Categories: Blog

အင်တာနက်ပေါ်မှာ မိနစ်တိုင်းဘာတွေ ဖြစ်နေလဲ

အခုမှာ လူတိုင်းနီးပါး အင်တာနက်ကို အသုံးပြုလာကြပြီး စီးပွားရေးလုပ်ငန်းတော်တော်များများကလည်း Online Marketing နည်းဗျူဟာတွေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းတွေကို တွဲဖက် လုပ်ကိုင်လာကြပါတယ်။ Mobile Phone တွေကိုလည်းလူတိုင်းနီးပါး ဝယ်ယူအသုံးပြုနေနိုင်ပြီဖြစ်တဲ့ အတွက် အင်တာနက် အသုံးပြုမှုက ပိုပိုပြီး မြင့်တက်လာဖို့ပဲ ရှိပါတယ်။ PC နဲ့အသုံးပြုနေကြတဲ့လူတွေကလည်း ပိုကျယ်ပြန့်လာတဲ့ အင်တာနက်ကနေ နည်းပညာသစ်တွေ၊ လေ့လာစရာ ပညာရပ်တွေအတွက် ပိုပြီး အဆင်ပြေလာပါတယ်။ Mobile နဲ့ရော မလေ့လာနိုင်ဘူးလားဆိုရင်တော့. Mobile နဲ့လည်း လေ့လာနိုင်ပါတယ်၊ ဒါပေမဲ့ PC မှာကျတော့ပိုပြီး Productive ဖြစ်ဖြစ်လေ့လာနိုင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

အင်တာနက်ကို လူတိုင်းနီးပါသုံးနေကြပေမယ့် အင်တာနက်ပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လူတိုင်းနီးပါမသိနိုင်ပါဘူး။ ဒါကြောင့် ယခုလက်ရှိ ၂၀၁၉ ရဲ့အင်တာနက်ပေါ်မှာ မိနစ်တိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေနဲ့ အချက်အလက်တွေကို ဖော်ပြပေးသွားပါမယ်…

  • နာမည်ကြီး Movie Streaming/Movie App တစ်ခုဖြစ်တဲ့ Netflix မှာ User တွေရဲ့ Video Stream Hour က 69,444 Hour ရှိပါတယ်
  • Online food ordering company တစ်ခုဖြစ်တဲ့ Grubhub မှာတော့ 8,683 Order လက်ခံရရှိပါတယ်
  • Instagram မှာဆိုရင် User တွေက Stories Post 277,777 Post တွေတင်ပြီး Photo Post 55,140 Post တင်ကြပါတယ်
  • YouTube မှာ User တွေက 4,500,000 Video ကြည့်ကြပါတယ်
  • Twitter User တွေက 511,200 Tweets ပို့ကြပါတယ်
  • Email User တွေက 188,000,000 သော Email စောင်ရည် ပိ့ုနေကြပါတယ်
  • Skype User တွေက 231,840 Skype Call တွေ Call ကြပါတယ်
  • American တွေရဲ့ Internet အသုံးပြုတဲ့ Data အရည်အတွက်က 4,416,720 GB ရှိပါတယ်
  • Airbnb ရဲ့ Reservations က Booking 1386 ရရှိပါတယ်
  • Uber User တွေရဲ့ Uber အသုံးပြုမှုက 9,772 Ride ရှိပါတယ်
  • PayPal ကပိုင်တဲ့ Mobile payment service ဖြစ်တဲ့ Venmo ကိုအသုံးပြုထားတဲ့ Transactions Amount က $162,037 ရှိပါတယ်
  • Google Search Engine ကိုသုံးပြီး ရှာဖွေတဲ့ Search Result တွေက 4,497,420 ရှိပါတယ်
  • App Downloading အရေအတွက်တွေဟာဆိုရင်လည်း 390,030 ရှိပါတယ်
  • Tumbler User တွေရဲ့ Publish Post တွေကတော့ 92,340 Post ရှိပါတယ်
  • နာမည်ကြီး Live streaming video platform တစ်ခုဖြစ်တဲ့ Twitch မှာ User တွေကြည့်ရှုတဲ့ Video အရေအတွက်က 1,000,000 ရှိပါတယ်
  • Love Hashtag (#Love) အသုံးပြုပြီး Post တင်တဲ့ အကြိမ်ရေဟာလည်း 23,211 ကြိမ်ရှိပါတယ်
  • Giphy မှာပြုလုပ်ပြီးှ အသုံးပြုထားတဲ့ Gifs အရေအတွက်ကလည်း 4,800,000 File ရှိပါတယ်

ဒီအချက်တွေက၂၀၁၉ ရဲ့အင်တာနက်ပေါ်မှာ မိနစ်တိုင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာနဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုတွေက နယ်ပယ်စုံမှာ ထွန်းကားနေတာကိုလည်း တွေ့ရှိရပါတယ်။ အင်တာနက်နဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကိုလည်း မိတ်ဆွေတို့ သိရှိနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago