Categories: Blog

WWDC 2019 မှာ Apple က မိတ်ဆက်လိုက်တဲ့ iOS 13 အကြောင်း

Apple ချစ်သူတွေ စောင့်မျှော်နေတဲ့ iOS 13 ကို WWDC 2019 မှာ မိတ်ဆက်ပေးခဲ့တဲ့ Feature သစ်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Apple User တွေကို ဘယ်လို Feature တွေက ရင်ခုန်စေမလဲဆိုတာကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်…

– iOS 12 မှာ စတင် မိတ်ဆက်ပေးခဲ့တဲ့ Dark Mode ထက်ပိုပြီး Smart ဖြစ်တဲ့ Dark Mode ကို iOS 13 မှာမိတ်ဆက်ပေးခဲ့ပါတယ်။ iOS 13 ရဲ့ Dard Mode က ညဘက်မှာ အကောင်းဆုံး Performance ကို ပေးမယ့် Dark Mode တစ်ခုဖြစ်ပါတယ်။

– Photos Editing Tool တွေဟာဆိုရင်လည်း iOS 13 မှာ အရင်ကထက် ပိုပြီး အသုံးပြုရလွယ်လာပြီး Portrait Lighting Adjustment Feature ပါဝင်လာပြီး၊ Photos Editing Tool တွေနဲ့ Video တွေကိုပါ Edit လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ Photo App ရဲ့ UI(User Interface) ကလဲ အရင်ကနဲ့ မတူတော့ပဲ ပိုပြီး Smart ဖြစ်လာတာကို တွေ့ရပါတယ်။

– နောက်ထပ် မိုက်တဲ့ Feature တစ်ခုကတော့ iOS 13 မှာပါတဲ့ “ Find My” ဆိုတဲ့ App ကတော့ Find My iPhone နဲ့ Find My Friends ဆိုကို ပေါင်းထားတဲ့ App ဖြစ်ပြီး၊ သင်တို့ရဲ့ Devices တွေက Offline ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ Bluetooth နဲ့ တခြား iOS Device တွေအနီးအနားမှာ ရှိခဲ့မယ်ဆိုရင် Track လုပ်နိုင်မှာ ဖြစ်ပါတယ်။ Map App ရဲ့ UI က အရင်ကထက် ပိုပြီး Smart ဖြစ်လာတာကို တွေ့ရပါတယ်။


– Performance ပိုင်းမှာဆိုရင် iOS 13 မှာဆိုရင် App Launch Time က iOS 12 ထက် ၂ ဆ ပိုမြန်လာပြီး၊ Face ID ဖွင့်တဲ့ အချိန်က အရင်ကထက် ၃၀% ပိုမြန်လာပါတယ်။ App Download Size တွေကိုလည်း ၅၀% အထိ လျှော့ချပေးထားပါတယ်။

-Apple က User Data တွေအတွက် Privacy ကို အရမ်းဂရုစိုက်ပေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ အတွက် iOS 13 မှာ Sign in with Apple ဆိုတဲ့ Feature သစ်တစ်ခုကိုလည်း ထည့်ပေးထားလိုက်ပါတယ်။ App တွေ Website တွေကို Sign In လုပ်ခဲ့ရင် Data ပေါက်ကြားမှုတွေ မဖြစ်ပေါ်ဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီ Feature ကိုကတော့ Apple ID, Face ID တို့နဲ့ တွဲဖက် အသုံးပြုရမှာဖြစ်ပါတယ်။

-iOS 13 မှာ octopus, cow နဲ့ octopus ဆိုတဲ့ Animoji အသစ် ၃ ခု ပါဝင်လာမှာ ဖြစ်ပြီး၊ Face ID ပါတဲ့ iOS Devices တွေအတွက် သတင်းကောင်း တစ်ခုကတော့ Memoji တွေကို iOS Build-In Keyboard မှာ Sticker Pack တစ်ခုအနေနဲ့ သုံးနိုင်မှာ ဖြစ်တဲ့အတွက် Message, Mail တို့တွေမှာ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။ Memoji မှာဆိုရင်လည်း Character သစ်တွေ အများကြီး ထည့်သွင်းပေးထားပါသေးတယ်။

– အခြားပြောင်းလဲမှုတွေရှိတဲ့ Features တွေကတော့ Reminders, Messages, Siri, CarPlay, HomePod, Notes အစရှိတဲ့ Build-In App တွေပဲ ဖြစ်ပါတယ်။ iOS 13 ကို Support ပေးမယ့် iOS Devices တွေကတော့…

iPhones
iPhone SE, iPhone 6s/6s Plus, iPhone 7/7 Plus, iPhone 8/8 Plus, iPhone X, iPhone XR, iPhone XS/XS Max

iPads
iPad mini 4, iPad mini 5, iPad Air 2, iPad Air 3, iPad 5th generation, iPad 6th generation, 9.7-in iPad Pro, 10.5-in iPad Pro, 11-in iPad Pro, 12.9-in iPad Pro 1st, 12.9-in iPad Pro 2nd, 12.9-in iPad Pro 3rd
iPod
iPod touch 7th generation

ဒီ iOS 13 ကိုတော့ September မှာ Officially သုံးနိုင်မှာ ဖြစ်ပြီး Beta Version ကိုတော့ အခုချိန်မှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Beta Version ဖြစ်တဲ့ အတွက် Bug တော့အနည်းငယ် ရှိနိုင်ပါတယ်။ Officially ကိုမှသုံးချင်တယ် ဆိုတဲ့ User တွေကတော့ စိတ်ရှည်ရှည်နဲ့ စောင့်ပေးဖို့ လိုပါတယ်။

Ref – apple, macrumors

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago