GDN & Remarketing

GDN (Google Display Network) ဝန်ဆောင်မှု

တစ်ချို့ Website နဲ့ Mobile Application တွေမှာ နှဖူးစီးရုပ်ပုံ၊ ဆိုဒ်စုံ၊ ဒီဇိုင်းစုံနဲ့ ကြော်ငြာ (Banner) လေးတွေ မြင်ဖူးကြမှာပါ။ အဲဒါကို Display Banner Marketing လို့ခေါ်ပါတယ်။ လူအများစုမြင်အောင် အချိန်ပြည့် ကြော်ငြာနိုင်တဲ့အတွက် Promotion တွေ၊ Branding တွေ လုပ်ချင်သူတွေအတွက် အထူးပင်ကောင်းတဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ ကိုယ့်ကြော်ငြာကို ကိုယ့် Customer အုပ်စုကိုပဲဦးတည် ကြော်ငြာနိုင်တဲ့အတွက်လဲ ကြော်ငြာစရိတ်တွေလေလွင့် ဖိတ်စင်ခြင်းမျိုးလဲ မရှိပါဘူး။

“ ဤပုံမှာ ဥပမာပေးရုံသက်သက်ဖြစ်သည်။”


Remarketing ဝန်ဆောင်မှု

Remarketing ဆိုတာကတော့ နည်းပညာအရ Display Banner ထက် တစ်ဆင့်ပိုမြင့်တဲ့ ကြော်ငြာခြင်းမျိုးပါ။ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ကိုယ့်ရဲ့ Website ကိုတစ်ခေါက်လာလည်ဖူးသူရဲ့နောက်ကို ကိုယ့်ရဲ့ (Banner) ကြော်ငြာ တောက်လျှောက်လိုက်လံပြသ ကြော်ငြာနိုင်ခြင်းမျိုးဖြစ်ပါတယ်။ ကျနော်တို့ Agency မှ လူကြီးမင်းရဲ့ စီးပွားရေးလုပ်ငန်းအတွက် Banner/ Remarketing ဝန်ဆောင်မှုကို စိတ်တိုင်းကျသည်အထိ ဝန်ဆောင်မှုပေးပါတယ်။

Comments are closed.