Categories: Blog

သင့်ရဲ့ Website ပေါ်မှာ User တွေအချိန်ကြာကြာရှိနေအောင်ဘယ်လိုဆွဲဆောင်မလဲ

သင့်ရဲ့ Website ပေါ်မှာ User တွေအချိန်ကြာကြာရှိနေအောင်ဘယ်လိုဆွဲဆောင်မလဲ

သင့်ဟာ သင့်ရဲ့ Website ပေါ်မှာ User တွေကို ကြာကြာနေအောင်ထိန်းသိမ်းထားချင်တယ်ဆိုရင်တော့အောက်ပါအချက်တွေကို လေ့လာပြီးပြုလုပ်နိုင်ပါတယ်။

User အမှန်ကို ဆွဲဆောင်ပါ

သင့်ရဲ့ Website ကိုမှန်ကန်တဲ့ Keyword နဲ့ရှာဖွေပြီး Content တွေကိုဝင်ရောက်လေ့လာဖတ်ရှုတတ်တဲ့User တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ ထို User တွေကိုရဲ့ Page ကိုအမြဲအားပေးနေအောင် သင့်ရဲ့Website ကိုပရိတ်သတ်ငြီးငွေ့မသွားအောင် မိမိရဲ့ Website ကိုအမြဲ Maintenance လုပ်ပေးပါ။ Userတွေကိုဆွဲဆောင်နိုင်မဲ့ ပုံစံလေးတွေလုပ်ပေးပါ။ ဒါဆိုရင်သင့်ရဲ့ Website ကိုအမြဲအားပေးနေတဲ့ User တွေ ဟာလည်း သင်ရဲ့ Website ကိုအားပေးနေအုံးမှာဖြစ်ပါတယ်။

အသုံးပြုမှုကောင်းအောင်မြှင့်တင်ပါ

သင့်ရဲ့ Website ကို အရောင်သုံးတာဂရုစိုက်ပေးပါ၊ ဘာကြောင့်လဲဆိုတော့ တစ်ချို့ User မှာ Color Blind ဖြစ်နေတတ်တဲ့အတွက် အရောင်သုံးရင်ဂရုစိုက်ပေးဖို့ အကြံပြုခြင်းဖြစ်ပါတယ်။ Font တွေသုံးရင်လည်းဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ Headlines တွေကိုဂရုစိုက်ပြီးပြုလုပ်ပေးပါ Headlines တွေကထင်ထင်ရှားရှားရှိဖို့လိုပါတယ်။ Bullet လေးတွေကိုလည်းဂရုတစိုက်နဲ့ အသုံးပြုပေးပါ။ White Space ချန်တာကိုလည်း ဂရုတစိုက်လေးပြုလုပ်ဖို့အကြံပြုပါရစေ။ သင့်ရဲ့ Website ဟာ ဘာအတွက်လဲ Business Website လား Blog Website လာဆိုတာကို User တန်းသိနိုင်ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ဒီလိုအသုံးပြုမှုကောင်းတဲ့ Website တစ်ခုဆိုရင် User တွေသင့်ရဲ့ Website ပေါ်မှာအချိန်ကြာကြာရှိနေမှာပဲဖြစ်ပါတယ်။

Layout Design ကိုကောင်းကောင်းဂရုစိုက်ပါ

ဒီ Layout Design ဟာဆိုရင်လည်း ဂရုတစိုက်နဲ့ ပြုလုပ်ရမဲ့ထဲမှာပါဝင်ပါတယ်။ Navigation Bar ကို User တွေ နှစ်သက်စေမဲ့ ပုံစံလေးတွေပြုလုပ်ရန်အကြံပြုပါရစေ၊ ဘာကြောင့်လည်းဆိုတော့ ဒီ Navigataion Bar ဟာ Website ထဲကိုဝင်လိုက်တာနဲ့တန်းမြင်ရမယ့်မြင်ကွင်းဖြစ်နေလို့ပါ။ Search Box ကိုလည်းသိသာထင်ရှာစွာပြုလုပ်ထားရန်လိုအပ်ပါတယ်၊ User တော်တော်များများဟာ ကိုယ်လိုချင်တာကို အမြန်သိလိုတဲ့အခါမှာ Search Box ကိုပဲ ရှာကျတာပါအဲ့ထိအချက်လေးကိုလည်းသေချာဂရုတစိုက်ပြုလုပ်ဖို့အကြံပြုပါရစေ။User တွေဟာ Device အမျိုးမျိုးနဲ့ အသုံးပြုမှာဖြစ်တဲ့ အတွက်ကြောင့် Responsive Layout ဖြစ်ဖို့လဲလိုအပ်ပါတယ်၊ PC မှာအချိုးကျကျပေါ်နေပေးမယ့် Mobile Phone တွေမှာ အချိုးမကျတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ Website Layout ကို Responsive ဖြစ်အောင်ပြုလုပ်ဖို့လည်းလိုအပ်ပါတယ်။ ၁၇.၄% သော User တွေဟာ Mobile Phone တွေကနေ အသုံးပြုကျတာဖြစ်ပါတယ်။

Load Time Speed ကိုမြန်အောင်ထားပြီး Content ကောင်းကောင်းတွေတင်ပါ

သင့်ရဲ့ Website Load Time Speed ကို အတတ်နိုင်ဆုံးမြန်အောင်ထားပေးပါ ဘာကြောင့်လဲဆိုတော့ User အများစုဟာစိတ်မရှာ်တတ်ကျပါဘူး။ User တစ်ယောက်ဟာသင့်ရဲ့ Website ထဲကိုဝင်လိုက်တာနဲ့ချက်ချင်း Website Layout ပေါ်လာရင်တော့ စိတ်ကျေနပ်မှုဖြစ်ပြီး သင့်ရဲ့ Website မှာ သူလိုချင်တဲ့အကြောင်းအရာတစ်ခုခုကို ကြည့်ရှုသွားမှာဖြစ်ပါတယ်။ သင့်  Website Time Load Speed ဟာနှေးနေမယ်ဆိုရင်တော့ စိတ်မရှည်တဲ့ User ဆိုရင်အခြား Website တစ်ခုကိုရှာဖွေကြည့်ရှုသွားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့် Website ရဲ့ Load Time Speed ကိုအတတ်နိုင်ဆုံးမြန်အောင်ပြုလုပ်ဖို့အကြံပြုပါရစေ။ Content တွေကိုတော့ User တွေ Topic တွေ့လိုက်တာနဲ့ စိတ်ဝင်စားဖတ်ရှုနိုင်အောင် အကောင်းမွန်ဆုံးရေးသားထားဖို့လိုအပ်ပါတယ် Content အတူထည့်ထားတဲ့ Photo ဟာလဲစိတ်ဝင်စားစရာကောင်းအောင်ရေးဆွဲထားဖို့လိုအပ်ပါတယ်။

အထပ်ပါအချက်တွေကို လေ့လာပြီး သင့်ရဲ့ Website ကို User တွေအချိန်ကြာကြာရှိနေအောင်ပြုလုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။

Ref – socialmediatoday

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago