Social Media Conversation တွေအတွက်ဆိုရင် Platform တော်တော်များများဟာ DMs (Direct Message) ဘက်ကို Shifting လုပ်လာကြတာကိုတွေ့ရပါတယ်။ ဒီလိုပဲ LinkedIn ကလည်း Messaging Tool ကို Built Out လုပ်ဖို့အတွက် ပြင်ဆင်နေတာကို တွေ့ခဲ့ရပါတယ်။ LinkedIn အတွက် Big Step တစ်ခုဖြစ်လာဖို့အတွက် Company Page တွေအတွက် Message Send နဲ့ Message Receive လုပ်နိုင်စေဖို့အတွက် Option သစ်တစ်ခုကို Launch လုပ်ခဲ့ပါပြီ။
ဒီလို LinkedIn Company Page တွေကို Direct Message လုပ်နိုင်လာတဲ့အတွက်လည်း Platform ပေါ်က Business တွေအတွက်လည်း ပိုကောင်းတဲ့ Result တွေထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ Company တွေကို In App ကနေပဲ Direct Message ပိုနိုင်သွားတဲ့အခါမှာ Page Admin အနေနဲ့လည်း Respond ကောင်းကောင်းလုပ်နိုင်သွားမှာဖြစ်ပါတယ်။ ဒီအချက်က Engagement Option တစ်ခုအနေနဲ့လည်း ထပ်မံတိုးလာမှာ ဖြစ်ပါတယ်။
LinkedIn ရဲ့ဖော်ပြချက်အရ Company 63 Million ကျော်ဟာ LinkedIn ပေါ်မှာပဲ Company Pages တွေအဖြစ်နဲ့ Active ဖြစ်လျက်ရှိနေတာကိုတွေ့ရပါတယ်။ ယခုအသစ် Launch လုပ်ပေးခဲ့ Company Page တွေအတွက် DMs(Direct Message) ဟာ Business တွေအတွက် အတော်အသုံးဝင်စေမယ့် Option တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။