သင့်ရဲ့ လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း ရောင်းအားကျဆင်းနေတယ် ရောင်းအားတက်သင့် သလောက်မတက်ဘူးဆိုရင်တော့ ယခုဖော်ပြမဲ့အခြေခံအချက်တွေကို လိုက်နာဖို့လိုနေပါပြီ…
Focus On Customer
အရောင်းအဝယ်လုပ်တဲ့အချိန်မှာ အရောင်းဝယ်ဖြစ်ဖို့သဘောတူညီမှု ရရှိဖို့ကိုဦးစားပေးတတ်ကြပါတယ်။အရောင်းအဝယ်လုပ်တဲ့အခါ အရောင်းအဝယ်ဖြစ်ဖို့ အဓိကဆိုတဲ့အချက်ဟာ မှန်သင့်သလောက်တော့မှန်ပါတယ်။ဒါပေမဲ့ အဓိက ဦးစားပေးသင့်တာ Customer ရဲ့ မိမိလုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ဝင်စားမှုပါ။ Customer အား မိမိလုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ပါဝင်စားလာအောင်ဆွဲဆောင်ပြောဆိုနိုင်ပါက အရောင်းအဝယ် သဘောတူညီမှု စတာတွေဖြစ်စေမဲ့အလားအလာကောင်းတစ်ရပ်ပါ။
Research A Customer
သင့် Customer ရဲ့စိတ်ဝင်စားမှုကိုရရှိအောင်ပြောဆိုဖို့ဆိုတာ Customer ရဲ့လုပ်ငန်း အကြောင်းကိုသိဖို့လဲလိုအပ်ပါသေးတယ်။ ဥပမာ သင့် Customer ရဲ့လုပ်ငန်းကို သေချာလေ့လာထားမယ်ဆို သူသင့်လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ပါဝင်စားလာအောင်ပြောဆိုဖို့ ပိုမိုလွယ်ကူစေမှာပါ။
Help The Customer
Loyal Customer တစ်ယောက်ရရှိလာဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုကတော့ ယုံကြည်မှု ပါ။ သင့်လုပ်ငန်း ကုန်ပစ္စည်း အပေါ် ယုံကြည်မှုရရှိစေရန် လုပ်ငန်းနဲ့ပက်သက်တဲ့ အကြံဉာဏ်ကောင်းတွေကို အမြဲမျှဝေပေးနိုင်ဖို့လိုပါတယ်။သင်ကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်တဲ့ သင့်လုပ်ငန်းကနေတစ်ဆင့် သင်မျှဝေပေးတဲ့ Knowledge ဟာ Customer ရဲ့လုပ်ငန်းပိုမိုလွယ်ကူစေဖို့ အထောက်အကူပြုစေတဲ့အခါမှာ သင့်လုပ်ငန်းအပေါ် ပိုမို ယုံကြည်မှုရရှိလာစေမှာပါ။
Don’t Afraid Your Competitor
သင့်ရဲ့ Customer ကို သင့်လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်း အပေါ်စိတ်ဝင်စားစေရန်ဆွဲဆောင်နေတဲ့အချိန်မှာ တခြား အပြိုင် လုပ်ငန်း အကြောင်း ယှဉ်ပြီးမေးတဲ့အခါမျိုးမှာ ကြောက်ဖို့ တွန့်ဆုတ်ဖို့မလိုပါဘူး။ သင်နဲ့အပြိုင်လုပ်ငန်းရဲ့ကောင်း မွန်တဲ့အချက်တွေ ကိုပြောဆိုပြီး သင့်လုပ်ငန်းကပေးနိုင်တဲ့ မတူညီတဲ့အချက် မတူညီတဲ့ Service တွေအကြောင်းတဖြည်းဖြည်းပြောဆိုပြီး Customer အား ဆွဲဆောင်ပါ။
ယခုဖော်ပြသွားတဲ့အခြေခံအချက်လေးတွေဟာဆိုရင် သင့်ရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုအတွက် ရောင်းအားတက်စေမဲ့ နည်းလမ်းအချို့ပဲဖြစ်ပါတယ်။
Ref-Inc
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …