ပြောင်းလဲတိုးတက်လာပြီဖြစ်တဲ့ ကျနော်တို့ရဲ့မြန်မာနိုင်ငံမှာ အင်တာနက်နဲ့နည်းပညာတိုးတက်မှုက စီပွားရေးဖွံ့ ဖြိုးမှုအတွက် အဓိကကျတဲ့ကဏ္ဍ တစ်ရပ် ဖြစ်လာပါတယ်။ Digital Marketing ဟာ ဒီနေ့ ခေတ်လုပ်ငန်းများအတွက် အောင်မြင်မှုရဲ့အဓိကအုတ်မြစ်လို့ ဆိုရလောက်အောင်ကိုပဲ အင်တာနက်သုံးစွဲသူများဟာလဲ တစ်ရှိန်ထိုးတိုးတက်များပြားလာပါတယ်။
“ SEO ဟာ သမားရိုးကျ ကြော်ငြာစရိတ်နဲ့ နှိုင်းယှဉ်ရင် ကုန်ကျစရိတ်အသက်သာဆုံး၊ ထိရောက်မှုအရှိဆုံးသော ရေရှည် Internet Marketing လမ်းကြောင်းဖြစ်ပါတယ်။”
စစ်တမ်းအရ ဂူးဂဲ(လ်) အသုံးပြုသူဦးရေ ၉၀% နဲ့အထက်ဟာ ထိပ်ဆုံးစာမျက်နှာမှာပေါ်တဲ့ Website တွေကိုသာ ကြည့်ရှုကြပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့်ရဲ့ရှာဖွေမှု စကားစုနဲ့ ဆီလျော်မှုအရှိဆုံးရလာဒ်လို့ ယူဆကြလို့ပါ။ အချိန်နှင့် အမျှ ထောင်သောင်းပေါင်းမြောက်များစွာသော Website အသစ်တွေ ပေါ်ထွက်နေသော်ငြား ဂူးဂဲ(လ်) ရဲ့ ထိပ်ဆုံးစာမျက်နှာမှာတော့ အကောင်းဆုံးနဲ့အဆီလျော်ဆုံးရလာဒ် (၁၀) ခုကိုသာဖော်ပြပါတယ်။ ကိုယ့်လုပ်ငန်း တိုးတက်အောင်မြင်မှုအတွက် လူကြည့်များတဲ့ ထိပ်ဆုံးစာမျက်နှာမှာ ကိုယ့်ရဲ့ဝက်(ဘ်)ဆိုက် တစ်နေရာစာပါဝင်စေဖို့ဤမျှအရေးကြီးလှပါတယ်။
ကိုယ့်ရဲ့ Website ကိုရှာမတွေ့နိုင်ခဲ့ရင် သူတို့ရှာတွေ့ တဲ့ကိုယ့်ရဲ့ပြိုင်ဘက်တွေဆီကိုပဲ ရောက်သွားမှာဖြစ်တဲ့အတွက် လူကြီးမင်းအတွက် အင်မတန်မှကြီးမားတဲ့ ဆုံးရှုံးမှုကြီးအချိန်နှင့်အမျှ ဖြစ်ပေါ်နေတယ်ဆိုတာ သတိရပါ။။ ထပ်တိုးဆုံးရှုံးမှုများ မရှိစေဘဲ ပြိုင်ဘက်တွေထက်ခြေတစ်လှမ်းသာတဲ့ လက်ဦးမှုကို SEOMyanmar နဲ့အတူ ရယူလိုက်ပါစို့။