နောက်ပိုင်းလုပ်ငန်း တော်တော်များများက Digital Marketing လို့လူသိများလာတဲ့ Internet Marketing နည်းပညာကို အသုံးပြုပြီး လုပ်ငန်းတွေကို လုပ်ကိုင်လာကြပါတယ်။ Digital Marketing နယ်ပယ်ထဲမှာ ပါဝင်တဲ့ Social Media Marketing က လူသုံးများနေတဲ့ နည်းပညာတစ်ခု ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ မိမိလုပ်ငန်းက ဘယ် Social Media ကိုသုံးပြီး လုပ်ကိုင် ရမယ်ဆိုတဲ့ တစ်ချက်ကို သတိမထားမိတဲ့ လုပ်ငန်းတွေကို လည်းတွေ့ရှိရပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ လုပ်ငန်းတွေအတွက် သင့်တော်မဲ့ Social Media ကိုရွေးချယ်နိုင်မယ့် အကြောင်းအရာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်…
Facebook
အကြီးမားဆုံး Social Media Site တစ်ခုဖြစ်တဲ့ Facebook ဟာဆိုရင် Daily User သန်းပေါင်းများစွာနဲ့ အောင်မြင်နေဆဲပါ။ ဒီ Facebook ကိုဘယ်လိုလုပ်ငန်းတွေ အတွက် သုံးသင့်လဲဆိုရင်တော့ Website နဲ့ အဓိကထား လုပ်ကိုင်တဲ့ လုပ်ငန်းတွေ အတွက်သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Facebook မှာရရှိတဲ့ Website Traffic ရရှိနှုန်းဟာ အခြား Social Media Site တွေထက် ပိုပြီးရရှိ များတာကိုတွေ့ရပါတယ်။ သတင်းနဲ့ Entertainment လုပ်ငန်းတွေ အတွက်လည်း အလွန်သင့်တော်တဲ့ Platform တစ်ခုလို့လဲ ပြောနိုင်ပါတယ်။ Facebook မှာရှိတဲ့ Video Content တွေရဲ့ Engagement ရရှိနှုန်းကလည်း ထင်မထားလောက် အောင်ကောင်းမွန်နေတာကို တွေ့ရပါတယ်။
Instagram
Instagram ဟာဆိုရင် Image, Short Video တွေနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေအတွက် သင့်တော်တဲ့ Social Media Site တစ်ခု ဖြစ်ပါတယ်။ Blog (သို့) Website Traffic အတွက် အသုံးပြုနိုင်ပေမယ့် Facebook လောက်တော့ အားကောင်းမှာ မဟုတ်ပါဘူး။ Instagram နဲ့ အသင့်တော်ဆုံး လုပ်ငန်းတွေကတော့ Visual Brand ကိုဦးစားပေးတဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။
Twitter
Twitter ကတော့ အနောက်နိုင်ငံတွေ အသုံးများတဲ့ Social Media Site တစ်ခုဖြစ်ပြီး သတင်းနဲ့ပတ်သတ်တဲ့ လုပ်ငန်းတွေအတွက် သင့်တော်တဲ့ Site တစ်ခုလည်း ဖြစ်ပါတယ်။ Twitter App ဟာဆိုရင် iOS App Store မှာဆိုရင် သတင်း App တစ်ခုအဖြစ် စာရင်းသွင်းထားတာကို တွေ့ရပါတယ်။ Blog Post တွေနဲ့ Promoting Website Content တွေလုပ်မယ့် လုပ်ငန်းတွေ အတွက်လည်း အသုံးပြုနိုင်တဲ့ Site တစ်ခုဖြစ်ပါတယ်။
Pinterest
နောက်ထပ် Visual Brand ဦးစားပေးတဲ့ လုပ်ငန်းတွေအတွက် သင့်တော်တဲ့ Social Media Site တစ်ခုကတော့ Pinterest ပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတော်တော် များများကတော့ Pinterest ကို Projection Inspiration တွေလေ့လာနိုင်ဖို့ အတွက် အသုံးပြုကြတာကို တွေရပါတယ်။
ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Social Media ကိုဘယ်လိုရွေးချယ်မလဲ? ရွေးချယ်ရခက်ခဲနေတဲ့ မိတ်ဆွေတို့ အနေနဲ့ ဖော်ပြခဲ့တဲ့ အချက်တွေကို လေ့လာသုံးသပ်ပြီး ကိုယ့်လုပ်ငန်းနဲ့သင့်တော်မယ့် Social Media ကိုရွေးချယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
Ref – coschedule
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …