Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို User အရေအတွက် မများခဲ့ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ လစဥ်အသုံးပြုသူ 8 Million နဲ့ သိသိသာသာများပြားလာခဲ့ပါတယ်။ 

 

Australia မှာ Snapchat ဟာ လူငယ် User တွေလဲ များပြားလာခဲ့သလို လူရွယ်တွေပါ အသုံးပြုလာတဲ့ အတွက် သုံးစွဲမှုအရေအတွက် မြင့်လာတာလဲ ဖြစ်ပါတယ်။ Research အရဆိုရင် ၁၃-၁၄ နှစ်အရွယ် Snapchat User တွေက 80% Reach အထိရှိပြီး ၁၃-၃၅ နှစ်အရွယ် User ကတော့ 75% ထိရှိတာကို တွေ့ရပါတယ်။ 

 

Australia နိုင်ငံရဲ့ Snapchat ကို တော်တော်သုံးတဲ့ အသက်ရွယ်အပိုင်းခြားကတော့ အသက် ၂၅နှစ်နဲ့ အထက်တွေပဲ ဖြစ်ပါတယ်။ ရာခိုင်းနှုန်းဟာဖြင့်ကြည့်မယ်ဆိုရင် 45% အထိရှိတာကိုလည်း တွေ့ရပါတယ်။ Australian Community ရဲ့ 60% ဟာဆိုရင်လည်း Snapchat ရဲ့ AR Lens ကိုနေ့စဥ် အသုံးပြုပြီး Snapchat အပါအဝင် အခြား Social Media Platform တွေအတွက်ကိုပါ နေ့စဥ်အသုံးပြုကြတာကို တွေ့ရပါတယ်။ အပျော်သဘောနဲ့သုံးတာတွေ၊ Creative အတွက်သုံးတာတွေ၊ Product ဝယ်ယူတာတွေကိုပါ ဒီ Snapchat နဲ့ထဲထဲဝင်ဝင် အသုံးပြုလာကြပါတယ်။ 

 

အထက်ပါ ဖော်ပြချက်တွေကို ကြည့်ရှုခြင်းဖြင့် Australian Region ရဲ့ Snapchat လစဥ်သုံးစွဲသူ 8 Million ဖြစ်လာကို သုံးသပ်နိုင်ပါတယ်။ မိတ်ဆွေတို့ကော ကိုယ့်ရဲ့ Daily Life မှာ Snapchat ကိုအသုံးပြုမိကြလား ဆိုတာကို ဖော်ပြပေးသွားနိုင်ပါတယ်။ 

Leave a Reply

social sharing buttons