ယခုခေတ်မှာ Smart Phone တွေပေါ်မှာ အချိန်ကုန်ဆုံးတာတွေ များလာတာကိုတွေ့ရပါတယ်။ မိဘတွေအနေနဲ့လည်း အလုပ်တွေမအားတဲ့အချိန်တွေဆိုရင် သားသားမီးမီးတွေကို ဖုန်းတွေပေးပြီး အလုပ်ရှုပ်သက်သာအောင် ထားတတ်လာကြပါတယ်။ ဒီလိုပေးထားတဲ့အခါမှာ သင့်ကလေးလေးတွေက ဖုန်းမကိုင်ရရင် မပျော်တော့တာတွေ အစရှိတဲ့ ပြဿနာလေးတွေ ဖြစ်လာတတ်ပါတယ်။
ဒီလိုကလေးတွေကို ဖုန်းတွေပေးသုံးတဲ့နေရာမှာလည်း အသုံးဝင်အောင် အချိန်အကန့်အသတ်လေးတွေထားပြီး ပေးသုံးဖို့လိုအပ်ပါတယ်။ ဖုန်းထဲမှာ ဂိမ်းတွေဆော့နေမယ့်အစား ပညာရေးနဲ့ပတ်သတ်ပြီးလေ့လာမှုမျိုးတွေ လုပ်နေမယ်ဆိုရင် သားသားမီးမီးတွေအတွက် အလွန်အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ခေါက်မှာတော့ ကလေးတွေအတွက် အကောင်းဆုံးဖြစ်စေမယ့် Educational Website ၂ ခုကို ဖော်ပြပေးသွားပါမယ်…
ABCmouse.com
ဒီ Website ကတော့ အသက် ၂ နှစ်မှ ၇ နှစ်အရွယ် ကလေးတွေအတွက် အကောင်းဆုံးဖြစ်စေမယ့် Comprehensive Learning Site တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Site ထဲမှာကလေးတွေ အတွက် ဖတ်စရာ သင်ခန်းစာတွေ နားထောင်စရာ သင်ခန်းစာတွေနဲ့ အခြားသင်ခန်းစာတွေလည်း အမြောက်အများ ပါဝင်ပါတယ်။
Adventure Academy
ဒီ Site ကတော့ Virtual Academy တစ်ခုဖြစ်ပါတယ်။ အသက် ၈ နှစ်မှ ၁၃ နှစ်အရွယ်ကလေးတွေအတွက် လေ့လာစရာတွေ၊ စူးစမ်းရှာဖွေစရာတွေ များစွာပါဝင်တဲ့ Site တစ်ခုဖြစ်ပါတယ်။ Social studies, Language Arts, Math and Science အစရှိတဲ့ သင်ခန်းစာတွေလည်း ဒီ Site ထဲမှာ ပါဝင်ပါသေးတယ်။
ဒီဖော်ပြပေးခဲ့တဲ့ Website၂ ခုကတော့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးကို အင်တာနက်ရှိနေရုံနဲ့ လေ့လာမှုတွေ အသိပညာတွေ ရရှိစေနိုင်တဲ့ Educational Website ၂ ခုပဲ ဖြစ်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …