ယနေ့ခေတ်မှာ Graphic Design တွေက အများသူထက်သာထက် မသာနေရင်တောင် မနိမ့်နေဖို့က အရမ်းကို အရေးကြီးလာပါတယ်။ ဒီလိုမျိုးတွေကလည်း ခေတ်နဲ့အညီ အသားကျမယ့် Graphic Design တွေဖြစ်နေဖို့လိုအပ်ပါတယ်။ ဒါကြောင့် ယခုလက်ရှိ Social Media Platform တွေမှာအသုံးဝင်နေတဲ့ Graphic Design Tip အချို့ကို ဖော်ပြပေးချင်ပါတယ်…

 

Texture တွေအသုံးပြုပါ

Graphic မှာ Texture တွေထည့်သုံးရင် အဓိပ္ပါယ်ကို ပိုမိုလေးနက်စေတဲ့ သဘောရှိပါတယ်။ Social Media Design တွေမှာ Interest ပိုကောင်းချင်ရင် Paper, Fabric, Metal အစရှိတဲ့ Texture တွေကိုသုံးပြီး Graphic ဖန်တီးပေးနိုင်ပါတယ်။ 

 

Gradient ထည့်သုံးပါ

Gradient သုံးထားတဲ့ Graphic Design တွေက Audience တွေရဲ့ အမြင်အာရုံကို ပိုပြီးဖမ်းစားနိုင်ပါတယ်။ Gradient ပါတဲ့ Graphic တွေက အရောင်တွဲဆက်မှုကောင်းရင် ကောင်းသလို ပိုပြီး ကြည့်ရတာ နှစ်လိုဖွယ်ကောင်းတာကိုလည်း တွေ့ရပါတယ်။

 

Template တွေအသုံးပြုပါ

သင့်လုပ်အတွက် အကောင်းဆုံးဖြစ်တဲ့ Design နဲ့ Style တွေကို Template သတ်မှတ်ထားပါ။ နောက်ပြီးတော့ သင့်လုပ်ငန်းအတွက် Performance အထွက်ဆုံး Graphic ကိုပြန်ပြီး အသုံးပြုရမှာ မကြောက်ပါနဲ့။ တစ်ပုံစံထဲပြန်သုံးရမှာ မကြိုက်ဘူးဆိုရင် Color ချိန်းပြီး သုံးကြည့်လို့ရပါတယ်။ 

 

Experiment ကိုသုံးသပ်ပါ

Audience အတွက်အကောင်းဆုံးဖြစ်မယ့် Design တွေကို Different Testing အမြဲလုပ်ပေးပါ။ ပုံစံမတူတဲ့ Layout, Design, Style တွေကို စမ်းသပ်အသုံးပြုခြင်းက အမြင်သစ်တွေဖြစ်ပေါ်စေတဲ့အတွက် လုပ်ငန်းအတွက်လည်း ရလဒ်အသစ်အစမ်းတွေ ရရှိနိုင်ပါတယ်။

 

ဒီဖော်ပြပေးခဲ့တဲ့ Graphic Tip တွေက မိတ်ဆွေတို့ Social Media မှာ Graphic အသုံးပြုတဲ့အခါတွေမှာ ပိုပြီး Effective ဖြစ်လာနိုင်စေမယ့် Tip အချို့ပဲ ဖြစ်ပါတယ်။

Leave a Reply

social sharing buttons