ဒီတစ်ပတ်မှာ တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ ကမ္ဘာကျော် Smart Phone Brand တွေဖြစ်တဲ့ Apple နဲ့ Samsung တို့ရဲ့ နှိုင်းယှဉ်ချက်ဖြစ်ပါတယ်။ နှိုင်းယှဉ်ပြပေးမယ့် Phone Model တွေကတော့ iPhone 8 Plus နဲ့ Samsung Galaxy Note 8 တို့ ဖြစ်ပါတယ်။
ပထမဆုံး ဖုန်း ၂ လုံး ကို အကြမ်းမျဉ်းသုံးသပ်ရရင် iPhone 8 Plus မှာ Processor ကို Hexa Core သုံးထားပြီး Galaxy Note 8 မှာတော့ Octa Core အသုံးပြုထားပါတယ်။ Screen Size မှာတော့ Galaxy Note 8 က ပိုကြီးပါတယ်။ 6.3 inches ဖြစ်ပြီး iPhone 8 Plus ကတော့ 5.5 inches ဖြစ်ပါတယ်။ 5.5 inches ကတော့ အရမ်းသေးတာတော့မဟုတ်ပါဘူး။ ကျစ်ကျစ်လစ်လစ်နဲ့ ကိုင်လို့ကောင်းတဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။
Processor
iPhone 8 Plus မှာ Apple ရဲ့ A11 Bionic Chipset ကိုသုံးထားပြီး Galaxy Note 8 မှာတော့ Samsung ရဲ့ Exynos 9 Octa 8895 ကို သုံးထားပါတယ်။ Processor က iPhone 8 Plus မှာ Hexa Core ဖြစ်ပြီး 2.53 GHz ထိ support ပေးပါတယ်။ Galaxy Note 8 မှာတော့ Octa Core ဖြစ်ပြီး 2.3 GHz ထိ ရရှိပါတယ်။ Processor ကတော့ အရမ်းကြီးမကွာခြားပါဘူး။
Ram
Ram က iPhone 8 Plus မှာ 3 GB ထိပေးထားပြီး Galaxy Note 8 မှာတော့ 6 GB ထိရရှိမှာဖြစ်ပါတယ်။ ၂ လုံးစလုံးကတော့ သူ့ဒီဇိုင်းအတွက်သူတော့ လုံလောက်တဲ့ Processor တွေသုံးထားလို့ သိသိသာသာကြီး ကွာခြားမှာတော့ မဟုတ်ပါဘူး။ Ram လေးပဲ တစ်ဝက်လောက်ကွာပေမယ့် ၂ လုံးစလုံးကတော့ သူ့ဒီဇိုင်းအတွက်သူတော့ လုံလောက်တဲ့ Processor တွေသုံးထားလို့ Game တွေ App တွေဖွင့်ဖို့အတွက်တော့ သိသိသာသာကြီး ကွာခြားမှာတော့ မဟုတ်ပါဘူး။
Operating System
Operating System ကတော့ iPhone 8 Plus မှာ Apple ရဲ့ iOS v11 ဖြစ်ပြီး Galaxy Note 8 မှာ Android v7.1.1 (Nougat) ကို သုံးထားပါတယ်။
Display
iPhone 8 Plus မှာ IPS LCD ကိုသုံးထားပြီး 401 ppi ရှိပါတယ်။ Galaxy Note 8 မှာတော့ Super AMOLED ကိုသုံးထားပြီး 522 ppi ရှိပါတယ်။ Screen Resolution ကတော့ iPhone 8 Plus မှာ Full HD (1080 x 1920 pixels) အထိရရှိပြီး 3D Touch ကို support ပေးပါတယ်။ Galaxy Note 8 ကတော့ Resolution ပိုမြင့်ပြီး 1440 x 2960 pixels အထိရရှိပါတယ်။
Storage
Storage မှာ ဖုန်း ၂ မျိုးလုံးက 64/128/256 GB ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။ Galaxy Note 8 မှာတော့ Internal Memory အပြင် External Memory Card ကိုလည်း 256 GB အထိ support ပေးပါတယ်။
Charging
ဖုန်း ၂ မျိုးလုံးက Quick Charging ကို support ပေးပါတယ်။
Network and Sim Support
Sim Card ကတော့ iPhone တွေရဲ့ ထုံးစံအတိုင်း Dual Sim ကို support မပေးပါဘူး။ Galaxy Note 8 မှာကတော့ Dual Sim ရပါတယ်။ ဖုန်း ၂ မျိုးလုံး 4G support ပေးပြီး Nano Sim အရွယ်အစားကို အသုံးပြုရမှာဖြစ်ပါတယ်။
Sensors
ဖုန်း ၂ မျိုးလုံးမှာ Light sensor, Proximity sensor, Accelerometer, Barometer, Compass, Gyroscope နဲ့ Fingerprint Sensor ပါဝင်ပါတယ်။ iPhone 8 Plus မှာတော့ Fingerprint ကို အရှေ့ကနှိပ်ရမှာဖြစ်ပြီး Galaxy Note 8 မှာကတော့ အနောက်ကနေ နှိပ်ရမှာဖြစ်ပါတယ်။
Phone Body and Weight
iPhone 8 Plus မှာ အနောက်ဘက်ကို Aluminium ရယ် Mineral Glass ရယ်နဲ့ဖွဲ့စည်းထားပါတယ်။ အထူကတော့ iPhone 8 Plus မှာ 7.5 mm ဖြစ်ပြီး Galaxy Note 8 မှာ 8.6 mm ဖြစ်ပါတယ်။ ကွာခြားလွန်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ အလေးချိန်ကတော့ iPhone 8 Plus မှာ 202 grams လေးပြီး Galaxy Note 8 မှာ 195 grams လေးပါတယ်။
Waterproof and Dust Proof
ဖုန်း ၂ လုံးစလုံး Dust Proof ဖြစ်ပြီး Water Resistant မှာတော့ Galaxy Note 8 က သာပါတယ်။ iPhone 8 Plus က IP67 ဖြစ်ပြီး Galaxy Note 8 က IP68 ဖြစ်ပါတယ်။ Galaxy Note 8 ရေအနက် ၁ မီတာခွဲမှာ နာရီဝက်အထိ ခံနိုင်ရည်ရှိပါတယ်။
Available Colors
ရရှိနိုင်တဲ့ အရောင်တွေကတော့ iPhone 8 Plus မှာ Gold, Red, Silver, Space Grey ဖြစ်ပြီး Galaxy Note 8 မှာတော့ Midnight Black, Maple Gold တို့ဖြစ်ပါတယ်။
Price
ဈေးနှုန်းကတော့ ဖုန်း ၂ မျိုးလုံး စစထွက်ချင်းမှာ ၁၂ သိန်းကနေ ၁၅ သိန်းအထိပေါက်ဈေးရှိပြီး လက်ရှိမှာတော့ နဂိုထက်လျော့နည်းတဲ့ဈေးနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Ref: Gadget Snow
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …