Facebook Hack ခံရတွေ၊ ပြတ်သွားတဲ့ ရည်စားက ကိုယ့်အကောင့်ကို ယူသွားတာတွေ(စတာနော် ဟဲဟဲ)၊ တခြားသူဖွင့်ပေးထားတဲ့ အကောင့်မို့ ပြန်ဝင်မရတာတွေ အစရှိတဲ့ Facebook နဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို လုံလုံခြုံခြုံ ဖြစ်သွားအောင်လုပ်နိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးသွားချင်ပါတယ်။ အခုဖော်ပြပေးသွားမယ့် နည်းလမ်းကို သိတဲ့သူတွေရှိသလို မသိသေးတဲ့သူတွေအတွက် အကျိုးရှိစေချင်လို့ ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ကဲဒီနည်းလမ်းကို ပုံနဲ့တကွ ဖော်ပြပေးသွားပါမယ်…
ပထမဆုံး ပြောပြချင်တာက Two-Factor Authentication လုပ်တဲ့ နည်းပဲဖြစ်ပါတယ်။
-Facebook Setting ကိုသွားပါ
-Security and Login ကိုသွားပါ
-Two-Factor Authentication ကိုသွားပြီး Get Start ဆိုတာကိုနှိပ်ပါ
Method ၃ မျိုးရှိတဲ့ထဲက Text Message ဆိုတာကိုရွေးပါ ( ဒီနည်းက အလွယ်ဆုံးနည်းလမ်းမို့ပါ)။
ဖုန်းနံပတ်ထည့်တဲ့ အခါမှာ ကိုယ်သေချာသုံးတဲ့ ဖုန်းနံပတ်ကို ထည့်ပေးပါ (အကောင့်တခုခုဖြစ်ခဲ့ရင် ဒီဖုန်းနံပတ်နဲ့ ပြန်ယူနိုင်လို့ပါ) အချိန်တိုအတွင်းမှာ သင့်ဖုန်းကို Confirmation Code ၆ လုံးပို့ပေးပါလိမ့်မယ်
-ဒီအချက်တွေပြီးသွားရင်တော့ သင့် Facebook Account ဟာ Two-Factor Authentication အလုပ်လုပ်ပါပြီ
-ဒီနည်းလမ်းကို လုပ်ထားခြင်းဖြင့် သင့် Facebook Account ကိုအခြားသူတွေ ဝင်ဖို့ကြိုးစားမယ်ဆိုရင် သင့်ဖုန်းကို Alert SMS ပို့ပေးပါတယ်။ တိုက်ရိုက်တန်းမဝင်နိုင်တော့ပါဘူး သင့်ဖုန်းကိုပို့တဲ့ Code ကိုရမှသာ သင့်အကောင့်ထဲကို ဝင်နိုင်မှာဖြစ်ပါတယ်။
နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ Two-Factor Authentication မှာ Alert တစ်ခုခုဖော်လာပြီဆိုရင် ကိုယ့်အကောင့်က ဘယ် Device တွေမှာ Login ဝင်နေတယ်ဆိုတာကို ကြည့်နိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်…
-Security and Login ထဲမှာပဲရှိပြီး အပေါ်ဆုံးမှာရေးထားတဲ့ Where you’re logged in ဆိုတဲ့နေရာမှာရှိတဲ့ See All ကိုရွေးပေးပါ
-ဒီအဆင့်တွေပြီးသွားရင် ကိုယ့်ရဲ့ Facebook Account ဝင်နေတဲ့ Device တွေကိုတွေ့ရပါမယ်။ ကိုယ့်မဟုတ်တဲ့ Device တွေဆိုရင် Log Out Device လုပ်နိုင်ပါတယ်။ တစ်ချို့ PC မှာကောဖုန်းမှာကော Account ဝင်ထားရင်တော့ Device ၂ ခုတော့ ဖြစ်နေမှာပါ။
ဒီနည်းလမ်းတွေနဲ့ သင့် Facebook Account ကို Secure ဖြစ်ဖြစ်နဲ့ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …