YouTube ရဲ့ Growth ဖြစ်လာနှုန်းက တော်တော်လေးကို မြန်တယ်လို့ ပြောလို့ရတဲ့ အထဲမှာ ပါဝင်ပါတယ်။ ပြီးတော့ ကမ္ဘာ့ နံပတ် (၂) အကြီးဆုံး Social Media Platform တစ်ခုလဲ ဖြစ်ပါတယ်။ ဒီ Platform ပေါ်မှာ လုပ်ကိုင်ပြီး ဝင်ငွေသန်းနဲ့ချီပြီး ရရှိသွားတဲ့ YouTuber တွေလဲရှိနေကြသလို ပုံမှန် ဝင်ငွေရရှိနေတဲ့ YouTuber တွေလဲ အမြောက်အများရှိပါတယ်။ YouTube Channel တွေ Growth ဖြစ်လာအောင် အထောက်အကူပြုပေးတဲ့ Tools တွေလဲ များစွာပေါ်ပေါက်လာတယ်။ ဒီလို Tool တွေအများကြီးရှိတဲ့ အထဲကနေ သင်တို့ရဲ့ YouTube Channel ကို ပိုမို Growth ဖြစ်လာစေမယ့် Tool အချို့ကို Sharing လုပ်ပေးသွားချင်ပါတယ်…

 

TubeBuddy
ဒီ Tool ကတော့ လူကြိုက်များတဲ့ Feature တွေပါဝင်တဲ့ Tool တစ်ခုပဲဖြစ်ပါတယ်။ ဒီ Tool ကိုဘာလို့ကြိုက်ကြလဲဆိုရင် သူက Free အသုံးပြုနိုင်တဲ့ Extension တစ်ခုဖြစ်လို့ပါပဲ။ သင့်ရဲ့ YouTube Channel ကို Manage ကောင်းကောင်းလုပ်နိုင်စေတဲ့ Feature တွေပါဝင်ပါတယ်။ ဒီ Tool ကိုသုံးပြီး နောက်တယ်လုပ်နိုင်တာတွေကတော့ Tag, Title, Thumbnail, Description တွေကို အရင် Testing လုပ်ကြည့်နိုင်တာပဲ ဖြစ်ပါတယ်။

 

vidIQ
ဒီ Tool ကတော့ သင့်ရဲ့ YouTube Channel ကိုအကောင်းဆုံး Analysis လုပ်နိုင်စေမယ့် Tool တစ်ခုဖြစ်ပါတယ်။ သင့် Channel ထဲက ဘယ် Content ကိုဘယ်သူတွေကြည့်နေလဲဆိုတာကိုပါ Detail Analysis လုပ်နိုင်မှာ ဖြစ်ပါတယ်။ Keyword Score, Views နဲ့ Search Metric တွေကို Monitor လုပ်နိုင်ပါသေးတယ်။

 

Camtasia
ဒီ Tool ကတော့ သင့် Channel မှာတင်မယ့် Content တွေကို ဖန်တီးတဲ့အခါမှာ အသုံးဝင်စေမယ့် Tool တစ်ခုဖြစ်ပါတယ်။ ဥပမာ – သင်က Tutorial Video ပုံစံ Content တွေဖန်တီးဖို့ဆိုရင် Screen Record လုပ်ဖို့လိုပါလိမ့်မယ်၊ Screen Record လုပ်တဲ့အခါမှာ အခြား Software တွေလဲမစသုံးချင်ဘူး ဖုန်းတွေ Camera တွေလဲ မသုံးချင်ဘူးဆိုတဲ့အခါမျိုးမှာ ဒီ Camtasia ကိုသုံးနိုင်ပါတယ်။ ဒီ Tool က Screen Record လုပ်ရုံသာမက Edit လုပ်ထားတွေ Effect ထည့်တာမျိုးတွေကိုပါ လုပ်နိုင်ပါသေးတယ်။

 

ဖော်ပြပေးခဲ့တဲ့ Tool တွေကတော့ သင့် YouTube Channel ကို Growth ဖြစ်လာစေမယ့် Tool တွေဖြစ်ပြီး စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် Tool Name လေးတွေကိုနှိပ်ပြီး စမ်းသပ်နိုင်ပါတယ်။

Leave a Reply

social sharing buttons