Social Media ပေါ်မှာ သင့်ရဲ့ Social Media Content တွေကို ပိုပြီး Interaction ဖြစ်စေဖို့ နည်းလမ်းရှာဖွေနေပါသလား? ဒီလိုနည်းလမ်းရှာဖွေနေတဲ့သူတွေအတွက်ဆိုရင် သိထားသင့်တဲ့ Engagement တက်လာနိုင်စေမယ့် Quick Tips တွေကို Sharing လုပ်ပေးသွားချင်ပါတယ်။ ဒီအချက်တွေကိုသေချာလုပ်မယ်ဆိုရင် သင့်လုပ်ငန်းရဲ့ Visual ပိုင်းမှာလည်းကောင်းလာနိုင်သလို Experience တွေလည်း ပိုတိုးလာစေနိုင်မှာပဲ ဖြစ်ပါတယ်။ 

 

ဒါဆို Social Media မှာ Engagement တက်လာစေနိုင့်မယ့် အချက်အလက်တွေကို ပေါ်ပြပေးသွားချင်ပါတယ်…

 

Post မှာ Image ထည့်သွင်းအသုံးပြုပေးပါ။ Image ပါတဲ့ Facebook Post  တွေဟာ Image မပါတဲ့ Post တွေထက် Engagement ၂.၃ ဆ ပိုရတာကိုတွေ့ရပါတယ်။ Image နဲ့ Video ပါတဲ့ Post တွေဟာ Engagement ၂ ဆကတော့ လွယ်လွယ်ကူကူရနေတာကို တွေ့ရပါတယ်။

 

Question တွေမေးပေးပါ။ ဒီမေးတဲ့နေရာမှာလည်း Image ပါရင်ပိုကောင်းပါတယ်။ Audience တွေကြားမှာ Debate Question တွေလုပ်ပေးခြင်းက လုပ်ငန်းအတွက် သုံးသပ်နိုင်မယ့် Comment Result တွေကို ရရှိလာမှာ ဖြစ်ပါတယ်။ 

 

Hashtag အသုံးပြုပါ။ သင့်လုပ်ငန်းအတွက် မှန်ကန်တဲ့ Hashtag တွေကို အသုံးပြုမယ်ဆိုရင် အလွန်ကို အကျိုးရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ Content တွေကို Audience ကမှန်ကန်စွာ အလွယ်တကူ ရှာဖွေနိုင်ပြီး စစ်မှန်တဲ့ Engagement တွေရရှိလာမှာ ဖြစ်ပါတယ်။ 

 

Inspirational Content တွေတင်ပေးပါ။ Negativity တွေများနေတဲ့ ကမ္ဘာကြီးထဲမှာ လူတွေဟာ Positive Content, Inspiration Content တွေကိုမြင်ရဖတ်ရတာကို ပိုပြီးနှစ်သက်ကြည်နူးတာကို တွေ့ရပါတယ်။ ဒီ Inspirational Content တွေကလည်း Audience Engagement ရရှိစေပါတယ်။

 

Holiday Post တွေတင်ပေးပါ။ တခါတလေ လူတွေက Company Post တွေ Industry Article တွေကိုဖတ်ရတာ ငြီးငွေ့လာတတ်ပါတယ်။ ဒါပေမယ့် Celebrate Post တွေ ဥပမာ – New Year Post တွေကို မြင်ရင်တော့ ကြည့်ရှုရတာ Enjoy ဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုး Post တွေကတော့ Seasonal Festival တွေမှာသေချာတင်ပေးမယ်ဆိုရင် Engagement တိုးလာစေမှာ ဖြစ်ပါတယ်။ 

 

ဒီဖော်ပြပေးခဲ့တဲ့ Tip တွေကတော့ သင့်လုပ်ငန်းအတွက် Social Media မှာ Engagement တက်လာနိုင်စေမယ့် Tip တွေပဲ ဖြစ်ပါတယ်။ 

 

Leave a Reply

social sharing buttons