ယနေ့အတွက် သတင်းကောင်းတစ်ခုဖြစ်တဲ့ “e-Government Master Plan မှာ ပါဝင်နေတဲ့အစိုးရရဲ့ Electronic ဝန်ဆောင်မှုတွေကို ပြည်သူအားလုံး သိရှိနားလည်ရေး အတွက် မြန်မာဘာသာစကားနဲ့ ဝန်ဆောင်မှုပေးနိုင်ရန် e-Device သုံး မြန်မာဘာသာစကားစနစ် ကို ပြုပြင်ဖို့လိုအပ်တာကြောင့် International Standard Organization 10646 နဲ့ပိုမို ကိုက်ညီတဲ့ ပြည်ထောင်စု Font နဲ့ Keyboard ကိုအသုံးပြုရန်ဦးတည်ရမည်ဖြစ်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်၌ ကျင်းပသည့် e-Government ဦးဆောင်ကော်မတီ တတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသွားခဲ့ပါတယ်။
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ သတ်မှတ်ထားတဲ့ စီးပွားရေးရည်ရွယ်ချက် ၁၂ ရပ်ထဲမှာ e-Government ကိစ္စပါဝင်ပြီး ဒီလိုထူထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ တိုးတက်နေတဲ့ ကမ္ဘာကြီးထဲ ဝင်လာရုံတင်မကဘဲ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက်ပါ ကျော်လွှားနိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်တယ်လို့ ပြောပါတယ်။ ပြည်ထောင်စု Font ဆိုတာ Unicode စနစ်ကိုလိုက်နာတဲ့ Font ဖြစ်တဲ့အပြင် Myanmar-3 လိုမဟုတ်ပဲ တိုင်းရင်းသားစာတွေအထိပါဖတ်လို့ရတဲ့အတွက် ပြည်ထောင်စု Font ကိုသုံးရင် အခြား Unicode စနစ်ကို လိုက်နာတဲ့ မည်သည့် Font နဲ့ရေးထားတဲ့ စာကိုမဆို ဖတ်လို့ရေးလို့ရတဲ့အတွက် သတင်းကောင်းတစ်ခုပါ။
ဒါ့အပြင် ပြည်ထောင်စု Font က Zawgyi နဲ့သုံးတဲ့လူရော Unicode နဲ့သုံးတဲ့လူတွေအတွက်ပါ နှစ်ဖက်စလုံးနဲ့ အဆင်ပြေတဲ့ Font တစ်ခုဖြစ်တဲ့အတွက် ရာနှုန်းပြည့်နီးပါး ဖတ်လို့ရပြီး စာလုံးအချို့ပဲကွဲလွဲတဲ့ အတွက် Unicode စနစ်ကို အကောင်အထည်ဖော်တဲ့အခါမှာ Myanmar-3 က အလှမ်းဝေးတဲ့အတွက် ပြည်ထောင်စု Font သုံးလိုက်ရင် ပိုပြီးတော့ နီးလာနိုင်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ပြောင်းလို့ရ အောင် လုပ်သွားရမှာပါ လို့လဲ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း ကပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် အသုံးများသော Social Media များနှင့် ညှိနှိုင်း၍လည်း ၎င်းတို့၏စာမျက်နှာများတွင် နိုင်ငံတကာသုံး Unicode စံစနစ်နှင့် ISO 10646 ကိုလိုက်နာသော မြန်မာ Unicode စနစ်ကို အသုံးပြုရေးသားနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်ရှိတယ်လို့ လည်းဆိုပါတယ်။
မြန်မာ Unicode စနစ် Font များအလွယ်တကူ Download ပြုလုပ်နိုင်ရေး၊ ရေးသားသုံးစွဲပုံစနစ်များကို အလွယ်တကူ နားလည်အသုံးပြုနိုင်ရေးများ စီစဉ်ဆောင်ရွက်သွားမယ်လို့ လည်းဆိုတဲ့အတွက် နောင်ရေရှည်မှာ Font ကြောင့် အခက်အခဲဖြစ်ရတာတွေ မရှိနိုင်တော့ဖို့ မျှော်လင့်ရပါတယ်။
Ref – GOV
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …