Facebook Team ဟာအခုချိန်မှာ Option အသစ်တစ်ခု အတွက် စမ်းသပ်ချက်တွေပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ ဒီ Option ကတော့ Facebook Page တွေအတွက် အဓိကထားပြီး စမ်းသပ်နေတဲ့ Option လို့ပြောနိုင်ပါတယ်။ Option အသစ်ရဲ့ နာမည်ကတော့ “Preview” လို့သိရှိရပါတယ်။ Facebook Page တွေမှာ Post တွေကိုမတင်ခင်မှာ Preview လုပ်နိုင်မယ့် Option မျိုးဖြစ်ပါတယ်။ လက်ရှိမှာ Post Preview လုပ်လို့ရတဲ့ Post အမျိုးအစားကတော့ Schedule Post တွေကိုပဲ Preview ကြည့်နိုင်သေးပါတယ်။ ဒီအချက်က သာမန် User တွေအတွက် မပြောပလောက်တဲ့ အချက်ဆိုပေမဲ့ Business Page တွေကို ကိုင်ကွယ်နေတဲ့ Admin တွေ အတွက် ကတော့ အတော်ကို အဆင့်ပြေစေမဲ့ အချက်ဖြစ်ပါတယ်။

Business နဲ့ပတ်သတ်တဲ့ Post တွေကို တင်ရင် Output ထွက်သွားတဲ့ပုံက မတင်ခင်ကနဲ့ တင်ပြီးသွားတဲ့ အချိန်မှာ ပုံစံကွဲလွဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ် ဥပမာ – စာကြောင်းအောက်ကျနေတာတို့၊ Spacing တွေ ပိုနေတာတို့ ဖြစ်တတ်ပါတယ်။ ဒီကိစ္စက သာမန် Post တွေမှာ ဘာပြဿနာမှ မရှိပေမယ့်၊ Promote/Boost လုပ်လိုက်တဲ့ Post တွေဆိုရင် Edit ပြန်လုပ်လို့ မရတဲ့ အတွက် အရေးကြီးတဲ့ Post မျိုးတွေဆို ပြဿနာရှိတတ် ပါတယ်။ အခုစမ်းသပ်နေတဲ့ “Preview” ဆိုတဲ့ Option မှာဆိုရင် Post မတင်ခင်မှာ Mobile View, Desktop View အနေနဲ့ပါ Preview ကြည့်နိုင်မှာဖြစ်တဲ့ အတွက် စာလုံးပုံစံကွဲလွဲနေတာတွေ ဖြစ်ဖို့ ရာခိုင်နှုန်းနည်းသွား မှာဖြစ်ပါတယ်။

ဒီ “Preview” Option ကို Post တင်ခါနီးမှာ ပေါ်လာတဲ့ Share Now ဆိုတဲ့ Button ဘေးမှာ ထားရှိမှာ ဖြစ်ပါတယ်။ ဒီ Option အသစ်စမ်းသပ်မှုက Post Quality တွေကို ပိုကောင်းလာစေမယ့် ရည်ရွယ်ချက် နဲ့ ပြုလုပ်ထားတာလို့လဲ ခန့်မှန်းနိုင်ပါတယ်။

Leave a Reply

social sharing buttons