Categories: Blog

Online Marketing Channels

အွန်လိုင်း Marketing, Advertising လို့ပြောရင်အရမ်းကိုကျယ်ပြန့်ပါတယ်။ အကြောင်းမှာ အင်တာနက်မှာ Market မှာ Advertise လုပ်လို့ရတဲ့ Channel ပေါင်းမြောက်များစွာရှိလို့ပါပဲ။ Internet marketing ရဲ့အဓိကကျတဲ့ အုပ်စုတွေကို ခွဲခြားကြည့်မယ်ဆိုရင် အကြမ်းအားဖြင့် ၅ ခု တွေ့ရပါမယ်။ အဲဒါတွေကတော့ …

 

၁) SEO

Search Engine Optimization (SEO) ဟာ အဲဒီ Channel များစွာထဲမှာတစ်ခုအပါအဝင်ဖြစ်ပြီး လုပ်ငန်းတစ်ခုရဲ့အခြေခံအကျဆုံး၊ Long Term အတွက် အခြေအခိုင်မာဆုံး နဲ့ရင်းနှီးမြုပ်နှံမှုကုန်ကျစရိတ် အသက်သာဆုံး Online Marketing Channel ဖြစ်ပါတယ်။ ရလာဒ်က Organic ဖြစ်လို့ပါ။

၂) Social Media Marketing

လူသတင်းလူချင်းဆောင် ဆိုသလို ကိုယ့်ပစ္စည်း၊ ကိုယ့်ဝန်ဆောင်မှုတွေကို အလွယ်ကူဆုံးနဲ့အလျင်မြန်ဆုံး သတင်းဖြန့်ဝေနိုင်တာ Social Media Network တွေပါ။ အင်မတန်မှ အားပြင်းလှတဲ့ Marketing လက်နက်ဖြစ်ပြီး တစ်ခါတစ်ခါ တာဝန်လဲကြီးတတ်တဲ့ Channel လဲဖြစ်ပါတယ်။ Facebook ကတော့ ကမ္ဘာ့ နံပါတ် ၁ Social Media Network ဖြစ်ပြီး၊ အခြားမြောက်များစွာသော Social Network တွေမှာလဲ ကိုယ့်ရဲ့ Marketing Power ကိုအကျိုးရှိသလို အသုံးချကြပါတယ်။ YouTube၊ LinkedIn, Twitter, Hi5, Instagram, pinterest, blogger စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။

၃) Pay Per Click

Pay Per Click Advertising ကတော့ အများသိပြီးတဲ့အတိုင်း ကိုယ့်ရဲ့ကြော်ငြာကို တစ်စုံတစ်ယောက်က Click နှိပ်လိုက်တိုင်း ကြော်ငြာရှင်က Media လုပ်ငန်းပိုင်ရှင်ကို ပိုက်ဆံပေးရတာဖြစ်ပါတယ်။ Online Advertising အတွက်တော့ ကုန်ကျစရိတ်များတဲ့ ကြော်ငြာမှု ဖြစ်ပေမဲ့ ROI နဲ့ချက်ချင်းလက်ငင်းရလာဒ် ကိုအဓိကထားသူတွေအတွက် အထိရောက်ဆုံး Channel ဖြစ်ပါတယ်။

၄) Public Relations

PR လို့လူသိများပါတယ်။ လူအများက ကိုယ့်ရဲ့ Organization ကို အပြုသဘောဆောင်လာအောင် Press and Release လုပ်ခြင်းဖြစ်ပါတယ်။ သူကတော့ Press ကြောင့် Traditional တစ်ဝက် Online တစ်ဝက်ပါ။ ပွဲလမ်းရှိတိုင်း၊ Promotion တွေရှိတိုင်း PR လုပ်ဖြင်းဖြင့်ကိုယ့်ရဲ့ Website စာမျက်နှာကို ဝင်ရောက်ကြည့်ရှုသူဦးရေလဲတိုးလာစေပါတယ်။

၅) Email Marketing

EDM (Electronic Direct Mailing) ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Website ကို (သို့) ကိုယ့်ရဲ့ Product နဲ့ Service တွေကိုနှစ်သက် သဘောကျလို့Subscribe လုပ်ထားတဲ့သူတွေဆီကို email ဖြန့်ဝေခြင်း Marketing ပါပဲ။ Customer Contact Email Database ကိုုအခြေခံပြီး၊ တစ်ကြိမ်ထဲနဲ့ email ပေါင်း သိန်းဂဏန်း၊ သန်းဂဏန်းထိ ဖြန့်ဝေလို့ရပါတယ်။

http://seom-old.seomyanmar.com/wp-content/uploads/2014/03/internet-marketing-cloud-300×127.jpg

seomhkl

Comments are closed.

Share
Published by
seomhkl
Tags: Online Marketing

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago