Categories: Blog

3D Image တွေ Facebook ပေါ်ကို တင်ကြမယ်

 

3D Image တွေ ကို Facebook ပေါ်ကိုတင်နိုင်တာ ကြာခဲ့ပြီဆိုပေမယ့် ခေတ်စားနေသေးတာကြောင့် သတိမထားမိတဲ့ သူတွေ၊ မလုပ်တတ်သူတွေ ရှိနေနိုင်သေးတဲ့အတွက် Facebook မှာ 3D Image ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ဒီ 3D Image လုပ်တဲ့ Technology မှာက Portrait Mode နဲ့ ရိုက်ထားတဲ့ ပုံတွေကိုသာ 3D အနေနဲ့ မြင်ရမှာ ဖြစ်ပါတယ်။

3D Image တွေဖန်တီးဖို့ အတွက် အဆင်ပြေတဲ့ Tool ကတော့ OmniVirt အမည်ရတဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီ Tool မှာဆိုရင် 2D Image တွေကို 3D Image အဖြစ် ပြောင်းပေးနိုင်တဲ့ Function တွေပါဝင်တဲ့ အတွက်ကြောင့် 3D Image တစ်ခုကို လွယ်လွယ်ကူကူနဲ့ ဖန်တီးသွားနိုင်မှာ ဖြစ်ပါတယ်။ OmniVirt နဲ့ 3D Image ပြုလုပ်မယ့်ပုံ Ratio က 2:3 ရှိဖို့တော့ လိုအပ်ပါတယ်။ iPhone နဲ့ 3D Image တွေကို Facebook ပေါ်မှာ တင်နိုင်ဖို့ဆိုရင်တော့ Portrait Mode ရိုက်နိုင်မယ့် iPhone Model တွေဖြစ်တဲ့ iPhone 7 plus, 8 plus, X, XS, XSMax တွေနဲ့ တင်နိုင်ပါတယ်။

iPhone နဲ့ 3D Image ကို Facebook ပေါ်တင်တဲ့ နည်းကိုအရင်ဆုံး ဖော်ပြပေးပါမယ်…

အဆင့်(၁) 3D Image တင်ချင်တဲ့ ပုံကို Portrait Mode နဲ့ သေချာအံဝင်ခွင်ကျ ဖြစ်အောင် ရိုက်ပါ

 

 

 

အဆင့်(၂) Post တင်ဖို့ Option ရွေးချယ်တဲ့ နေရာမှာ 3D ဆိုတဲ့ Function ကိုရွေးလိုက်ပါ။ 3D Image တင်နိုင်မယ့် ပုံတွေကို ပြပေးပါလိမ့်မယ်။

နောက်ဆုံး အဆင့်မှာတော့ သင်နှစ်သက်ရာ 3D Image ကို Facebook 3D Post အဖြစ်တင်နိုင်ပါတယ်။

OmniVirt ဆိုတဲ့ Tool နဲ့ 3D Image ပြုလုပ်နည်းကို ဖော်ပြပေးပါမယ်…

အဆင့်(၁) ဒီ OmniVirt ဆိုတာလေးကို နှိပ်လိုက်ပါ

အဆင့်(၂) UPLOAD AN IMAGE ဆိုတဲ့ အဆင့်မှာ သင် 3D Image လုပ်ချင်တဲ့ ပုံကို ရွေးချယ်ပေးပါ

အဆင့်(၃) UPLOAD UPLOAD DEPTH MAP ဆိုတဲ့ အဆင့်မှာလည်း သင့်ပထမ ရွေးချယ်ထားတဲ့ 3D Image လုပ်ချင်တဲ့ ပုံကိုပဲ ရွေးပေးပါ

အဆင့်(၄) GENERATE ဆိုတဲ့နေရာမှာ DOWNLOAD 3D PHOTO ASSETS ကိုနှိပ်ပြီး 3D File ကို Download ပြုလုပ်ပေးလိုက်ပါ

အဆင့်(၅) ဒီနေရာက နည်းနည်းဂရုစိုက်ပြီး လုပ်ပေးရမယ် အပိုင်းဖြစ်ပါတယ်။ Download ဆွဲပြီးရရှိလာ မယ့် File က Zip File အနေနဲ့ရရှိလာမှာ ဖြစ်တဲ့တွက် Zip ဖြည်ပေးဖို့လိုပါတယ်။ Zip ဖြည်လိုက်လိုက်ရင် image နဲ့ image_depth ဆိုတဲ့ပုံ ၂ ပုံကိုတွေ့ရပါမယ်။ Facebook မှာ 3D Image တင်ဖို့ အတွက်ဆိုရင် Facebook Post Box ထဲကို အဲ့ဒီပုံ ၂ ပုံလုံးကို ဆွဲထည့်ပေးလိုက်ရုံပါပဲ။ ဆွဲထည့်လိုက်ရုံပဲ ဆိုတာကတော့ Desktop နဲ့ အသုံးပြုတဲ့ သူတွေအတွက် ဖြစ်ပြီး Mobile နဲ့သုံးတဲ့သူတွေကတော့ ပုံ ၂ ပုံလုံးကို Select မှတ်ပြီး Post တင်လိုက်တာနဲ့ 3D Post တစ်ခုရရှိသွားမှာ ဖြစ်ပါတယ်။

ဒီ OmniVirt ဆိုတဲ့ Tool က Desktop သမားတွေ အတွက်ပိုပြီး အဆင်ပြေစေပါတယ်။ ယခုဖော်ပြပေးခဲ့တာကတော့ Facebook ပေါ်မှာ 3D Image Post တွေတင်လို့ လွယ်လွယ်ကူကူနဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အခြား 3D Image လုပ်လို့ရတဲ့ Tool တွေ၊ Web-Application တွေလည်း ရှိသေးတဲ့ အတွက် မိမိနှစ်သက်ရာ ကိုအသုံးပြုနိုင်ပါတယ်။

Ref – omnivirt

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago