Categories: Blog

Facebook မှာ Tag အလုပ်မခံရအောင် ဘယ်လိုကာကွယ်မလဲ။

ကိုယ်နဲ့ ဆိုင်တာတွေရော၊ မဆိုင်တဲ့ Post တွေကိုရော သိမ်းကျုံးပြီး Tag အလုပ်ခံရလို့ စိတ်ညစ်နေကြရတဲ့သူများ၊ ဖြေရှင်းဖို့ နည်းလမ်းရှာမတွေ့ လို့ အခက်တွေ့ နေတဲ့ သူငယ်ချင်းများ အတွက်ရည်ရွယ်ပါတယ်။ ကဲ .. Facebook မှာ Tag အလုပ်မခံရအောင် ဘယ်လိုကာကွယ်မလဲ။

၁) ပထမဆုံးအနေနဲ့ ကိုယ့်ကို Tag ထားတဲ့ Post တွေရဲ့ ညာဘက်အပေါ်ထောင့်လေးက down arrow မှာ(Remove Tag) Tag ကိုဖြုတ်ပစ်ပါ။ Facebook က အရစ်ရှည်ပြီး ဒီ Post က Tag ဖြုတ်ပေမဲ့ အခြားနေရာတွေမှာ ပေါ်နိုင်တယ်၊ ဘာတယ်ဆိုတဲ့ Box ပေါ်ရင် အမှန်ခြစ်ပြီး Okay သာပြောလိုက်ဗျာ။

PS: Facebook က အောင်မြင်တဲ့ Social Platform ဆိုပေမဲ့၊ User တွေကို ထင်သာ မြင်သာတဲ့အသိမပေးဘဲ သူတို့ စိတ်ကြိုက် System User Interface တွေကို အချိန်မရွေး Update လုပ်နေတာတော့ မမိုက်ဘူးဗျာ။ (စာရေးသူ Comment – အလကားသုံးရတာတောင် Complain တက်) 🙂



၂) Tag ကို ဖြုတ်ပြီးပေမဲ့ အဲဒီ့ Post ရဲ့ New Comment တွေ၊ Like တွေရဲ့ Update တွေကို Notification အနေနဲ့ ထပ်ရနေဦးမှာဗျ။ အဲဒီ့ Notification တွေကိုပါမလိုချင်ရင်တော့ အဲဒီ Post မှာပဲတစ်ခါထဲ ပုံမှာပြထားတဲ့အတိုင်း Turn off notifications ပါလုပ်လိုက်ပါ။

 

၃) Tag အလုပ်ခံထားရတာတွေတော့ ရှင်းပြီးပါပြီ။ အရေးအကြီးဆုံး၊ နောင်မှာ Tag အလုပ်မခံရအောင်အတွက်ကျတော့ Facebook ရဲ့ “Settings” ထဲက “Timeline and Tagging” နေရာကို သွားပါ။ ပုံမှာပြထားတဲ့အတိုင်း “Review posts friends tag you in before they appear on your timeline?” ရဲ့ ညာဘက်အခြမ်းက “Edit” မှာ နှိပ်ပြီး “Enabled” ကို ရွေးပေးလိုက်ရုံပါပဲ။

ကိုယ့်ကိုမသိဘဲ Tag လုပ်နေတဲ့သူတွေတော့ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ နောင်သူတို ့ကိုယ့်ကို Tag လုပ်တဲ့အခါ ဘယ်သူကတော့ ကိုယ့်ကို ဘယ် Post မှာ Tag လုပ်နေပါတယ် ဆိုတဲ့သတင်း “Notification” သာရောက်မှာပါ။ ဘယ် News Feed, Wall ပေါ်မှာမှ ကိုယ့်နာမည်နဲ ့ ယခင်လို အနှောင့်အယှက်ဖြစ်စရာတွေ မရှိတော့ပါဘူး၊ မပေါ်တော့့ပါဘူး။ “Tag” ကို ကိုယ်ခွင့်ပြုမှ သူတို့  “Tag” နိုင်ကြတော့မှာပါ။

အပေါင်းအသင်းတွေထဲက မသိဘဲ “Tag” လုပ်ခံရလို ့စိတ်ဒုက္ခရောက်နေကြရတဲ့သူတွေရှိရင်လဲ “Share” ပေးလိုက်ကြပါဦး။

မလိုအပ်ဘဲ “Tag” လုပ်ခံရခြင်းမှ ကင်းဝေးကြပါစေ။

– SEOMyanmar

seomhkl

Comments are closed.

Share
Published by
seomhkl
Tags: how to prevent tagging me on facebook Online Marketing

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago