Instagram ရဲ့ Parent Company ဖြစ်တဲ့ Meta ဟာ Twitter နဲ့ပုံစံဆင်တဲ့ Platform တစ်ခုကို ထပ်မံ မိတ်ဆက်လာပါတယ်။ ဒါကတော့ Text-Based Conversation App တစ်ခုဖြစ်တဲ့ Threads ပဲဖြစ်ပါတယ်။ ဒီ Threads ကိုအသုံးပြုမယ်ဆိုရင် သင့်ရဲ့ Instagram Credential တွေနဲ့ Sign In လုပ်ပြီး သုံးနိုင်ပါတယ်။
သင့် Instagram Username, Follower တွေနဲ့ Verification Status တွေကိုလည်း Keep လုပ်ထားနိုင်ပါတယ်။ Twitter ကိုမရင်းနီးလို့ မသုံးချင်ဘူး၊ Facebook နဲ့ Instagram ပဲ အသုံးများတယ်ဆိုတဲ့ User တွေအတွက် ဒီ Threads က အနီးနားမှာပဲရှိတဲ့အတွက် ဒါကိုတော့ သုံးနိုင်မယ့် ရာခိုင်နှုန်းပိုများလာနိုင်ပါတယ်။
Platform သစ်လည်းဖြစ် Instagram နဲ့လည်း Link ရုံနဲ့သုံးနိုင်မယ့် ဒီ Text-Based Conversation App ဖြစ်တဲ့ Threads ဟာ Business တွေအတွက်လည်း ချဲ့ထွင်အသုံးပြုနိုင်လာမယ့် Platform တစ်ခုဖြစ်လာနိုင်ပါတယ်။
ဒီ Threads ဆိုတဲ့ App ကိုတော့ App Store နဲ့ Google Play Store တို့မှာ Download လုပ်ပြီး သုံးနိုင်ပါပြီ။