အခုဖော်ပြချင်တဲ့အချက်တွေက iPhone စဝယ်လာတဲ့ User တွေနဲ့ လက်ရှိသုံးနေတဲ့ User တွေ သတိမပြုမိတဲ့ Setting လေးအချို့ကို ဖော်ပြသွားပေးမှာဖြစ်ပါတယ်…….
AssistiveTouch (Easy Touch) လေးမပေါ်နေရင်ဘယ်လိုပေါ်လာအောင်လုပ်မလဲ? ဘယ်လိုပေါ်လာအောင်လုပ်မလဲဆိုတော့ Setting ထဲက General ဆိုတာထဲကိုဝင်လိုက်ပါ။ Generalထဲမှာမှ Accessibilityထဲကိုဝင်ပါ၊ Accessibility ထဲက AssistiveTouch ဆိုတာလေး On ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင် Appတစ်ခုထဲကထွက်ချင်ပြီဆိုရင် Home Button တွေ Side Button တွေကိုနှိပ်နေစရာမလိုတော့ပါဘူး။ အဲ့ဒီ AssistiveTouch လေးကို Shortcut နဲ့ ဖော်ချင်ဖျောက်ချင်တယ်ဆိုရင် Setting> General> Accessibility ထဲက Accessibility Shortcut မှာ AssistiveTouch ဆိုတာကိုရွေးထားလိုက်မယ်ဆို Home Button (Or) Side Button ကိုသုံးချက်နှိပ်လိုက်ရင် AssistiveTouch လေးကို ဖော်ခြင်းဖျောက်ခြင်းများပြုလုပ်နိုင်ပါပြီ။ AssistiveTouch အစားအခြား Function တွေကိုလည်းအသုံးပြုနိုင်ပါတယ်။
Control Center မှာ လိုအပ်တဲ့ Apps တွေထပ်ထည့်ချင်ပါသလား။ ဥပမာ – Control Center မှာ Screen Recording, Low Power Mode, Alarm, Note အစရှိတဲ့ Apps တွေကိုထည့်သွင်းတာကိုပြောတာပါ။ အဲ့ဒီလိုပြုလုပ်နိုင်ချင်တယ်ဆိုရင် Setting ထဲမှာ Control Center ဆိုတာရှိပါတယ်၊ ထို ControlCenter ထဲမှာ Access Within Apps ဆိုတာကို On ထားပါ၊ Customize Controls ထဲဝင်ပြီး သင်ဖြုတ်ချင်တဲ့ Apps တွေကိုဖြုတ်ပြီး ထည့်ချင်တဲ့ Apps တွေကိုထည့်ထားနိုင်ပါတယ်။ ဒီတစ်ချက်က အချိန်ကုန်သက်သာစေပါတယ်။
iPhone အသစ်ဝယ်လာတဲ့အခါမှာ တစ်ချို့ Setting တွေက ပွင့်နေတတ်ပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတော့ Home Button (Or) Side Button ကိုမနှိပ်ပဲ Screen ပွင့်ပွင့်လာတာပဲဖြစ်ပါတယ်။ အဲ့ဒီလိုပွင့်နေတာတွေကိုမကြိုက်တဲ့ User တွေအတွက်ဒီအချက်လေးတွေကို အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ Screen ကိုHome Button (Or) Side Button မနှိပ်ပဲမပွင့်စေချင်ရင် Setting ရဲ့ Display & Brightness ထဲက Raise To Wake ကို ပိတ်ထားပေးလိုက်ပါ၊ ဒါဆိုရင်သင့်ဖုန်းကို ယူလိုက်ပြီး မျက်နာဘက်မူလိုက်ရင် Screen ဖွင့်လာတာ မဖြစ်တော့ပါဘူး။ နောက်တစ်ချက်က Setting>General>Accessibility ထဲက Tap To Wake ကို ပိတ်လိုက်ပါ၊ ဒါဆိုရင် သင့်ဖုန်း Screen ကိုထိလိုက်ရင် Screen မပွင့်လာတော့ပါဘူး။ ဒီအချက်လေးတွေက Screen ကို Home Button (Or) Side Button ကိုနှိပ်မှပွင့်စေချင်တဲ့ User တွေအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
iPhone 6s နဲ့ နောက်ထွက်ဖုန်းတွေမှာပါလာတဲ့ 3D Touch ကိုဘယ်လိုသွားဖျောက်မလဲ? ဒီ 3D Touch ကို ဖျောက်ခြင်း မဖျောက်ခြင်းဟာ ဘာမှကြီးကြီးမားမားပြောင်းလဲမှုမဖြစ်ပေမဲ့။ ဒီအချက်ကတော့ အထူးသဖြင့် iMessage အသုံးပြုတဲ့ User တွေပေါ့ Message တွေ ကို Effectတွေ နဲ့ပို့ချင်တဲ့ အခါ Send Button ကိုဖိထားရပါတယ် အဲ့လိုအချိန်မှာ 3D Touch ဝင်သွားရင် Effect နဲ့ ပို့လို့မရတတ်ပါဘူး၊ ဒီအချက်က Send Button ကိုအားလေးနည်းနည်းသုံးပြီးဖိထားရတတ်ပါတယ်။ ဒီတော့ 3D Touch ကိုမဖွင့်ထားရင် အားစိုက်ပြီးဖိစရာမလိုတော့ပါဘူး Effect နဲ့ Message ပို့တဲ့အချိန်မှာ။ ဒီတော့ 3D Touch ပိတ်ချင်တဲ့ User တွေအတွက် Setting>General>Accessibility ထဲက 3D Touch လေးကိုပိတ်လိုက်ရင်ရပါပြီ။
ဒီအချက်လေးတွေဟာ တစ်ခါတစ်ရံမှာသတိမထားမိဖြစ်နေတတ်ကျပါတယ်။ Setting တွေအများကြီးရှိပေမဲ့ဒီအချက်လေးတွေကို သတိထားမိစေချင်လို့ Sharing လုပ်ရခြင်းဖြစ်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …