Email ပို့တဲ့အခါမှာ Client တွေကိုပို့ဖို့ Email တစ်စောင်ကို ပြည့်ပြည့်စုံစုံပြင်ဆင်ပြီး ဘယ်အချိန်ပို့လျင်ထိရောက်ပြီး Client တွေရဲ့တုံ့ပြန်မှုကောင်းကောင်းရနိုင်မလဲဆိုတာကို အမြဲစဉ်းစားမိကြမှာပါ။ယခုဖော်ပြပေးမှာက Email Marketing Company တစ်ခုကနေပြီး စနစ်တကျ စစ်တမ်းကောက်ယူထားတဲ့ Email ပို့ရန်အကောင်းဆုံးအချိန်နဲ့ အဆိုးဆုံးအချိန်တွေကိုဖော်ပြပေးပါမယ်။
9am-10am
မနက် 9 နာရီကနေ 10 နာရီအချိန်ကတော့ Email ပို့ရန်သင့်တော်တဲ့အချိန်ထဲမှာပါဝင်ပါတယ်။လုပ်ငန်းခွင်ရဲ့ တစ်နေ့တာ စတင်ချိန်ဖြစ်ပြီး Consumer တွေဟာ ဒီအချိန်မှာ မည်သည့်Email ကိုမဆို Check လုပ်လေ့ရှိပြီးအခြားသော ကိစ္စရပ်တွေကို စိတ်ပါဝင်စားစွာ တုံ့ပြန်တတ်ပါတယ်။
10am-12am
ဒီကြားကာလအချိန်ကတော့ Email မပို့သင့်တဲ့အချိန်ထဲမှာပါဝင်ပါတယ်။ဒီအချိန်မှာ နေ့တစ်ဝက်စာအလုပ်တွေအပေါ်အပြီးသတ်ဖို့အာရုံစိုက်နေကျချိန်ဖို့ ကိုယ်ပို့လိုက်တဲ့ Email ဟာ လျစ်လျူရှုခြင်းကိုခံရနိုင်ပါတယ်။
12pm-2pm
ဒီအချိန်ကတော့ Lunch time အချိန်ဖြစ်လို့မပို့သင့်တဲ့အချိန်ထဲမှာပါဝင်ပါတယ်။လုပ်ငန်းခွင်ပြန်လည်စတင်ခဲ့ရင်တောင် Email ကိုဖွင့်ဖို့ထက်အခြားသော အရာတွေကိုသာပြုလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။
2pm-6pm
ဒီအချိန်မှာတော့ အလုပ်အပေါ်အာရုံပြန်စိုက်ရတဲ့အချိန်ဖြစ်ပြီး အလုပ်အများဆုံးအချိန်လဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာတော့ Marketing Email ဒါမှမဟုတ် Promotion နဲ့သက်ဆိုင်တဲ့ Email တွေထက် ရုံးတွင်းအလုပ်နဲ့သက်ဆိုင်တဲ့ Email တွေကိုပိုမိုအာရုံစိုက်မှာဖြစ်ပါတယ်။လုပ်ငန်းခွင်နဲ့သက်ဆိုင်သော Email တွေကိုဒီလိုအချိန်မှာပေးပို့တာအသင့်တော်ဆုံးဖြစ်ပါတယ်။
6pm-10pm
ဒီအချိန်ကတော့ ကိုယ်ပိုင်အချိန်ဖြစ်တဲ့အတွက် Promotion နဲ့သက်ဆိုင်တဲ့ Email တွေ Marketing Email စတဲ့ Email တွေကိုအေးအေးဆေးဆေး ဖတ်ရှုနိုင်တဲ့အတွက် ဒီအချိန်မှာ အရောင်းကြော်ငြာနဲ့ဆိုင်တဲ့ Email တွေကိုပေးပို့သင့်ပါတယ်။
ဒီအချိန်တွေကတော့ Email တဲ့အခါတွေမှာ သိထားသင့်တဲ့ အချိန် အပိုင်းအခြားတွေပဲ ဖြစ်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …