Facebook တွင် ကြော်ငြာခြင်း
Facebook ဟာ ကမ္ဘာတစ်ဝှမ်း အသုံးပြုသူသန်းပေါင်း ၁,၈၀၀ ကျော်ရှိတဲ့ အအောင်မြင်ဆုံး လူမှုကွန်ယက်တစ်ခုပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက်အသုံးပြုသူဦးရေတိုးတက်များပြားလာတာနဲ့ အမျှ Facebook ကွန်ယက်ကို အသုံးပြုပြီး ကြော်ငြာခြင်းမျိုးဟာလဲ အထူးခေတ်စားလာပါတယ်။ ကျနော်တို့ Agency က Facebook ကိုအသုံးချပြီး လူကြီးမင်းရဲ့လုပ်ငန်း ထိရောက်အောင်မြင်မှုအရှိဆုံး ဖြစ်အောင် အကြံပြုဝန်ဆောင်မှုပေးပါတယ်။
၁) Facebook မှာ ကိုယ့်ရည်ရွယ်တဲ့၊ Customer အုပ်စု (အသက်အရွယ်၊ ကျား/မ၊ စိတ်ဝင်စားမှုနဲ့ ဝါသနာ၊ နေရပ်ဒေသ၊ နိုင်ငံ ကိုသာ) စသည်ဖြင့် Target ထားကြော်ငြာနိုင်ပါတယ်။
၂) Facebook မှတဆင့် Customer ကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့အတွက် ကိုယ့်ရဲ့လုပ်ငန်းအတွက် ယုံကြည်မှုတိုးပွားစေပါတယ်။
၃) အခါအားလျော်စွာပြုလုပ်အပ်သော အထူးလျော့စျေးများ၊ အခမ်းအနားများကို ကိုယ့်ရဲ့ Facebook Page ကနေတစ်ဆင့်၊ Customer များနဲ့ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နေနိုင်ပါတယ်။
၄) ကြော်ငြာမှတစ်ဆင့် ကိုယ်ရဲ့ Page ကို တစ်ကယ့် “like” တွေ “share” တွေများပြားလာစေတဲ့အတွက် Facebook Inc ရဲ့ယုံကြည်မှုကို တိုးပွားလာစေပါတယ်။
၅) ကိုယ့်ရဲ့ Facebook ကြော်ငြာကို Computer Desktop / Laptop တွေမှာသာတွေ့ ရမှာမဟုတ်ဘဲ၊ အထူးများပြားလာတဲ့ Smart Phone, Tablet တွေမှာပါတွေ့ မြင်ရပါတယ်။
၆)Facebook ကြော်ငြာဟာ လူကြီးမင်းအတွက် အထူးထိရောက်တဲ့ ကြော်ငြာခြင်း မျိုးဖြစ်နိုင်ပါတယ်။ အကြောင်းမှာ မြန်မာနိုင်ငံ Internet သုံးစွဲသူအများစုဟာ Facebook ကိုသုံးစွဲကြလို့ ပါပဲ။