SEM (သို့) PPC (သို့) Google Adwords

SEM (Search Engine Marketing) (သို့) PPC (Pay Per Click) (သို့) Google Adwords Advertising ဆိုသည်မှာ ကိုယ့်ရဲ့ကြော်ငြာကို တစ်စုံတစ်ယောက်က Click နှိပ်လိုက်တိုင်း ကြော်ငြာရှင် (Website ပိုင်ရှင်) က Google သို့ ပိုက်ဆံပေးချေရသော ကြော်ငြာခြင်းမျိုးဖြစ်ပါတယ်။ ချက်ချင်းလက်ငင်းရလာဒ် ကိုအဓိကထားသူတွေအတွက် အထိရောက်ဆုံး ကြော်ငြာခြင်းမျိုးဖြစ်ပါတယ်။


ဘာ့ကြောင့် SEM လိုအပ်လဲ

Pay Per Clickအဖြေကတော့ ရှင်းပါတယ်။ Customer တွေက ရှာတဲ့အခါ ကိုယ့် Website ကြော်ငြာဟာ Google ရဲ့ ထိပ်ဆုံးစာမျက်နှာမှာ ချက်ချင်း ပေါ်လာမှာပါ။ အဲဒီအခါ Click နှိပ်ပြီး Website ကို ဝင်ရောက်ဖတ်ရှုမှာ ဖြစ်တဲ့အတွက် ကြည့်ရှုသူဦးရေတိုးတက်လာပြီး၊ အရောင်းတိုးမြင့်လာပါမယ်။

SEM ရဲ့ အားသာချက်ကတော့ ကြော်ငြာကို ကိုယ်တွေ့မြင်စေလိုတဲ့ Customer ကိုသာတွေ့ မြင်အောင်လုပ်ဆောင်နိုင်တဲ့အတွက် ကြော်ငြာစရိတ်အလေအလွင့် လုံးဝ မဖြစ်ပါဘူး။ နောက်ပြီးတော့ ကိုယ့်ရဲ့ကြော်ငြာက တစ်ကယ် Click အနှိပ်ခံရပြီး၊ Customer က Website ကို တစ်ကယ်ဝင်ရောက်ကြည့်ရှုမှသာ Click တစ်ချက်စာ ကျသင့်ငွေကို ပေးချေရမှာပါ။

SEO နှင့်မတူဘဲ ကိုယ်လိုချင်သော စကားလုံး (keyword) နဲ့ကိုယ့်ရဲ့ ဝက်(ဘ်)ဆိုက်ကို တမဟုတ်ချင်းဆိုသလို၊ မျက်စိတစ်မှိတ် လျှပ်တစ်ပျက်အတွင်း Google ရဲ့ ထိပ်ဆုံးစာမျက်နှာမှာ ပေါ်အောင်လုပ်ဆောင်နိုင်ပါတယ်။ အဆက်မပြတ်ဝင်လာမယ့် Customer တွေရဲ့ဖုန်းကို ဖြေဆိုဖို့သာ အသင့်ပြင်ထားလိုက်ပါ။


ရလာဒ် ဦးစားပေးသော SEM

Search Engine Marketing (PPC)လူကြီးမင်းရဲ့ PPC Campaign များကို Google အသိအမှတ်ပြုလက်မှတ်ရ ပညာရှင်များကိုယ်တိုင်သာ စီမံခန့် ခွဲခြင်းဖြစ်တဲ့အတွက် ပွင့်လင်းမြင်သာခြင်း၊ ကိုယ်လိုချင်တဲ့ Customer အမျိုးအစားကိုသာ အဓိကထားဦးတည်ရွေးချယ်နိုင်ခြင်း၊ ကုန်ကျစရိတ် သက်သာစွာဖြင့် အောင်မြင်ထိရောက်စွာကြော်ငြာနိုင်ခြင်း အကျိုးကျေးဇူးများ ဖြစ်ထွန်းစေပါတယ်။

လူကြီးမင်းရဲ့ Online Marketing ထည့်ဝင်ရင်းနှီးမှုထက် ထိုက်တန်သာလွန်တဲ့ ရလာဒ်ကောင်းဖြစ်လာဖို့ ကျနော်တို့ SEOMyanmar က အပြည့်အဝတာဝန်ယူပါတယ်။ အင်တာနက်ခေတ်မှာ လူကြီးမင်းရဲ့ ပြိုင်ဘက်ဟာ (Click) တစ်ချက်စာအကွာအဝေးမှာ အမြဲတမ်းရှိနေတယ်ဆိုတာကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ ကျနော်တို့ Agency မှ လူကြီးမင်း Website အတွက် SEM ဝန်ဆောင်မှုကို အာမခံနဲ့ လုပ်ဆောင်ပေးနိုင်ပါတယ်။

စဉ်းစားတွေဝေခြင်းဟာ နှောင့်နှေးကြန့်ကြာမှုကို ဖြစ်ပေါ်စေပါတယ်။ ကဲ .. အခုပဲ SEOMyanmar – (01) 2303270 ကိုဆက်သွယ်လိုက်ကြပါစို့။