Categories: Blog

Social Media Marketing အပေါ်လွဲမှားနေသောအယူအဆများ


ယနေ့ခေတ်မှာ Social Media Marketing ဟာစီးပွားရေးလုပ်ငန်းတွေအတွက် ထိပ်ဆုံးကရပ်တည်နေတဲ့ Marketing ဗျူဟာတခုပဲဖြစ်ပါတယ်။လုပ်ငန်းရှင်တွေရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ် ဝန်ဆောင်မှုစတာတွေကို လိုချင်တဲ့စျေးကွက်သို့ရောက်ရှိပြီး Customer တွေနဲ့လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံနိုင်ရန်၊ ထုတ်ကုန်နှင့်ဝန်ဆောင်မှုတွေကိုမြှင့်တင်နိုင်ရန်အတွက် Social Media Marketing ဟာမရှိမဖြစ်လိုအပ်နေပါပြီ။

ဒါပေမဲ့လည်းသင့်ရဲ ့ Social Media Marketing နဲ့ပတ်သက်ပြီးနှောင့်နှေးစေမယ့် လွဲမှားတဲ့အယူအဆတွေ ရှိနေပါသေးတယ်။

1. Likes & Followers အပေါ်အလွန်အကျွံ ဂရုစိုက်ခြင်း

အချို့သော လုပ်ငန်းရှင်တွေဟာ သူတို့လုပ်ငန်းရဲ့ Social Media Account တွေမှာ Like နဲ့ Follower များဖို့အဓိကလိုအပ်တယ်ထင်ပြီး အလွန်အကျွံဂရုစိုက်လေ့ရှိပါတယ်။ တကယ်တော့ Like တွေ Follower တွေရတိုင်း Customer အသစ်တွေတိုးလာတာမဟုတ်ပါဘူး။ အဲ့ဒီ Follower တွေဟာသင့်ရဲ့ Brand အပေါ်စိတ်ဝင်စားတယ်လို့တသမတ်တည်းမှတ်လို့မရနိုင်ပါဘူး။ တကယ်လိုအပ်တာက Engagement ကိုအာရုံစိုက်ဖို့လိုအပ်တာပါ။ သင့်ရဲ့ Like တွေ Follower တွေဟာသင့်ရဲ့ Content အပေါ်ယုံကြည်မှု စိတ်ဝင်စားမှု စတာတွေကိုရရှိရန်အတွက် အရင်တည်ဆောက်ဖို့လိုတာပါ။ “Quality Over Quantity” ဆိုတဲ့အတိုင်း အရည်အသွေးဟာအရေအတွက်ထက်ပိုအရေးကြီးပါတယ်။

2. Social Media ဆိုတာအခမဲ့လို့ယုံကြည်နေခြင်း

Facebook, Twitter, Instagram စတာတွေမှာ Account ဖွင့်တာ Sign Up လုပ်ပြီး Post တင်တာတွေဟာ Free ဆိုပေမဲ့ Social Media Marketing ဆိုတာ အခမဲ့ လွယ်လွယ်ကူကူ လုပ်ယူလို့မရပါဘူး။ Social Media Marketing ကိုအသုံးချတော့မယ်ဆိုလျင် သင့်ရဲ့အချိန်ကို ရင်းနှီးမြှုပ်နှံရပါလိမ့်မယ်။ သင့်ရဲအချိန်တွေ ကို Research, Effort, Refinement စတာတွေ အတွက် အသုံးချရပါမယ်။ ကိုယ့်ရဲ့ Social Media Campaign အတွက် Customer တွေရဲ့အာရုံစူးစိုက်မှုရရှိအောင် ကြိုးစားအားထုတ်ဖို့အတွက် အချိန် တွေအများကြီးလိုအပ်ပါတယ်။

3. Social Media Platform တိုင်းမှာ Active ဖြစ်ဖို့လိုအပ်တယ်လို့တွေးခြင်း

သင့်ရဲ့ Business အတွက် Social Media Account တိုင်းမှာ Active ဖြစ်ဖို့ကြိုးစားနေခြင်းဟာ တစ်ခါတစ်ရံမှာ အချိန်ကုန်လူပင်ပန်းဖြစ်တတ်ပါတယ်။ သင့်ရဲ့ Target Audience တွေ ဆီကိုရောက်ဖို့အတွက် သင့်မှာရှိသမျှ Account တွေတိုင်းကိုလိုက်ပြီး Manage လုပ်ဖို့အချိန်တွေကုန်ဆုံးနေတာဟာ အချည်း အနှီး ပါပဲ။ ကိုယ့်အတွက်အကောင်းဆုံး Result ရရှိတဲ့ Platform ကိုရွေးချယ်အချိန်ပေးပြီး Manage လုပ်ပါ။

4. Audience တွေအလိုအလျောက်ရလာမယ်ဟုတွေးခြင်း

ဆွဲဆောင်မှုရှိတဲ့ Content ကောင်းကောင်းရေးပြီးကြော်ငြာတာဟာစစ်မှန်တဲ့ Audience တွေအလို အလျောက် လာမယ်ဆိုပေမဲ့ ဒီအချက်ဟာလဲအလုံးစုံတော့မမှန်ကန်ပါဘူး။ တစ်ခါတစ်ရံ မှာသင့်ရဲ့ Content ကို Promote လုပ်ဖို့လဲလိုအပ်ပါတယ်။တစ်ခါတစ်ရံသင့်ရဲ့ Content ကို Audience တွေမြင်အောင် Boost လုပ်တာမျိုးတွေလည်းလိုအပ်ပါတယ်။

ဒါကြောင့် Social Media Marketing ဟာ ကုန်ကျစရိတ်သက်သာပြီး Audience တွေနဲ့ဆက်သွယ်ဖို့ အကောင်းဆုံးအထိရောက်ဆုံးနည်းလမ်းဆိုပေမဲ့ လွဲမှားနေတဲ့ရှောင်ရှားသင့်တဲ့အချက်တွေကိုရှောင်ရှားပြီး အကျိုးရှိရှိအသုံးချနိုင်မှသာသင်လိုချင်တဲ့ရည်ရွယ်ချက်ကိုရောက်ရှိပါလိမ့်မယ်။ လွယ်ကူတယ်လို့ထင်ကောင်း ထင်နိုင်ပေမဲ့ ထိထိရောက်ရောက်အသုံးချနိုင်ဖို့တော့ခက်ခဲပါလိမ့်မယ်။ လူကြီးမင်းတို့ရဲ့လုပ်ငန်းအတွက် Social Media Marketing နဲ့ပက်သက်ပြီး ဝန်ဆောင်မှုရယူလိုပါက ကျွန်တော်တို့ SEOMyanmar မှ လည်း  ဝန်ဆောင်မှုပေးနေပါတယ်။

Ref – prdaily

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago