Categories: Blog

Facebook Page တွေအတွက် “Preview” Option အသစ်စမ်းသပ်

Facebook Team ဟာအခုချိန်မှာ Option အသစ်တစ်ခု အတွက် စမ်းသပ်ချက်တွေပြုလုပ်နေတယ်လို့ သိရှိရပါတယ်။ ဒီ Option ကတော့ Facebook Page တွေအတွက် အဓိကထားပြီး စမ်းသပ်နေတဲ့ Option လို့ပြောနိုင်ပါတယ်။ Option အသစ်ရဲ့ နာမည်ကတော့ “Preview” လို့သိရှိရပါတယ်။ Facebook Page တွေမှာ Post တွေကိုမတင်ခင်မှာ Preview လုပ်နိုင်မယ့် Option မျိုးဖြစ်ပါတယ်။ လက်ရှိမှာ Post Preview လုပ်လို့ရတဲ့ Post အမျိုးအစားကတော့ Schedule Post တွေကိုပဲ Preview ကြည့်နိုင်သေးပါတယ်။ ဒီအချက်က သာမန် User တွေအတွက် မပြောပလောက်တဲ့ အချက်ဆိုပေမဲ့ Business Page တွေကို ကိုင်ကွယ်နေတဲ့ Admin တွေ အတွက် ကတော့ အတော်ကို အဆင့်ပြေစေမဲ့ အချက်ဖြစ်ပါတယ်။

Business နဲ့ပတ်သတ်တဲ့ Post တွေကို တင်ရင် Output ထွက်သွားတဲ့ပုံက မတင်ခင်ကနဲ့ တင်ပြီးသွားတဲ့ အချိန်မှာ ပုံစံကွဲလွဲနေတာမျိုးတွေ ဖြစ်တတ်ပါတယ် ဥပမာ – စာကြောင်းအောက်ကျနေတာတို့၊ Spacing တွေ ပိုနေတာတို့ ဖြစ်တတ်ပါတယ်။ ဒီကိစ္စက သာမန် Post တွေမှာ ဘာပြဿနာမှ မရှိပေမယ့်၊ Promote/Boost လုပ်လိုက်တဲ့ Post တွေဆိုရင် Edit ပြန်လုပ်လို့ မရတဲ့ အတွက် အရေးကြီးတဲ့ Post မျိုးတွေဆို ပြဿနာရှိတတ် ပါတယ်။ အခုစမ်းသပ်နေတဲ့ “Preview” ဆိုတဲ့ Option မှာဆိုရင် Post မတင်ခင်မှာ Mobile View, Desktop View အနေနဲ့ပါ Preview ကြည့်နိုင်မှာဖြစ်တဲ့ အတွက် စာလုံးပုံစံကွဲလွဲနေတာတွေ ဖြစ်ဖို့ ရာခိုင်နှုန်းနည်းသွား မှာဖြစ်ပါတယ်။

ဒီ “Preview” Option ကို Post တင်ခါနီးမှာ ပေါ်လာတဲ့ Share Now ဆိုတဲ့ Button ဘေးမှာ ထားရှိမှာ ဖြစ်ပါတယ်။ ဒီ Option အသစ်စမ်းသပ်မှုက Post Quality တွေကို ပိုကောင်းလာစေမယ့် ရည်ရွယ်ချက် နဲ့ ပြုလုပ်ထားတာလို့လဲ ခန့်မှန်းနိုင်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago