Logo တစ်ခုမှာဆိုရင် Direct Message တိုက်ရိုက်ပေးချင်သော အဓိပ္ပါယ်နဲ့ Hidden Message လျှို့ဝှက်စွာဖော်ပြသော အဓိပ္ပာယ် ဆိုပြီး အဓိက ၂ မျိုးရှိကြပါတယ်။ ဒါ့အပြင် Logo ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းတွေ ဒဏ္ဍာရီတွေလည်းရှိကြပါတယ်။

ကမ္ဘာကျော် Company အမျိုးမျိုးရဲ့ Logo တွေမှာလည်း လှျှို့ဝှက်တဲ့ အဓိပ္ပာယ်တွေ သမိုင်းကြောင်းတွေ ရှိကြပါတယ်။ အဲဒါကြောင့် ကမ္ဘာကျော် Brand Logo တွေရဲ့ လျှို့ဝှက်သော အဓိပ္ပာယ်များကို တင်ဆက်လိုက်ပါတယ်။

 

Amazon

Amazon Logo မှာပါတဲ့ အောက်က မြှားအဝါလေးဟာ A ကနေ Z ကိုထိုးထားပါတယ်။ သူ့အဓိပ္ပာယ်ကတော့ A to Z ပစ္စည်းတွေ Amazon မှာ အကုန်ရနိုင်တယ်လို့ ဆိုလိုပါတယ်။

 

Baskin Robbins

Baskin Robbins Ice-cream ရဲ့ Logo မှာတော့ B နဲ့ R မှာ Hidden Message ပေးထားပါတယ်။ သေချာကြည့်မယ်ဆိုရင် 3 နဲ့ 1 ကိုတွေ့ရမှာပါ။ အဓိပ္ပာယ်ကတော့ အရသာ 31 မျိုးရှိတယ်လို့ ဆိုပါတယ်။

 

Coca-Cola

ကမ္ဘာကျော် Coca-Cola Logo မှာလည်း လက်ရေးလှ Typography ပုံစံရေးထားတယ် ဆိုပေမယ့် သူ့မှာလည်း Hidden Message ရှိပါတယ်။ ဝိုင်းထားတဲ့နေရာလေးက ဒိန်းမတ်အလံကို ဖော်ပြတာပါ။

 

FedEx

FedEx မှာ မြှားပုံစံလေး တစ်ခုတွေ့အောင်ရှာကြည့်ပါ။ E နဲ့ X ကြားမှာ White Space နဲ့ဖော်ပြထားတဲ့ မြှားလေးဟာ မြန်ဆန်ကြောင်းကို ဖော်ပြတဲ့ Message တစ်ခုပါ။

 

Formula 1

ကမ္ဘာကျော် Formula 1 မှာလည်း F ရယ် မြန်ဆန်မှုကိုပြတဲ့ Speed Line လေးတွေရယ်နဲ့ ဖော်ပြထားပါတယ်။ 1 ကိုရော ရှာတွေ့ပါသလား။ F နဲ့ Speed Line ကြားမှာ White Space နဲ့ ဖော်ပြထားပါတယ်။

 

Gillette

Gillette Logo မှာ ထူးခြားတဲ့ နေရာလေးကတော့ G နဲ့ i မှာပါ။ ပုံမှန်အတိုင်းမဟုတ်ဘဲ တစ်စောင်းလေး ဖြတ်ထားပါတယ်။ သူရဲ့ အဓိပ္ပာယ်ကတော့ Gillette ရဲ့ မုတ်ဆိတ်ရိတ်ဓားတွေဟာ ထက်ပြီးတိခနဲပြတ်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။

 

Sony VAIO

Sony VAIO မှာတော့ V နဲ့ A က Analogue Signal ကိုဖော်ပြပြီး I နဲ့ O ဟာ Digital Signal ဖြစ်တဲ့ 1 နဲ့ 0 ကို ကိုယ်စားပြုပါတယ်။

 

LG

LG Logo ကတော့ လူတစ်ယောက် ပြုံးနေတဲ့မျက်နှာကို ဖော်ပြပါတယ်။ တချို့ကလည်း Pacman symbol ကနေ ပြောင်းလဲထားတဲ့ ပုံစံတစ်ခုလို့ဆိုပါတယ်။

 

Pinterest

Pinterest မှာတော့ P လေးကို အပ်ပုံစံလေး လုပ်ထားပြီး Hidden Message ပေးထားပါတယ်။ Board ပေါ်မှာ Pin လေးထိုးပြီး စာရွက်တွေကပ်ထားတဲ့ အဓိပ္ပာယ်အနေနဲ့ Pinterest ကို ပုံဖော်ထားပါတယ်။

 

Toblerone

Toblerone Logo မှာ ဝက်ဝံတစ်ကောင်ပါပါတယ်။ တွေ့အောင်ရှာကြည့်ပါ။ အဲဒီဝက်ဝံနဲ့ တောင်ပုံရဲ့ အဓိပ္ပာယ်က Toblerone ရဲ့ မူလရင်းမြစ်ဖြစ်တဲ့ Matterhorn တောင်ကို ဖော်ပြပါတယ်။ Toblerone Logo မှာ ဝက်ဝံတစ်ကောင်ပါပါတယ်။ တွေ့အောင်ရှာကြည့်ပါ။ စာသားထဲမှာတော့ Toblerone တွေထုတ်လုပ်တဲ့ Bern မြို့ကို မြှပ်ထားပါတယ်။

 

Tour De France

Tour De France Logo မှာ နွေရာသီကို ကိုယ်စားပြုတဲ့ နေလုံးအဝါလေးကို တွေ့ရမှာဖြစ်ပါတယ်။ သေချာကြည့်ရင် စက်ဘီးစီးနေတဲ့ လူတစ်ယောက်ကိုပါ မြင်ရမှာပါ။

 

Unilever

Unilever Logo ကတော့ အဓိပ္ပါယ်များစွာပါပါတယ်။ ပုံတိုင်းမှာ Unilever နဲ့ဆိုင်တဲ့ လုပ်ငန်းတွေကို ဖော်ညွှန်းပါတယ်။ ဥပမာပြောရရင် Recycle ပုံစံလေးက စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းကိုဖော်ပြပြီး နှုတ်ခမ်းပုံလေးက အလှအပနဲ့ အရသာကိုဖော်ပြပါတယ်။

 

Ref: Adweek

social sharing buttons