Video content ဟာ Facebook, Twitter စတဲ့ platform တွေကို အသုံးပြုတဲ့ user များရဲ့share ခြင်းကိုအခြားသော post များ ထက်အဆ(၂၀) သာလွန်အောင်ဆောင်ရွက်နိုင်ကြောင်းတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်ကတော့ ဘယ်လို content video အမျိုးအစားက ဘယ်လိုအကောင်းဆုံးအချက်ကိုလုပ်ဆောင်နိုင်လဲဆိုတာပါ။ဒါကြောင့် ယခုလက်ရှိ trend ဖြစ်နေတဲ့Top video content အမျိုးအစား အချို့ကို လေ့လာနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်…..
1) Live streaming video
Facebook, Instagram နဲ့ အခြားသော social media channel တွေမှာ live streaming ပြုလုပ်ခြင်းဟာပိုမိုရေပန်းစားလာတာကိုတွေ့ရမှာပါ။ လေ့လာမှုတွေအရ live streaming ပြုလုပ်ခြင်းက audience engagement ပိုရပြီး viewer တွေကိုလဲကြိုတင်ရိုက်ပြီးသား video တွေတင်ခြင်းထက် live streaming ပြုလုပ်ခြင်းက ပိုပြီးကြာကြာထိန်းထားနိုင်ပါတယ်။
2) Shoppable
Shoppable video content Shoppable video content ကတော့ထိရောက်မှုမြင့်ပြီး brand တွေကို user တွေကိုယ်တိုင် Instagram နဲ့ snap video ads တွေမှာကြည့်ရှုပြီး ၀ယ်သင့်မဝယ်သင့် ကိုလက်တွေ့ ကျကျ စဉ်းစားနိုင်အောင် ဖော်ပြ ပေးတဲ့ အတွက် ရေးပန်းစားလာပါတယ်။
3) 360 degree content
မကြာသေးခင်ကမှ ခေတ်စားလာတဲ့ 360 degree content ဟာလဲ viewer တွေရဲ့အမြင့်ကိုသုံးဖက်မြင်ရှုထောင့်အနေနဲ့ ပိုမိုမြင်တွေ့ရတဲ့အတွက် ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကိုရရှိစေပါတယ်။ 360 contentကို ၆၀% သောသူတွေကတော့ အားကစားနဲ့ ခရီးသွားလာမှု အကြောင်းတွေကိုမြင်ချင်ကြပြီး ၅၅% သောသူတွေကတော့ ဖျော်ဖြေရေးအတွက် ၃၁% ကတော့ သတင်းနဲ့ documentary အတွက်နဲ့ ၃၀%ကတော့ TV shows တွေအတွက်မြင်လိုကျပါတယ်။
4) Virtual reality
Virtual reality နဲ့ သက်ဆိုင်တဲ့ video တွေဖြစ်ပါတယ်။ ဘယ်လိုလဲဆိုတော့ viewer တွေဟာသူတို့ကိုတိုင် video ထဲမှာကိုယ်တိုင် ပါ၀င်နေသလိုခံစားစေရတဲ့ နည်းပညာနဲ့ဖန်တီးထားတဲ့ video တွေဖြစ်ပါတယ်။ VR ဟာ ဂိမ်းနယ်ပယ်မှာတင် မကပဲ ပညာရေး၊ ကျန်းမာရေး ၊စီးပွားရေး ၊စျေးကွက်ထိုးဖေါက်ခြင်း ၊social media နဲ့ အခြားသော အရာများအတွက် ထိရောက်တဲ့ Marketing နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
5) Shooting Video With Smartphones
ယခုအချိန်မှာ စွမ်းဆောင်မှုမြင့်မားတဲ့ဖုန်းတွေထွက်ပေါ်လာတာနဲ့ အညီဖုန်းဖြင့် ရိုက်ကူးထားတဲ့ Video တွေ ကိုပေးပို့ခြင်းဟာလဲ ခေတ်စားလာပါတယ်။ စျေးကွက်ရှာဖွေသူတွေအနေနဲ့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ Video ပေးပို့ခြင်းဟာ Customer နှင့်ဖုန်းခေါ်ဆိုခြင်း Email ကတစ်ဆင့်ပေးပို့ခြင်းတို့ထက် Customer တွေ နဲ့ ပိုပြီးနွေးထွေတဲ့ ဆက်နွယ်မှု ကိုရရှိစေနိုင်ပါတယ်။
6) Blogs(Vlogs)
Vlogging လို့ခေါ်တဲ့ video blogging ဟာလဲ content marketing အတွက်အဓိက အရေးပါတဲ့ trendတစ် ခုပဲဖြစ်ပါတယ်။ Travel blogger, food blogger, beauty blogger စသည်ဖြင့် နယ်ပယ် မျိုးစုံအလိုက် blogger တွေခေတ်စားလာပါတယ်။ အားသာချက်ကတော့ ကိုယ်တိုင် viewer တွေနဲ့ ထိတွေ့ခွင့် ရပါတယ်။ ကိုယ်ရဲ့စစ်မှန်မှုကိုဖော်ပြလို့ရတဲ့ အတွက် viewer တွေ ရဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်ပါတယ်။Vlog တွေ ကနေတစ်ဆင့် sponsor တွေနဲ့ပူပေါင်းပြီး product တွေကို advertise လုပ်ခြင်း product placement ဖော်ပြခြင်းတွေကို လုပ်ဆောင်နိုင်တဲ့ အတွက်အရေးပါတဲ့ trend တစ်ခုဖြစ်လာပါတယ်။အခုဖော်ပြထားတဲ့ အချက်တွေကလေ့လာခြင်းအားဖြင့် သင့်ရဲ့ strategy အတွက် ပိုမိုကောငး်မွန်တဲ့ video content တွေဖန်တီးရန်အတွေးအခေါ်သစ်၊အမြင်သစ်၊နည်းလမ်းသစ် တွေရရှိဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။
Ref- socialmediatoday
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …