Categories: Blog

Brand တစ်ခုအတွက် Media Plan ဘယ်လိုတည်ဆောက်မလဲ?

Media Plan ဆိုတာက Product အသစ်တွေ Launch လုပ်ဖို့၊ Campaign အသစ်တွေလုပ်ဖို့ လိုအပ်တဲ့ General Strategy တွေဖန်တီးဖို့ အတွက် Media တွေအားလုံးကို ပေါင်းပြီး သင့်တော်တဲ့ Plan ကိုရွေးချယ်တာပဲဖြစ်ပါတယ်။ Rebranding လုပ်ဖို့လိုအပ်တဲ့အခါမှာလည်း Media Plan တည်ဆောက်ဖို့လိုပါတယ်။ Content Creation နဲ့ Paid Ads တွေလုပ်တဲ့ အခါမှာ Media Plan ရှိထားခြင်းက အထောက်အကူ အများကြီးပြုပါတယ်။

Media Plan တည်ဆောက်ဖို့ အဓိက သော့ချက် ကတော့ ကိုယ့်လုပ်ငန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့ လိုအပ်ချက်၊ Budget နဲ့ကိုက်ညီမယ့် Media Platform ကိုရွေးချယ်ဖို့ လိုပါတယ်။ ဥပမာ – Facebook မှာ Run သင့်တဲ့ Content ကို Twitter မှာသွား Run ခဲ့မယ်ဆိုရင် သတ်မှတ်ထားတဲ့ KPI ကိုရောက်မှာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ လုပ်ငန်းတွေအတွက် Media Plan တည်ဆောက်နိုင်မယ့် Media Source အချို့ကို ဝေမျှပေးချင်ပါတယ်…

Social Media
Social Media ဆိုတာသင့်ရဲ့ Brand ကို Customer တွေနဲ့ရိုးရှင်းစွာဆက်သွယ်ပေးတဲ့ Marketing channel ဖြစ်ပြီး လက်ရှိ Marketing နည်းလမ်းတွေထဲမှာတော့ ရိုးရိုးရှင်းရှင်းနဲ့ထိရောက်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ Social Media ကနေတစ်ဆင့် Customer တွေကိုသင့်ရဲ့ Product ဒါမှမဟုတ် Service ရဲ့ Information တွေကိုဖော်ပြနိုင်ခြင်း၊ Customer တွေရဲ့တုံ့ပြန်ချက်တွေအကြံပေးချက်တွေကိုနားထောင်နိုင်ပြီး ထိုမှတစ်ဆင့် Customer relationships ကိုတည်ဆောက်နိုင်ခြင်း စတဲ့အချက်တွေကြောင့် Social media marketing ဟာထိရောက်တဲ့နည်းလမ်းလို့ဆိုတာပါ။

Paid Media
ဒီ Paid Media မှာတော့ Paid Social နဲ့ Paid Search တွေဖြစ်ပါတယ် (ဥပမာ- Google Ads)။ Facebook, Twitter, Pinterest နဲ့ LinkedIn တို့မှာဆိုရင် Paid Social အပိုင်းမှာပါဝင်ပါတယ်။ Facebook ရဲ့ Paid Ads တွေဟာဆိုရင် Audience Targeting နဲ့ Budget ချိန်ညှိတဲ့ အပိုင်းမှာ တော်တော်ကိုသက်သက်သာသာ
နဲ့ထိရောက်ပြီး သင့် လုပ်ငန်းနဲ့ ပတ်သတ်ပြီး Organic Engagement နဲ့ Paid Engagement ရရှိလာစေပါတယ်။ အခြား Media တွေလည်း နည်းတူ သက်ရောက်မှုရှိပါတယ်။ Email Marketing ဟာဆိုရင်လည်း နောက်ထပ်ထိရောက်တဲ့ Media Plan တစ်ခုဖြစ်ပါတယ်၊ ဒီ Email Marketing အပိုင်းမှာဆိုရင် Audience တွေဆီကိုတစ်လ Email ၂ စောင်ပို့ဖို့ အကြံပြုပါတယ်။ ဒါပေမဲ့ သင့်ဆီမှာ Quality ကောင်းတဲ့ Content တွေရှိနေမယ်ဆိုရင် ၁ ပတ်ကို ၁ စောင်ပို့ဖို့ အကြံပြုပါတယ်။ ပို့လိုက်တဲ့ Email ကို Share တဲ့သူတွေ ဖွင့်ကြည့်တဲ့ သူတွေအနည်းနဲ့ အများရှိခဲ့မယ်ဆိုရင် သင့်ရဲ့ Audience Listing တည်ဆောက်နိုင်ပါပြီ။ နောက်ပိုင်းမှာ Email Marketing နဲ့ ထိရောက်တဲ့ Engagement တွေရရှိလာမှာ ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေက တော့ Branding, Rebranding တွေအတွက် Media Plan ကောင်းတစ်ခုဘယ်လို တည်ဆောက်ရမလဲဆိုတာနဲ့ Media Plan ရှိထားခဲ့မယ်ဆိုရင် ရရှိနိုင်တဲ့ အကျိုးရလဒ် တွေပဲဖြစ်ပါတယ်။

Ref – medium

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago