အခုဖော်ပြမဲ့ Application တွေကို ဂီတပွဲတော်များ၊ အားကစားပွဲများ၊ သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံခြားသို့ခရီးသွားသည့်အခါများနှင့်အခြားသောအခြေအနေများတွင် အင်တာနက်မရှိသည့်တိုင်အသုံးပြုသူများအချင်းချင်းဆက်သွယ်နိုင်ရန်အတွက်ဖန်တီးပြုလုပ်ထားတာပဲဖြစ်ပါတယ်။
ဒီ Application လေးတွေအကြောင်းမပြောခင် ဒီ Application တွေရဲ့နောက်ကွယ်ကနည်းပညအလုပ်လုပ်ပုံကိုဖော်ပြပေးချင်ပါတယ်။ WhatsApp ကဲ့သို့သောလူကြိုက်များသော Messaging Application များကဲ့သို့ Mobile Data သို့မဟုတ် WiFi Data များကိုအသုံးပြုမည့်အစား Offline Messaging Application များသည် Mobile Data မလိုအပ်ပဲဖုန်းပေါ်တွင် Bluetooth network သို့မဟုတ် Wifi Direct-based ကွန်ယက်ကိုဖန်တီးပြီးနီးစပ်ရာအချင်းချင်းဆက်သွယ်မှု ပြုလုပ်နိုင်တဲ့ နည်းပညာကိုအခြေခံထားတာပဲဖြစ်ပါတယ်။
Mesh network ဆိုသည်မှာ Node တစ်ခုစီကို တစ်ခုနှင့်တစ်ခုချိတ်ဆက်ထားသည့် Network technology တစ်ခုဖြစ်ပါတယ်။ ဒီ Network တွေဟာ Node တွေကိုအသုံးပြုပြီး Device တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပေးသွားတာဖြစ်ပြီး သင်နဲ့ဆက်သွယ်လိုတဲ့သူငယ်ချင်းများရဲ့ Device တွေမှာ တူညီတဲ့ Offline Messaging Application တွေကို Install ပြလုပ်ထားပါက အင်တာနက်မရှိဘဲအချင်းချင်းဆက်သွယ်နိုင်မှာဖြစ်ပါတယ်။
Offline Messaging Application တွေကိုအသုံးပြုမယ်ဆိုရင် မီတာ ၁၀၀ ခန့်အကွာအဝေး Range အတွင်းမှာပဲချိတ်ဆက်အသုံးပြုလို့ရမှာပါ။ သို့သော်လည်း နေရာဒေသတိုင်းမှာ Install လုပ်ထားသူများလေလေ ဒီ Application တွေကို Node များအဖြစ် သုံး၍ Message များကိုတစ်နေရာကနေ တစ်နေရာချိန်ဆက်ကာ ဝေးတဲ့နေရာတွေစီကိုပါ ချိတ်ဆက် အသုံးပြုသွားနိုင်မှာပဲဖြစ်ပါတယ်။
ကဲဒါဆို Application တွေအကြောင်းစလိုက်ရအောင်
Bridgefy
ပထမဆုံးဖော်ပြပေးချင်တာကတော့ Bridgefy ပဲဖြစ်ပါတယ်။ Bridgefy ဟာလူကြိုက်များတဲ့ Offline Messaging App တစ်ခုဖြစ်တယ်။
အထက်ပါဖော်ပြခဲ့တဲ့ Bluetooth mesh နည်းပညာကိုအသုံးပြုပြီးဒီ Application ကအလုပ်လုပ်တာပဲဖြစ်ပါတယ်။သူ့မှာ အသုံးပြုနိုင်တဲ့ Messaging service သုံးမျိုးကတော့ Person-to-Person mode, Broadcast mode နဲ့ Mesh modeတို့ပဲဖြစ်ပါတယ်။ UI ဟာလည်းသန့်ရှင်းသပ်ရပ်ပြီး သုံးရတာရှင်းရှင်းလင်းလင်းဖြစ်တဲ့ အကောင်းဆုံး UI ကိုလည်းပေးတဲ့ App ဖြစ်ပါတယ်။ iOS မှာရော Android မှာပါ Free အသုံးပြုနိုင်ပါတယ်။
Briar
နောက်တစ်ခုကတော့ Briar ပဲဖြစ်ပါတယ်။ Briar ဟာ Android အတွက် အကောင်းဆုံး Offline Messaging App တစ်ခုဖြစ်ပြီး Mobile Data သို့မဟုတ် WiFi ဆက်သွယ်မှုတွေမလိုအပ်ဘဲလုံခြုံစိတ်ချရတဲ့ App တစ်ခုပါ။ သတင်းထောက်များ ဒါမှမဟုတ် သူငယ်ချင်းများ၊ မိသားစုများနှင့်လုံခြုံစွာဆက်သွယ်လိုသောမည်သူမဆိုအတွက် ဒီ App ကိုဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။သင့်ရဲ့စာတွေကိုအမြဲတမ်းလျှို့ဝှက်ထားနိုင်ဖို့ကုမ္ပဏီကလုံခြုံရေးကိုပိုပြီးအလေးပေးထားတယ်။ Briar ဟာ Message များကို Enable ပြုလုပ်ရန် Mesh network တစ်ခုတည်ဆောက်ရန် WiFi နှင့် Bluetooth networking နှစ်ခုလုံးကိုအသုံးပြုသည်။ဒါပေမဲ့ Android မှာပဲအသုံးပြုလို့ရပါဦးမယ်။
လောလောဆယ်စမ်းကြည့်တဲ့အထဲ အထက်မှာဖော်ပြခဲ့တဲ့ Application နှစ်ခုကတော့စမ်းသပ်ကြည့်တာ အဆင်ပြေဆုံးဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …