ကိုယ်လုပ်နေတဲ့အလုပ်နဲ့ပတ်သတ်ပြီး စိတ်ဖိစီးမှုတွေ ဒါမှမဟုတ် အလွဲအမှားတွေ အဆင်မပြေမှု တွေနဲ့ကြုံတွေ့ရတတ်ပါတယ်။ဒါပေမဲ့ယခုဖော်ပြပေးမယ့် နေ့စဉ်အသေးစားပြင်ဆင်ချက်လေးတွေကို လိုက်နာပြင်ဆင်ပြီး ပျော်ရွှင်စရာကောင်းပြီးအဓိပါ္ပယ်ရှိတဲ့လုပ်ငန်းခွင်ကို ဖန်တီးနိုင်တဲ့အပြင်သင့်ရဲ့ အလုပ်မှာလဲတိုးတက်မှုတွေရရှိလာနိုင်မှာပါ။တစ်နေ့တာမှာဖြစ်နိုင်မဲ့မှားယွင်းနိုင်တဲ့အကြောင်းအရာတွေကိုတွေးမဲ့အစား ဘယ်လိုမျိုးအဓိပ္ပါယ်ရှိတဲ့ လုပ်ငန်းခွင်ကိုရရှိအောင်ဖန်တီး မလဲဆိုတာအပေါ် ပိုမိုအာရုံ စိုက်သင့်ပါတယ်။
(1)ပုံမှန်ထက်မိနစ်အနည်းငယ်လောက်အိပ်ရာစောစောထပေးပါ။နေ့တစ်နေ့တာလုံးရဲ့အစဖြစ်တဲ့မနက်ခင်းမှာသင့်ရဲ့စိတ်ကြည်လင်နေမှာသာ တစ်နေ့တာလုပ်ဆောင်သမျှအဆင်ပြေနိုင်တဲ့အပြင် မနက်ခင်းမှာ စောစောထပြီး လေ့ကျင့်ခန်းလုပ်ပေးတာမျိုးဟာ သင့်ကိုလန်းဆန်းတက်ကြွစေပြီး ကျန်းမာရေးအတွက်လဲ သင့်တော်ပါတယ်။
(2)သင့်အတွက် ခွန်အားဖြစ်စေနိုင်တဲ့ Activities တွေကိုမနက်ခင်းမှာလုပ်ဆောင်ပေးပါ။ သင့်ရဲ့စိတ်ကို ခွန်အားဖြစ်စေမဲ့ ဝါသနာ ဒါမှမဟုတ် အလေ့အကျင့်တစ်ခုကိုသတ်မှတ်ပြီး နေ့စဉ်မနက်ခင်းမှာလုပ်
ဆောင်ပေးသင့်ပါတယ်။အောင်မြင်တဲ့သူအများစုဟာ မနက်ခင်းမှာ စာဖတ်တာ ဒါမှမဟုတ် တစ်ယောက်ထဲ အချိန်ပေးပြီးအသစ်အသစ်တွေဖန်တီးတွေးခေါ်တာမျိူးတွေနဲ့ကုန်ဆုံးတတ်ကျပါတယ်။ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် လုပ်ငန်းခွင်မှာအလုပ်နဲ့ပက်သက်တာတွေတွေးတောဖို့ခွန်အားဖြစ်စေတဲ့အပြင် နေ့စဉ်အလေ့ အကျင့်ဖြစ်လာတဲ့အခါ သင့်လုပ်ငန်းခွင်ဟာသင့်အတွက်ခက်ခဲတဲ့ စိတ်ဖိစီးစရာနေရာဖြစ်လာတော့ မဟုတ်ပါဘူး။
(3)သင့်လုပ်ငန်းခွင်မှာပြီးမြောက်ဖို့လိုအပ်တဲ့အလုပ်တွေကိုချမှတ်ပြီးရေးထားပါ။သင်လုပ်ဖို့လိုအပ်တဲ့အလုပ်ကိုစာရွက်ပေါ်ချရေးထားပြီးသင်မြင်နိုင်တဲ့နေရာမှာထားပေးပါ။ဒါမှသာသင်မမေ့မလျော့ပဲလုပ်နိုင်မှာဖြစ်ပြီး ထိုစာရွက်ကိုမြင်တိုင်းရလာမဲ့ Idea တွေကိုမှတ်သားထားခြင်းဟာလည်း အလုပ်ကိုမြန်မြန်ဆန်ဆန်ပြီးစေ ပါတယ်။
