Email ဟာ စျေးသက်သာပြီး သိပ်ကိုအသုံးဝင်တဲ့ Marketing ဗျူဟာတစ်ခုဖြစ်ပါတယ်။ E-Commerce Site တွေ၊ လူသိများတဲ့ Brand တွေ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွေ၊ သတင်းမီဒီယာစသည့် Customer တစ်ဦးတစ်ယောက်ချင်းစီနဲ့ အမြဲတစေတိုက်ရိုက်ဆက်သွယ်နေရတဲ့ လုပ်ငန်းများအတွက် အထူးပို၍ သင့်လျော်ပါတယ်။ ထောင်သောင်းများစွာသော Email အသုံးပြုသူတွေဟာ နေ့ စဉ်နေ့တိုင်း Email ပေါင်းများစွာကို လုပ်ငန်းရေးရာ၊ ကိုယ်ရေးကိုယ်တာကိစ္စများအရ အသုံးပြုနေကြရပါတယ်။ Customer တစ်ဦးချင်းစီကို တိုက်ရိုက်ထိတွေ့ နိုင်တဲ့ Marketing ဖြစ်မျိုးပြီး၊ ထောင်ပေါင်းများစွာသော Email အသုံးပြုသူများဆီသို့ ကိုယ်ပေးပို့ ချင်တဲ့ စီးပွားရေးအကြောင်းအရာကို တစ်ကြိမ်တည်း၊ Click တစ်ချက်တည်းနဲ့ ပေးပို့ နိုင်ပါတယ်။
ဘယ်အရပ်ဒေသက ဘယ်သူက ကိုယ့်ပေးပို့ တဲ့အီးမေး(လ်) အကြောင်းအရာကို စိတ်ဝင်တစားဖွင့်ဖောက် ဖတ်ရှုပြီး၊ ဘယ်သူတွေကိုယ့်ရဲ့ Customer ဖြစ်လာမလဲ ဆိုတာသာ အေးအေးဆေးဆေး စောင့်ကြည့်နေရုံပါပဲ။