Categories: Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

 

ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။ Visual နည်းပညာနဲ့တိုးတက်မှုအမြန်ဆုံးဖြစ်တဲ့ Social Networking Platform ဟာ Instagram နဲ့ Snapchat ဖြစ်ပြီး Texting ကိုအခြေခံထားတဲ့ Social Network ဟာ Twitter ပါ။ ဒါပေမဲ့ Twitter မှာလည်း Image, Gifs နဲ့ Video တွေဟာ ခေတ်စားလာပါပြီ။ ယခုဖော်ပြပေးမှာကတော့ Visual Content တွေရဲ့ Digital Marketing အတွက်အရေးပါပုံနဲ့ အားသာချက်တွေ ကိုဖော်ပြပေးလိုပါ တယ်။

1)Visual content တွေဟာပိုပြီးမှတ်မိလွယ်စေပါတယ်။ မိမိပြောဆိုလိုတဲ့အကြောင်းအရာကို နှုတ်မှပြောတာ စာဖြင့်ရေးသားတာတွေက ယခင်ထဲကအသုံးချလာတဲ့နည်းလမ်းတွေဖြစ်ပြီး တကယ်လည်းထိရောက်ခဲ့တာပါပဲ။ ယခုခေတ်မှာတော့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ မိမိ ကုန်ပစ္စည်း ဝန်ဆောင်မှုစတာတွေကို Image တွေ Video တွေကနေတဆင့်ဖော်ပြခြင်းဟာ လူတွေရဲ့အမြင်အာရုံစိုက်မှုကိုပိုမိုရရှိစေပြီး လူတွေဟာ သာမာန် ရေးထားတဲ့စာကိုဖတ်ရတာထက် Image တွေ Video တွေနဲ့ဝေဝေဆာဆာတွဲဖက်ဖော်ပြထားတဲ့ အကြောင်းအရာကိုပိုပြီး ဂရုတစိုက် အချိန်ပေးကြည့်ရှုပါတယ်။ ဥပမာ – ပြောရမယ်ဆိုရင် သင့်ရဲ့ Customer ကို သာမာန် Text တွေပဲရေးထားတဲ့စာတစ်ဆောင်ပို့လိုက်ခြင်းထက် Visual တွေနဲ့ဝေဝေဆာဆာဖော်ပြရေးသားထားတဲ့ Email တစ်ဆောင်ဟာ ပိုပြီးစိတ်ဝင်စားခြင်းခံရပါတယ်။

2)Visual content ဟာလူတွေရဲ့ Share လုပ်ခြင်းကိုပိုရစေပါတယ်။ Image နဲ့ တွဲပြီးဖော်ပြထားတဲ့ Content တွေဟာ အခြားရိုးရိုး Content ထက် ၉၀% ပိုပြီး Sharing လုပ်ခြင်းကိုရစေပါတယ်။ Social media မှာရှိတဲ့ Infographic တွေဟာ သာမာန် Content တွေထက် သုံးဆပိုပြီး User တွေရဲ့ Like and Share လုပ်ခြင်းကိုရစေပါတယ်။ User တွေဟာ Image တွေ Infographic တွေမှာလှလှပပ ဆန်းသစ်ပြီး ဖော်ပြထားတဲ့စာတွေကို သာမာန် Text only ရေးသားထားတဲ့စာထက်ပိုပြီး စိတ်ဝင်တစား ဖတ်ရှုပြီး Share လုပ်ချင်ကျပါတယ်။

3)Visual content ဟာပိုမိုနားလည်လွယ်ပြီး မိမိဆိုလိုရင်းကိုထိရောက်စေပါတယ်။You tube မှာတင်ထားတဲ့ How to ဆိုပြီး ရှင်းပြထားတဲ့ Video တွေအလွန်ခေတ်စားပြီး လူတွေအတွက်ပိုပြီးနား လည်လွယ်ပါတယ်။ သာမာန်ရေးသားထားတဲ့ ရှင်းလင်းချက်ထက် Visual Image တွေ Video ကနေ ဝေဝေဆာဆာရှင်းလင်းချက်တွေက လူတွေအတွက်ပိုပြီးနားလည်လွယ်စေပါတယ်။ လေ့လာချက်တွေအရ လူတွေဟာ Product အကြောင်းရှင်းလင်းထားတဲ့ Videoclip တွေကြည့်ရခြင်းကို စာဖြင့်ဖတ်ရခြင်းထက် လေးဆပိုမိုနှစ်သက်တယ်လို့ဆိုပါတယ်။

ယခုဖော်ပြတဲ့အချက်တွေဟာ လူတိုင်းသိတဲ့အချက်တွေဆိုပေမဲ့ Social Media Marketing ဟာ ထင်သလောက်မလွယ်ကူပါဘူး။ ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို Customer တွေနားလည်လွယ်အောင် စိတ်ဝင်စားလာအောင်ပြုလုပ်နိုင်ဖို့ဆိုတာအလွန်အရေးပါတဲ့အတွက် ယခုအကြောင်းအရာတွေကနေတစ်ဆင့် လေ့လာနိုင်ရန်ဖော်ပြလိုက်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago
  • Blog

Shopping Season အတွက် IG Tips ၃ ချက်

နှစ်တစ်နှစ်ရဲ့ Shopping Season တွေရောက်တဲ့အခါမှာ Visual အသားပေး Social Media တွေက Shop တွေအတွက် အသုံးပြုသင့်တဲ့ Digital Platform တွေပဲ ဖြစ်ပါတယ်။ Visual အသားပေး Social Media…

2 နှစ် ago