(4)အလုပ်တစ်ခုလုပ်ဖို့သင့်အတွက်ပေးတဲ့အချိန်နည်းနေပါက မဖြစ်နိုင်ကြောင်းပြောပြသင့်ပါတယ်။ သင့်ရဲ့ အချိန်ဟာတန်ဖိုးရှိသလို အလုပ်အတွက်လုံလောက်တဲ့အချိန်ယူခြင်းဟာ လုပ်ငန်းခွင်မှာ ပိုမိုကောင်း မွန်တဲ့ ရလဒ်ကိုရစေတဲ့အပြင် သင်လဲပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်နိုင်မှာပါ။ ဒါပေမဲ့ သင်လုပ်နိုင်တာထက်ပိုပြီး တော့အချိန်မယူပါနဲ့ ဒီအချက်ကတော့မကောင်းတဲ့အကျင့်ဖြစ်တဲ့အပြင် သင့်ရဲ့လုပ်ဆောင် နိုင်စွမ်းကိုလဲ ထိခိုက်စေပါတယ်။
(5)အလုပ်တစ်ခုလုပ်နေစဉ် အဲ့အလုပ်အပေါ်မှာပဲသေချာအာရုံစူးစိုက်ပါ။တစ်ချိန်ထဲမှာပဲ အလုပ်တွေအများ ကြီးအပေါ်အာရုံစိုက်မိနေခြင်းဟာ အလုပ်ကိုနှောင့်နှေးစေတဲ့အပြင် အမှားအယွင်းလဲများစေပါတယ်။
(6)သင် တစ်နေ့တာမှာအလုပ်ဘယ်လောက်လုပ်နိုင်လဲ ဘယ်လောက်ပမာဏပြီးမြောက်အောင်လုပ် နိုင်လဲဆိုတာ ကို Analyze လုပ်သင့်ပါတယ်။ဒါမှသင်ဒီထက်ပိုကောင်းအောင်လုပ်နိုင်မလား ဘာလို့ မလုပ်နိုင်ရတာလဲ ဘာကြောင့်လဲ စသဖြင့်သုံးသပ်ပါ။ ဒါမှသာသင့်ရဲ့စွမ်းဆောင်ရည်တွေတိုးတက်လာ မှာဖြစ်ပါတယ်။
(7)သင့်ရဲ့အလုပ်စားပွဲကိုလဲရှင်းလင်းသေသပ်စွာထားပါ။စာရွက်တွေကအစ သင့်အတွက်မလိုအပ်တော့တဲ့ စာအုပ်တွေအာလုံးကို ရှင်းလင်းလိုက်ပါ။ ဒါမှသာသင်တကယ်လိုအပ်တဲ့အရာတွေရှာဖွေရတာ အချိန်ပေးဖို့ မလိုအပ်တော့မှာဖြစ်ပါတယ်။အလုပ်ချိန်မှာ အာရုံစူးစိုက်မှုကောင်းမွန်အောင် မိနစ် ၂၀ လောက်အနားယူ ချိန်ထားရှိပါ။
ယခုဖော်ပြတဲ့အသေးစား အချက်လေးတွေကိုပြင်ဆင်လိုက်ခြင်းဖြင့်ပျော်ရွှင်စရာကောင်းတဲ့လုပ်ငန်းခွင်လေး ကိုရရှိဖို့မျော်လင့်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …