားမည်ဖြစ်သည်။ Privacy Setting ကို လွယ်ကူစွာ ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက် (၄) ခု ရှိသည်။
၁။ အသုံးပြုသူ၏ Facebook Account ပိုမို၍ လုံခြုံစိတ်ချရစေရန်
၂။ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းချုပ်နိုင်ရန်
၃။ စီးပွားဖြစ် ကြော်ငြာများ မြင်တွေ့မှုပုံစံကို ထိန်းချုပ်နိုင်ရန်
၄။ အသုံးပြုသူ၏ Post နှင့် Profile အချက်အလက်များကို အခြားသူတစ်ဦး ကြည့်ရှုနိုင်ခွင့်အတွက် စီမံခန့်ခွဲနိုင်ရန်
ဖြစ်သည်။
Ref: Mark Zuckerberg Facebook, Newsroom Facebook
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …