What is SEO
SEO stands for Search Engine Optimization, which is technique of making a website visibility, stand out naturally in search engines result pages (SERP)

SEO ရဲ့အရှည်ခေါက်ကတော့ Search Engine Optimization ပါ။
အရိုးရှင်းဆုံး ဖွင့်ဆိုရရင်တော့ဝက်(ဘ်)ဆိုက်တစ်ခုရဲ့ Business Nature နဲ့ Functionality ကို Search Engine က အပြည့်အဝနားလည်ပြီး လူတွေရဲ့ရှာဖွေမှုရလာဒ်စာမျက်နှာဆီသို့ သဘာဝအတိုင်းတွန်းပို့ပေးခြင်း Process ဖြစ်ပါတယ်။

ဥပမာ .. သင့်ရဲ့ဝက်(ဘ်)ဆိုက်က အဝတ်အထည်တွေကိုအွန်လိုင်းမှာရောင်းတဲ့ Online Fashion Store ဆိုကြပါစို့။ လူတွေက Google မှာ “fashion clothing” (သို့) “ဖက်ရှင်အဝတ်အထည်” လို့ရိုက်ထည့်ရှာလိုက်တဲ့အခါမှာ Search Engine က အပြည့်အဝနားလည်ထားတဲ့ သင့်ရဲ့ဝက်(ဘ်)ဆိုက်ပဲပေါ်လာမှာပါ။

ကိုယ့်ရဲ့လုပ်ငန်းအတွက် Website တစ်ခုထောင်ပြီးသွားပြီဆိုပြီး အေးအေးဆေးဆေး မနေလိုက်ပါနဲ့။ အင်မတန်မှကောင်းမွန် တင့်တယ်တဲ့ ဝက်(ဘ်)ဆိုက်ရှိနေပေမဲ့၊ ကိုယ့်ရဲ့ဝက်(ဘ်)ဆိုက်ကိုဘယ်သူမှ မသိဘူး၊ ဘယ်သူမှလဲ ဝင်မကြည့်ဘူးဆိုရင် အင်မတန်မှကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ပါ။ ကိုယ့် Website ထဲ တစ်ရက်ကို ဘယ်က၊ ဘယ်သူတွေ၊ ဘယ်နှစ်ယောက်ဝင်ကြည့်လဲဆိုတာမှမသိရင် ကိုယ့်ရဲ့ Marketing အတွက်နစ်နာမှုတစ်ရပ်ပါပဲ။

Search Engine Friendly ဖြစ်ဖို့၊ Search Engine နားလည်တဲ့ဝက်(ဘ်)ဆိုက်ဖြစ်ဖို့ သင့်မှာ Website တစ်ခုရှိနေရုံနဲ့မပြီးပါဘူး။ သင့်ရဲ့လုပ်ငန်းအမျိုးအစားနဲ့၊ Product တွေ Service တွေကို Search Engine နားလည်အောင်လုပ်ရဦးမှာပါ။ ဒါမှသာ ကိုယ့်ရဲ့ Website ကိုရှာလိုက်တိုင်းတွေ့နိုင်မှာဖြစ်ပြီး ဝင်ကြည့်တဲ့ဦးရေများလာမှာဖြစ်ပါတယ်။ ဝင်ကြည့်တဲ့ဦးရေများလာရင် သင့်ရဲ့ Company ကိုလူတွေပိုသိလာမယ်၊ သင့်ရဲ့ Brand ဟာ ပိုပြီးပေါ်ပျူလာဖြစ်လာမယ်၊ Sales တွေတိုးလာတဲ့အတွက် ဝင်ငွေတိုးလာမယ်။

ဘယ်ကစရမှာလဲ၊ ဘယ်လိုလုပ်ရမှာလဲ??? Digital Strategist တွေရှိပါတယ်။ info@SEOMyanmar.com ကို ဆက်သွယ်လိုက်ပါ။

social sharing buttons